Latest News

Friday, March 10, 2017

ကျုံးဘေးသင်္ကြန်ရေကစားမဏ္ဍာပ်များအား အိတ်ဖွင့်ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချမည်

ကျုံးဘေးသင်္ကြန်ရေကစားမဏ္ဍာပ်များအား အိတ်ဖွင့်ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချမည်


မတ် ၁၀

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် မန္တလေးနန်းမြို့ရိုး ကျုံး အရှေ့ဖက်၊ မြောက်ဖက်နှင့် အနောက်ဖက်တို့တွင် မဏ္ဍာပ်နေရာ ၈ နေရာစီချထားပေးမည်ဖြစ်ပြီး အိတ်ဖွင့်လေလံစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ သိရသည်။

နန်ုးမို့တော် ကျုံးအရှေ့ဖက် ၆၆ လမ်း၊ ကျုံးမြောက်ဖက် ၁၂ လမ်း၊ ကျုံးအနောက်ဖက် လမ်း ၈၀၊ ကန်တော်ကြီးနှင့် မြို့တွင်းတွင် ရေကစားမဏ္ဍာပ်များဆောက်လုပ်လိုသူများက မတ်လ ၁၃ ရက်နေ့မှ ၂၀ ရက်နေ့ထိ ရုံးချိန်အတွင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံသို့ လျှောက်လွှာများတင်သွင်းရမည်ဖြစ်ပြီး ကျုံးပတ်လည်ရှိ ရေကစားမဏ္ဍာပ်နေရာ ၂၄ နေရာအတွက် အိတ်ဖွင့်လေလံစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

လျှောက်လွှာနှင့်အတူ အာမခံစပေါ်ငွေ ကျပ်သိန်းနှစ်ဆယ် ပေးသွင်းရမည်ဖြစ်ပြီး အိတ်ဖွင့်လေလံအား မတ်လ ၂၃ ရက်နေ့ နံနက် ၁၀း၃၀ နာရီ မြို့တော်ခန်းမတွင် ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

ရေကစားမဏ္ဍာပ်များအား ခွင့်ပြုအကျယ်အဝန်းအတိုင်းသာ ဆောက်လုပ်ရမည်ဖြစ်ပြီး လေအိုးသုံးရေပိုက်၊ မီးသတ်ပိုက်ခေါင်းများဖြင့် ရေကစားခြင်းကို လုံးဝတားမြစ်ထားသည်။ တီးဝိုင်းဖြင့် ဖျော်ဖြေလျှင် တီးဝိုင်းအမည်၊ အဆိုတော် အနုပညာရှင်အမည်များကို တင်သွင်းရန်လိုအပ်ပြီး မဏ္ဍာပ်ဆောက်ခွင့်ရသူသည် အမည်ပြောင်းခြင်း၊ လွှဲပြောင်းရောင်းချခြင်းများကိုလည်း ခွင့်ပြုမည်မဟုတ်ကြောင်း စည်းကမ်းချက်တွင်ပါရှိကြောင်း သိရသည်။

ချစ်ကို
MDYnews

No comments:

Post a Comment