Latest News

Sunday, March 12, 2017

လင်နဲ့ မယား

လင်နဲ့ မယား

ယောက်ျား တစ်ယောက်နဲ့ မိန်းမ တစ်ယောက် တစ်ကုတင်ထဲမှာ အတူအိပ်နေကြတယ်။

အဲဒီအချိန်မှာ ခေါင်မိုးပေါ်ကို ကြောင်ခုန်ချတယ်။

“ဝုန်း”

အမျိုးသမီးက အမျိုးသားကို

“ထ … ထ … ဒုက္ခတော့ ရောက်ပြီ ထင်တယ် … ကျွန်မ ယောက်ျား ပြန်လာပြီလား မသိဘူး … ရှင် ပြေးတော့”

အမျိုးသားလည်း ကမန်းကတန်းထ။ ဘေးနားက ပြတင်းပေါက် ကိုဖွင့်။ အောက်ကို ခုန်ချ။ ပန်းခြံထဲမှာ ပုန်းနေရာက တစ်ခုခု သတိရလိုက်ပြီး အိမ်ရှေ့တံခါးကနေ အမျိုးသမီးရဲ့ အိပ်ခန်းထဲကို ပြန်ဝင်လာတယ်။

သူက အမျိုးသမီး အိပ်ချင်ယောင် ဆောင်နေတာကို ပုတ်နှိုးလိုက်ပြီး

“နေစမ်းပါဦး … ငါက မင်းယောက်ျားလေ … ဘာဖြစ်လို့ ပြေးခိုင်းရတာလဲ”

အမျိုးသမီးက စောင်ကိုဖွင့်ကြည့်လိုက်ပြီး

“အေးလေ … အဲဒါဆိုလည်း ရှင်က ဘာဖြစ်လို့ ပြေးဆိုတိုင်း ထွက်ပြေးရတာတုန်း”

(Run!)
Credit - မြန်မာ့ကာတွန်းနဲ့စာ

No comments:

Post a Comment