Latest News

Tuesday, March 14, 2017

ဝန်ကြီးဌာန၏ လုပ်ငန်းလမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်း

ဝန်ကြီးဌာန၏ လုပ်ငန်းလမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်း

ပုသိမ် မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များအပေါ် ထပ်ဆင့် ရှင်းလင်းပွဲကို ပုသိမ်မြို့ မူလတန်းကြို ကျောင်းခန်းမ၌ မတ် ၉ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။

တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးတင်ဇော်မိုးက ရှင်းလင်းပြောကြားရာတွင် မတ် ၁ ရက်တွင် ဝန်ကြီးဌာန၏လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့် ရှင်းလင်းမည်ဖြစ်ကြောင်း၊ ဦးစီးဌာန အနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ ရေးနှစ်စီမံကိန်းအနေဖြင့် မူဝါဒ (၄)ရပ်၊ ရည်မှန်းချက် (၉)ရပ်ကို ဆောင်ရွက်မည့် အစီအစဉ် (၁၃၂)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် စီမံကိန်းအတွက် ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၏ ရက်(၁ဝဝ)အတွင်း ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစီမံချက်များ၊ ရက်(၁ဝဝ)အလွန် ခြောက်လလုပ်ငန်း စီမံချက်များအား ထပ်ဆင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မောင်မောင်မြင့် (ပြန်/ဆက်)

No comments:

Post a Comment