Latest News

Sunday, March 5, 2017

သခင်ဗဟိန်းရာပြည့်အထိမ်းအမှတ် ကမ္ပည်းကျောက်စာတိုင် စိုက်ထူမည်

သခင်ဗဟိန်းရာပြည့်အထိမ်းအမှတ် ကမ္ပည်းကျောက်စာတိုင် စိုက်ထူမည်


 သခင်ဗဟိန်း ရာပြည့် အထိမ်းအမှတ်အဖြစ် ၎င်း၏ ကမ္ပည်းကျောက်စာတိုင်ကို စိုက် ထူမည်ဖြစ်ကြောင်း သခင်ဗဟိန်း ရာပြည့်ကျင်းပရေးကော်မတီက မတ်လ ၅ ရက်တွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ သီတာ အေးရပ်ကွက်၊ နှင်းဆီလမ်းသွယ် ရှိ နိုင်ငံရေးအကျဉ်းသားဟောင်း များကွန်ရက် (အထက်ဗမာ ပြည်) ရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဇွန်လ ၆ ရက်တွင်ကျရောက် မည့် သခင်ဗဟိန်း၏နှစ်(၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ တမ္ပဝတီ၊ သူကြွယ် ကုန်းရပ်ရှိ အာဇာနည် ၁၇ ဦး၏ ဗိမာန်၌ရာပြည့်ပွဲ  ကျင်းပမည် ဖြစ်ပြီးထိုနေရာ၌ပင် ကမ္ပည်း ကျောက်စာတိုင်ကို စိုက်ထူမည် ဖြစ်ကြောင်း ရာပြည့်ပွဲကျင်းပရေး ကော်မတီမှ အဖွဲ့ဝင် မန္တလေး မြို့ခံ စာရေးဆရာ ဆူးငှက်က ပြောသည်။

‘‘အာဇာနည်ဗိမာန် ဝင်းထဲ မှာ သခင်ဗဟိန်းရဲ့ ရာပြည့် အထိမ်းအမှတ် ကမ္ပည်းကျောက် စာတိုင်ကို စိုက်ထူသွားမယ်။ ခမ်း ခမ်းနားနား စိုက်ထူသွားမယ်။ သခင်ဗဟိန်းဟာလည်း မြန်မာ့ လွတ်လပ်ရေးမှာ အဓိကကျခဲ့ တယ်။ သူ့ရဲ့ရုပ်ဝတ္ထုအပိုင်းအစ ထက် သူ့ရဲ့စိတ်ဓာတ်ကို အသိ အမှတ်ပြုရမယ်။ သူ့ရဲ့ အုတ်ဂူ တည်ရှိရာကိုလည်း မျက်ခြည်မ ပြတ် စောင့်ကြည့်ပြီး ရှာနေတယ်။ ကျွန်တော်တို့မှာ အချက်အလက် တချို့လည်း ရထားတယ်။ သူ့ရဲ့ အုတ်ဂူတည်ရှိရာကို သေချာပြီ ဆိုရင် ရှာဖွေသွားမယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မတ်လ ၂ ရက်က မန္တလေး မြို့ မဟာအောင်မြေကျောက်မျက် ရတနာဈေးအနီးရှိ သခင်ဗဟိန်း အုတ်ဂူနေရာဟု ယူဆရသော နေ ရာအား မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီနှင့် ရာ ပြည့်ပွဲ ကျင်းပရေးကော်မတီတို့ က ရှာဖွေခဲ့ပြီး သတင်းအချက်အ လက်မတိကျ၍ မတွေ့ရှိကြောင်း၊ လက်ရှိတွင်  အုတ်ဂူရှာဖွေမှုကို ရပ်ဆိုင်းထားကြောင်း သိရသည်။

ထို့အပြင် သခင်ဗဟိန်း ရာ ပြည့်ပွဲ၌ ပန်းချီပြပွဲများ၊ အထိမ်း အမှတ်မဂ္ဂဇင်းနှင့် အထိမ်းအမှတ် ကဗျာစာအုပ်များ ထုတ်ဝေမည် ဖြစ်ကြောင်း သိရသည်။

‘‘သခင်ဗဟိန်းဆိုတာ မြန်မာ့ လွတ်လပ်ရေးသမိုင်းမှာ ဗိုလ် ချုပ်အောင်ဆန်းလိုပဲ အရေးပါတဲ့ သူတစ်ယောက်။ သူ့ရဲ့ကိုယ်ကျိုး ထက် နိုင်ငံရဲ့ကိုယ်ကျိုး ဆောင် ရွက်ခဲ့သူပဲဖြစ်တယ်။ ဒါကြောင့် ခေါင်းဆောင်တစ်ယောက်ကို ဂုဏ်ပြုရတဲ့အတွက် အင်မတန် မှဂုဏ်ယူမိပါတယ်’’ ဟု ရာပြည့်ပွဲ ကျင်းပရေးကော်မတီမှ ဦးညီဇေ မင်းကပြောသည်။

သခင်ဗဟိန်းကို ၁၉၁၇ ဇွန် လက အင်းဝမြို့တွင်မွေးဖွားခဲ့ပြီး မွေးချင်း ခုနစ်ဦးအနက် ဒုတိယ အငယ်ဆုံးဖြစ်သည်။



7Day News Journal

No comments:

Post a Comment