Latest News

Thursday, March 9, 2017

လောက်ကိုင်မြို့အနီး တိုက်ပွဲများ ဆက်ဖြစ် မြို့တွင်းပိတ်မိနေသော အရပ်သားများရှိနေဆဲ

လောက်ကိုင်မြို့အနီး တိုက်ပွဲများ ဆက်ဖြစ် မြို့တွင်းပိတ်မိနေသော အရပ်သားများရှိနေဆဲ


 လောက်ကိုင်မြို့ တိုက် ခိုက်ခံရပြီး လေးရက်မြောက်တွင် မြို့အနီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး လောက်ကိုင်မြို့အ တွင်း အရပ်သားများပိတ်မိနေဆဲ ဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

တပ်မတော်စခန်းအချို့နှင့် ရဲစခန်း အပါအ၀င် လောက်ကိုင်မြို့ အဓိကနေရာအချို့ကို MNDAA အဖွဲ့က မတ်လ ၆ ရက် နံနက်၌ စတင်တိုက်ခိုက်ခဲ့ပြီး တရုတ်နိုင်ငံနှင့် ကပ်နေသော နယ်စပ်အနီးတွင် မတ်လ ၉ ရက် ညအထိ တိုက်ပွဲများ ဖြစ်ပွားနေ ကြောင်း စစ်ဘေးရှောင်များနှင့် ဒေသတွင်း လုံခြုံရေးတပ်ဖွဲ့များ ကပြောသည်။


‘‘မြို့ထဲကတော့ တိုက်ပွဲဖြစ် တဲ့ ၆ ရက်ကတည်းက ထိန်းချုပ် နိုင်တယ်။ ရန်လုံကျိုင်းအနားမှာ တော့ ပြင်းပြင်းထန်ထန်ဖြစ်နေ တယ်။ BP 127 လောက်ပေါ့။ သူ တို့က BP 123 နဲ့ 124 မှာရှိနေ တယ်။ ဒီနေ့ (မတ်လ ၉ ရက်) တစ်နေကုန် တိုက်နေတုန်းပဲ’’ဟု လောက်ကိုင်ဒေသမှ လုံခြုံရေး ဆောင်ရွက်နေသော အရာရှိတစ် ဦးက ပြောသည်။

 အရပ်သားများသည် လောက်ကိုင်မြို့တွင်း အဆောက် အအုံအချို့တွင် ခိုလှုံနေပြီ ကျေး ရွာများအတွင်း ဘေးလွတ်မည် ထင်သည့် နေရာများ၌ ဖြစ်သလို နေကြကြောင်း လောက်ကိုင်မှ လားရှိုးမြို့သို့ ရောက်ရှိလာသော ဦးသန်းထွန်းကပြောသည်။ ဦး သန်းထွန်းသည် မကွေးတိုင်းဒေ သကြီး မြို့သစ်မြို့ဇာတိဖြစ်ပြီး လောက်ကိုင်ဒေသတွင် ကြံခုတ် အလုပ်လုပ်ကိုင်နေရာမှ လုပ်ဖော် ကိုင်ဖက် ကိုးဦးနှင့်အတူ ထွက်ပြေးလာသူဖြစ်သည်။

‘‘လောက်ကိုင်မှာ ကျန်နေခဲ့ ရတဲ့သူတွေ တော်တော်များ တယ်။ တချို့က အလုပ်သမား ခေါင်းဆောင်တွေ တားထားလို့ နေကြရတာ။ တချို့ကလည်း လမ်းဘေးလေးတွေမှာလည်း တ ချို့ရှိတယ်။ လောပန်းတွေဆီမှာလည်း နေတဲ့သူတွေရှိတယ်။ မြို့ထဲက နေရာတွေမှာလည်း ခိုနေကြတာရှိတယ်’’ဟု ဦးသန်းထွန်း ကပြောသည်။

စစ်ဘေးရှောင်များကို ချင်း ရွှေဟော်မှ လားရှိုးသို့ ပို့ဆောင် နေသော လားရှိုးမြို့မှ လူမှုရေးအ ဖွဲ့များက လောက်ကိုင်မြို့တွင် ကျန်နေသူများကို ခေါ်ယူနိုင်ရန် ကူညီမည့်သူ လိုအပ်နေကြောင်း ပြောသည်။ ချင်းရွှေဟော်မြို့တွင် လည်း ကုန်ကားစီးရေ တစ်ရာ ကျော် ပိတ်မိနေပြီး ကုန်ကားများ ကုန်ချပြီးပါက လောက်ကိုင်ရှိ စစ် ဘေးရှောင်များကို သွားရောက် ခေါ်ယူပေးရန် နယ်စပ်ဂိတ်တာ ၀န်ရှိသူများက ညှိနှိုင်းအကူအညီ တောင်းခံခဲ့ကြောင်း ယာဉ်မောင်း များကပြောသည်။

လောက်ကိုင်မြို့ စတင် တိုက်ခိုက်ခံရသည့် မတ်လ ၆ ရက် ညနေကစကာ တိမ်းရှောင် လာသော စစ်ရှောင်အရေအတွက် သည် မတ်လ ၉ ရက် ညအထိ ၄,၀၀၀ ခန့်ရှိကြောင်း လားရှိုးမြို့ နယ် စစ်ဘေးရှောင်ကယ်ဆယ် ရေးကော်မတီမှ ဦးမောင်မောင် သန်းကပြောသည်။ စစ်ဘေး ရှောင်အများစုသည် မန္တလေးနှင့် မကွေးတိုင်းဒေသကြီးမှ ဖြစ်ပြီး ကွမ်းလုံ၊ လားရှိုးနှင့် မန္တလေးမြို့ မှ ဒေသခံ အရပ်ဘက်အဖွဲ့အ စည်းများနှင့် တာဝန်ရှိသူများက နေရပ်သို့ ပြန်ပို့နိုင်ရေး ဆောင် ရွက်နေကြောင်း ၎င်းကဆိုသည်။

 စစ်ဘေးရှောင်များအား လောက်ကိုင်မှ ကူညီသယ်ဆောင် ပေးလိုပါက လားရှိုးမြို့ စစ်ဘေးရှောင်ကယ်ဆယ်ရေး ကော်မတီ ဖုန်း ၀၉-၅၂၆၁၉၃၁၊ ၀၉-၉၆၀၇၈၀၇၇၇၊ ၀၉-၂၆၃၃၆၃၂၁၀၊ ၀၉-၇၉၀၂၀၁၂၂၅ သို့ ဆက်သွယ်နိုင်သည်။

 
7Day News Journal

No comments:

Post a Comment