Latest News

Wednesday, March 8, 2017

မုံရွာမြို့တော်ခန်းမ အကြီးစားပြင်ဆင်မှု ကျပ်သိန်း ၁,၅၀၀ သုံးစွဲမည်

မုံရွာမြို့တော်ခန်းမ အကြီးစားပြင်ဆင်မှု ကျပ်သိန်း ၁,၅၀၀ သုံးစွဲမည်



မုံရွာမြို့ မြို့တော်ခန်းမအကြီးစားပြင်ဆင်မှုလုပ်ငန်းအတွက် မြို့နယ်စည်ပင်သာယာရေး အသုံးစရိတ်မှ ကျပ်သိန်း   ၁,၅၀၀ သုံးစွဲမည်ဖြစ်ကြောင်း မုံရွာမြို့ နယ်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ် မုံရွာမြို့နယ်စည်ပင်သာယာရေးအ သုံးစရိတ်မှ ကျပ်သိန်း ၁,၅၀၀ သုံးစွဲ၍ မုံရွာမြို့ မြို့တော်ခန်းမအကြီးစားပြင်ဆင်မှုလုပ်ငန်းများကို ဖေဖော်ဝါရီကုန်တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း မုံရွာမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းက ပြော သည်။‘‘အမိုးတွေ ခွာပြီးပြင်နေပြီ။ ဂျပ်ဆင်ဘုတ်တွေထည့်မယ်။ အဲ ကွန်းစနစ်တွေပြင်မယ်၊ ပေါ်တီကိုက အခုလက်ရှိက ကားရပ်လို့မရဘူး။ ကားရပ်လို့ မိုးရွာရင် ထီးတွေနဲ့ ကြိုရတယ်။ အဲဒါကြောင့် ကား ရပ်လို့ရတဲ့ ပေါ်တီကို ရှေ့ထုတ် မယ်။ အိမ်သာတွေလည်း ပြန် လည်ပြုပြင်မယ်။ ပြင်ဆင်ချိန်တစ်လလောက် အချိန်ယူရမယ်ဆို တော့ မတ်လကုန်လောက်မှာ ပြီးမယ်’’ဟု ဦးကျော်မျိုးဝင်းက ပြောသည်။

မုံရွာမြို့ မြို့တော်ခန်းမအတွင်း အဆင့်မြင့် အဲကွန်းစနစ်တပ်ဆင်ခြင်း၊ အော်ရီယိုအသံစနစ်တပ်ဆင်ခြင်း၊ မျက်နှာကြက်များကို ဂျက်ဆင်ဘုတ်များအဖြစ် ပြောင်းလဲခြင်း၊ ကာလာသွပ်ပြားများ လဲလှယ်ခြင်း၊ ကြွေပြားကပ် ခြင်း၊ ကျွန်းတံခါးများအစားထိုး လဲလှယ်ခြင်းနှင့် အိမ်သာပြုပြင် ခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း မုံရွာမြို့နယ်စည်ပင်သာယာရေးကော်မတီရုံးမှ သတင်းရရှိသည်။

မုံရွာမြို့ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ‘‘မုံရွာမြို့ တော်ခန်းမကြီးက နှစ်ပေါင်း ၂၀ ကျော်သွားပြီ။ ခေတ်နဲ့ လျော်ညီအောင် ပြန်လည်ပြုပြင်တာ ကောင်းပါတယ်။ အရင်တုန်းက အစိုးရကျင်းပတဲ့ အခမ်းအနားပွဲတွေပဲ ကျင်းပတာခွင့်ပြုတယ်။ အခုအစိုးရလက်ထက်မှ အများပြည်သူဆိုင်ရာ အခမ်းအနားတွေ ပြန်လည်အသုံးပြုခွင့်ရနေပါပြီ’’ ဟု ပြောသည်။



7Day News Journal

No comments:

Post a Comment