Latest News

Friday, March 17, 2017

ဗြိတိန်နိုင်ငံကို အမေရိကန် ပြန်တောင်းပန်


ဗြိတိန်နိုင်ငံ ဟာအမေရိကန် သမ္မတဒေါ်နယ်ထရမ့် အပေါ် သူလျိုလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပက်သက်ပြီး အမေရိကန် နိုင်ငံက ဗြိတိန်နိုင်ငံကို ပြန်တောင်းပန်လိုက်ပါတယ်။
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးမက်မက်စတာနဲ့ဗြိတိန်ထောက်လှမ်းရေးအကြီးကဲတို့တွေဆုံချိန်မှာတောင်းပန်လိုက်တာပါ၊
အမေရိကန်နိုင်ငံက သူတို့ စပိုင်ဆိုတဲ့ စကား ဟာ ဗြိတိန်နိုင်ငံကိုရည်ရွယ်တာမဟုတ်ကြောင်း၊ ပြောပါတယ်။ အဆိုပါ ဗြိတိန်နိုင်ငံ က အမေရိကန်နိုင်ငံအပေါ် သူလျိုလုပ်နေတယ်ပြောဆိုချက်နဲ့ ပက်သက်ပြီး ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဟာ ဗြိတိန်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးကိုဆင့်ခေါ်ခဲ့ပါတယ်။
 မကြာသေးမီက ဖောက်သတင်းက ဗြိတိန် ထောက်လှမ်းရေးဟာ အမေရိကန် သမ္မတဒေါ်နယ်ထရမ့် ရဲ့ မဲဆွယ်စည်းရုံးရေးကာလအတွင်း ထရမ့်တာဝါကို ထောက်လှမ်းမှုတွေလုပ်နိုင်ဖို့ ကူညီခဲ့တယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။
 ဗြိတိန် ၀န်ကြီးချုပ် ထရီဆာမေက ဗြိတိန်နိုင်ငံအပေါ် အမေရိကန် ရဲ့ပြောဆိုချက်နဲ့ ပက်သက်ပြီး အမေရိကန်နိုင်ငံအပေါ် ဆန္ဒပြဖို့ တောင်းဆိုခဲပါတယ်။ ဗြီတိန်ဝန်ကြီးချုပ်မေရဲ့ ပြောရေးဆိုခွင့်ရှိသူကအမေရိကန်နိုင်ငံအနေဖြင့် နောက် ဘယ်တော့မှ ဗြိတိန်နိုင်ငံ အပေါ် သူလျူဆိုတဲ့အသုံးနှုန်းတွေ မသုံးနှုန်းဖို့ အာမခံတာတွေရှိခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံ ဟာ သမ္မတဟောင်းအိုးဘားမား လက်ထက်က အမေရိကန်နဲ့ ရင်းနှီးမှုတွေရှိခဲ့ပေမယ့် သမ္မတသစ်ဒေါ်နယ်ထရမ့်လက်ထက်မှာ အရင်လောက် နွေးထွေးမှုမရှိသေးဘူးလို့ သုံးသပ်မှုတွေရှိနေပါတယ်။ ref cnn
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည် 

No comments:

Post a Comment