Latest News

Friday, March 10, 2017

ပျော်ရွှင်ခြင်း နိုင်ငံတော်တွင် နေထိုင်ကြသူများ

ပျော်ရွှင်ခြင်း နိုင်ငံတော်တွင် နေထိုင်ကြသူများ


အောင်မြင်တဲ့  လူ့အဖွဲ့အ စည်းဆိုတာ ကျန်းမာပျော်ရွှင်သူတွေ စုဝေးနေထိုင်ကြတဲ့ လူ့အဖွဲ့အစည်းပါ။ ဒီနေ့ကမ္ဘာမှာ နိုင်ငံ တစ်နိုင်ငံတိုးတက်တယ်၊ မတိုး တက်ဘူး သတ်မှတ်တဲ့အခါ လူ တစ်ဦးချင်းဝင်ငွေ၊ တိုင်းပြည်ရဲ့ အသားတင် ကုန်ထုတ်လုပ်မှု၊ ဘတ်ဂျက်လိုငွေ အနည်းအများ၊ ပြည်ပပို့ကုန်ပမာဏ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစတာတွေနဲ့ တိုင်း တာရုံတင်မရတော့ပါဘူး။ နိုင်ငံ သူနိုင်ငံသားတွေရဲ့ ပျော်ရွှင်မှုကို ပါ ထည့်သွင်းတွက်ချက်လာကြ တယ်။ ပညာရှင်တွေကတော့ နိုင် ငံသူ၊ နိုင်ငံသားတွေရဲ့ ပျော်ရွှင်မှု ကို အမျိုးသားပျော်ရွှင်မှုအညွှန်း ကိန်း (Gross National Happ-iness) အဖြစ် သတ်မှတ်ကြပါ တယ်။ ဂျီအင်န်အိတ်ခ်ျကို စတင် ကျင့်သုံးတဲ့ နိုင်ငံက ဟိမ၀န္တာ တောင်ရိုးက ဘူတန်ဆိုတဲ့ နိုင်ငံ ပါ။ အခုတော့ ကမ္ဘာမှာ တိုးတက် ကြီးပွားပါတယ်ဆိုတဲ့ နိုင်ငံတွေ က ဘူတန်နိုင်ငံရဲ့ အမျိုးသားပျော်ရွှင်မှုအညွှန်းကိန်းကို မျက်ခုံးပင့် ကြည့်လာရပါပြီ။


တကယ်တော့ ဘူတန်ဘုရင့်    နိုင်ငံဆိုတာ တောင်စဉ်တောင် တန်းတွေကြားထဲက နိုင်ငံငယ် လေးသာ ဖြစ်ပါတယ်။ ရုပ်မြင်သံ ကြားအစီအစဉ်တွေ ထုတ်လွှင့် နိုင်တာ မကြာလှသေးဘူး။ အင် တာနက်ဆက်သွယ်ရေးဆိုတာ မနေ့တစ်နေ့ကမှ ရခဲ့ကြတာ။ ဘူ တန်နိုင်ငံရဲ့ လမ်းတွေပေါ်မှာ ကား တွေ ဥဒဟိုသွားနေတာမရှိဘူး။ အ ထပ်မြင့်အဆောက်အအုံတွေမရှိ ဘူး။ နိုင်ငံတကာနဲ့ ကူးလူးဆက် ဆံမှုနည်းပါးတယ်။ နိုင်ငံတကာ လေဆိပ်တစ်ခုသာရှိပြီး ခရီးသွား ဧည့်သည်ဝင်ရောက်မှုထိန်းချုပ် ထားလို့ အသွားအလာကျဲတယ်။ ဘူတန်ရိုးရာဝတ်စုံကို ဒီနေ့အချိန် ထိ နိုင်ငံသူ နိုင်ငံသားတွေက ခုံခုံ မင်မင်ဝတ်နေကြဆဲ ဖြစ်ပါတယ်။

ဘူတန်နိုင်ငံသူ နိုင်ငံသား တွေ တစ်လကို ၂၆ ရက်တိတိ ပျော်ပါသတဲ့။ သူတို့ဘာကြောင့် ဒီ လောက်ပျော်ရွှင်ကြတာလဲ၊ ဘယ် အရာတွေက သူတို့ကို ပျော်ရွှင် အောင်လုပ်ပေးနေတာလဲ။ ဘူ တန်နိုင်ငံသားတွေ ပျော်ရွှင်စေဖို့ မောင်းနှင်နေတာက အဓိက ဒေါက်တိုင်ကြီး လေးခုပါတဲ့။ ဆင်းရဲချမ်းသာကွာဟမှု  မကြီးမား အောင်ထိန်းသိမ်းတဲ့မျှခြေ၊ ရလာ တဲ့ အကျိုးအမြတ်တွေကို တိုင်း သူပြည်သားတွေ မျှဝေခံစားစေမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း မှုနဲ့ ကောင်းမွန်သောအုပ်ချုပ်မှု တွေဖြစ်ကြတယ်။ ပညာရေး၊ ကျန်းမာရေး၊ အရပ်ဘက်လူ့အဖွဲ့ အစည်းအားကောင်းမှုစတာတွေ အပြင် ဇီဝမျိုးကွဲ၊ လူနေမှုအဆင့်၊ လူမှုအထောက်အပံ့ဆိုပြီး အုပ်စု ငယ်တွေ ထပ်ခွဲထားပါသေးတယ်။

 အမျိုးသားပျော်ရွှင်မှုဖိုရမ် ကို ဘူတန်နိုင်ငံမှာ တစ်နှစ်က ကျင်းပခဲ့ပြီး နိုင်ငံတကာက ပညာ ရှင်တွေတက်ရောက်ဆွေးနွေးခဲ့ ကြတယ်။ လူမှုအထောက်အပံ့ဆို တဲ့ ခေါင်းစဉ်အောက်မှာ အိမ်နီး ချင်းအပေါ် ယုံကြည်မှုဆိုတဲ့ ခေါင်းစဉ်ငယ်ပါတယ်။ အိမ်တံခါးဖွင့်ပြီး အပြင်သွားရလောက်အောင်အ ထိ ယုံကြည်ရရဲ့လား၊ အပြင်သွားရင် ကိုယ့်ရင်သွေးကို စိတ်ချလက် ချအိမ်နီးချင်းထံ အပ်နိုင်ရဲ့လား ဆိုတာတွေအထိပါတယ်။ ကျန်း မာရေးခေါင်းစဉ်အောက်မှာ လူ တစ်ယောက် နှာစေးချောင်းဆိုးက အစ အသည်းအသန်နာမကျန်း တာအထိပါတယ်။ ပညာရေးမှာ လည်း စာတတ်မြောက်မှုသာမက အိမ်နေရင်းဝတ်စုံ၊ အခမ်းအနား ၀တ်စုံတွေအထိ သင်ရိုးညွှန်းတမ်း မှာထည့်သွင်းထားတယ်။ တန်ဖိုး စံနှုန်းတွေနဲ့ ပတ်သက်ပြီး ခိုးတာ မကောင်းဘူး၊ လူကြီးမိဘတွေနဲ့ ဘယ်လို  ဆက်ဆံရမယ်ဆိုတာ တွေကို သင်ရိုးမှာ ထည့်သွင်းထား တယ်။

မြန်မာတွေကော ကိုယ်ရော စိတ်ပါ ပျော်နေကြပြီလား၊ ဘာ မှန်းမသိတဲ့ အရာတွေအပေါ် ဘာ မှန်းမသိ ကြောက်နေရတုံးလား။ အိပ်ရာထက်မှာ သောကကင်း ကင်းနဲ့ ခေါင်းပြားအောင်အိပ်နိုင် ကြပြီလား၊  ပုဂ္ဂလိကသတင်းစာ တွေကောက်လှန်လိုက်ရင် အမှု ကြီးငယ်တွေက မကြားဝံ့မနာသာ တွေချည်းပဲ။ ရန်ကုန်လို မြို့ကြီးမှာငွေပုံပေးပြီး လူပုံအလယ်မှာ သေ နတ်နဲ့ သတ်ခိုင်းလို့ရတယ်။ သား မယားပြုကျင့်တဲ့ အမှုတွေမှာ ကျူးလွန်ခံရသူတွေက (၅) နှစ်အောက်  ကလေးငယ်တွေပါဝင်တယ်။ ရန် သူမျိုး ငါးပါးဘေးဒဏ်ကြုံရတဲ့ သတင်းတွေကလည်း သတင်းစာ တွေမှာ အမြဲလိုပါတဲ့ သတင်းတွေ ဖြစ်ကြတယ်။

မူးယစ်ဆေးဝါးတွေဆိုတာ ဆပ်ပြာခွက်နဲ့ မသယ်တော့ဘဲ ကွန်တိန်နာနဲ့ သယ်တဲ့ခေတ် ရောက်နေပြီ။ ငြိမ်းချမ်းရေး ဆွေး နွေးပွဲတွေ အရှိန်အဟုန်နဲ့ လုပ်နေ စဉ်မှာပဲ နယ်စပ်ဒေသတချို့မှာ စစ်ဘေးရှောင်စခန်းတွေ တိုးချဲ့ ဖွင့်လှစ်နေရတယ်။ ရပ်ကွက်တိုင်းမှာ ဘီယာဆိုင်နဲ့ အရက်ဆိုင်တွေ က မိုးဦးကျမှိုပွင့်တွေထက်တောင် ပေါသေးတယ်။ လွှတ်တော်ထဲ ရောက်နေတဲ့ နိုင်ငံရေးသမားတွေ ရဲ့ အဆိုတွေနဲ့ မေးခွန်းတွေက မဲ ဆန္ဒရှင်လူထုကို မဆွဲဆောင်နိုင် ဘူး။ နေ့စဉ်စားသောက်နေရတဲ့ အစားအသောက်တွေထဲမှာ ဘေး အန္တရာယ်ကင်းရှင်းပါ့မယ်လို့ ဘယ်သူမှ အာမမခံနိုင်။ သေ ကြောင်းကြံစည်မှုတွေ၊ မွေးကင်း စကလေးစွန့်ပစ်မှုတွေ၊ စွန့်ပစ်ခံ သက်ကြီးဘိုးဘွားတွေစတဲ့ အနိ ဋ္ဌာရုံသတင်းတွေက မမြင်ချင်မှ အဆုံးပါပဲ။

မြန်မာလူမျိုးတွေရဲ့ ပင်ကိုဗီဇက ပျော်ချင်ပါးချင်ကြတယ်။ ၁၂ ရာသီပတ်လုံး ပျော်ပွဲရွှင်ပွဲ ပွဲ လမ်းသဘင်နဲ့ ပြည့်နေတဲ့ သဘာဝရှိတယ်။ ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ် ပွဲတွေကလည်းပေါ၊ ရာသီအ လိုက် ပွဲတော်တွေကလည်းရှိ၊ ဘာလေးလုပ်လုပ် ပွဲလေးလမ်းလေး ထည့်လိုက်ရမှ စားဝင်အိပ်ပျော် ကြသူတွေ။ အမရပူရဦးပိန်တံ တားအနီးက ဆရာတော်ကိုပညာ ရဲ့ တောင်လေးလုံးကျောင်းမှာ စာပေအနုပညာနဲ့ ပတ်သက်တဲ့ အခမ်းအနားတွေ အခါအားလျော် စွာကျင်းပတဲ့ ဓလေ့ရှိတယ်။ ပွဲ လမ်းသဘင်အဆက်ပြတ်နေတဲ့ ကာလမှာ ရုပ်ရှင်မင်းသား (ဦး) ထွန်းဝေ အကယ်ဒမီမရလို့ဆိုပြီး  ကြံကြံဖန်ဖန်အမှတ်တရပွဲလုပ်ခဲ့ ကြဖူးသတဲ့။ မြန်မာတွေက အဲဒီ လိုပွဲကြိုက်သူတွေဖြစ်ကြတယ်။ ယုတ်စွအဆုံး ဆရာတော်ပျံလွန် တော်မူရင်တောင် ဘုန်းကြီးပျံလုပ်ပြီး ပွဲထည့်ကြသူတွေ ဖြစ်ကြ တယ်။

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး နေထွက်က နေ၀င်အလုပ်လုပ်နေ ကြရတဲ့ အခြေအနေဖြစ်လာ တယ်။ လူမှုအသုံးအဆောင်တွေ  တိုးတက်များပြားလာသလို ငွေ ကုန်ပေါက်တွေကလည်း များပြား လာတယ်။ အခွန်အတုတ်တွေက တစ်နှစ်ထက်တစ်နှစ် မြင့်တက် လာနေတယ်။ လူနေမှုစရိတ်က တောရောမြို့ပါ အချိုးညီညီတက် လာတယ်။ လူအများစုက စား ၀တ်နေရေးဆိုတဲ့ တို့တာဝန်အ ရေးသုံးပါးနဲ့ လုံးချာလိုက်နေ တယ်။ ပျော်ရွှင်မှုကို ပိုးမွေးသလို ကြံဖန်မွေးမြူနေကြရတယ်။ ပျော် ရွှင်မှုက အရင်ခေတ်လို အလကားမရတော့ဘူး။ ငွေစကြေးစလေး အပွန်းပဲ့ခံနိုင်မှ ပျော်ကြရတဲ့ အ ခြေအနေဖြစ်လာတယ်။ ခေတ်မီ သူတိုင်း စိတ်ညစ်ကြသည်ဆိုတဲ့ ခေတ်ရောက်မှန်းမသိရောက်နေ တယ်။

ငွေစကြေးစကိုင်တွယ်သုံးစွဲ နိုင်ရင်ပျော်ပြီလား၊ အခွင့်အာ ဏာက လူတွေကို ပျော်ရွှင်စေသ လား၊ ပညာတွေ မိုးပျံအောင်တတ်ရင်ကော ပျော်ရပြီလား။ တကယ် စင်စစ် ပျော်ရွှင်ချမ်းမြေ့မှုဆိုတာ ကာယကံရှင်ရဲ့ သဘောထားနဲ့ သာ သက်ဆိုင်တာ ဖြစ်ပါတယ်။ လိုချင်တိုင်းရ လုပ်တိုင်းဖြစ်နေ သည့်တိုင် ပျော်ချင်မှ ပျော်တာပါ။

မြန်မာတွေအရင်က အခု လောက်မချမ်းသာဘူး။ ဒါပေမဲ့ အခုထက် အပြစ်ကင်းတဲ့ ပျော်ပုံ ပျော်နည်းနဲ့ ပျော်ရွှင်ခဲ့ကြရတယ်။ အရင်ကတစ်ယောက်နဲ့ တစ် ယောက်မနာလိုမှုတွေ သိပ်မရှိခဲ့ ကြဘူး။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ဝန်တိုမှု ကင်းခဲ့ကြတယ်။ အချင်းချင်းဖေး မကူညီခဲ့ကြတယ်။ မိတ်ဆွေအိမ် နီးချင်း ရပ်ဆွေရပ်မျိုးအကုန်လုံး ပါပဲ။ အခုတော့ ဒါတွေအားလုံး မှေးမှိန်လာပြီ။ အချင်းချင်းဆိုတာ မရှိတော့ဘူး။ ကင်းဦးကင်းကြက် ဦးကြက်ဖြစ်လာတယ်။ ဗိုလ်ကျ လွှမ်းမိုးချင်တဲ့ အတ္တစိတ်က နေရာတကာ မင်းမူလာတယ်။ အတ္တဗဟိုပြုစဉ်းစားတာဖြစ်လို့ လိုချင်တာ ရသည့်တိုင် ပူပန်သောကရောက် စရာတွေချည်း ဖြစ်နေတယ်။

ခေတ်ကာလအလျောက် စိတ်သဘောထားတွေပြောင်း၊ ခံ ယူချက်တွေပြောင်းရာက လူနေမှု ပုံစံတွေပါ ပြောင်းလာတယ်။ လက်ထဲငွေယားကလေးရှိရင် ဟို ဟာဝယ်ရကောင်းနိုး၊ ဒီဟာဝယ်ရ ကောင်းနိုးဖြစ်လာတယ်။ မအေက သမီးထက်လှချင်ဆိုတာတွေဖြစ် လာတယ်။ အစစ်အမှန်ပျော်ရွှင် ဖို့။ ဘေးရန်ကင်းကွာ ပျော်ရွှင်ဖို့ အရင်ထက် ခက်ခဲလာတယ်။ တခြားသူတွေ မျက်ရည်ပေါက် ကြီးငယ်ကျမှ ကိုယ်ပျော်ရမယ့် ကိန်းဖြစ်လာတယ်။

မြန်မာလူ့အဖွဲ့အစည်းမှာ လက်တစ်ဆုပ်စာလူတစ်ချို့က ရ လေလိုလေဖြစ်ပြီး ပိုင်ဆိုင်မှုတွေ တိုးပွားသထက်တိုးပွားအောင် လောဘတကြီးလုပ်နေကြတယ်။ အဲဒီလို ရုပ်ဝတ္ထုနောက်ကောက် ကောက်ပါအောင် လိုက်သူတွေ ကြောင့် သူတို့နဲ့ ဆက်စပ်နေတဲ့ တခြားသူတွေဆီပါ ပူလောင်တဲ့ လောဘစိတ်က ကူးစက်လာပြီး အေးချမ်းပျော်ရွှင်မှုတွေ ပျောက် ဆုံးကြရတယ်။ စားဝတ်နေရေးဆို ပေမယ့် ရလေလိုလေဖြစ်နေရင် ပျော်ရွှင်မှုမရနိုင်ပါဘူး။ ရတာ လေးနဲ့ အဆင်ပြေအောင် ရောင့်ရဲ တင်းတိမ်နေနိုင်ပါမှ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရမှာပါ။ အလိုရမ္မက် များတဲ့သူတွေ လျော့နည်းပြီး စိတ် ကောင်းနှလုံးကောင်းနဲ့ လုပ်ရပ် ကောင်းလုပ်သူတွေများလာမှသာ မြန်မာလူ့အဖွဲ့အစည်းကျန်းမာ ပျော်ရွှင်ချမ်းမြေ့မှာ ဖြစ်ပါတယ်။


7Day News Journal

No comments:

Post a Comment