Latest News

Sunday, March 12, 2017

အာလူးရဲ့ လူသိပ်မသိသေးတဲ့ အသုံးဝင်ပုံများ

အာလူးရဲ့ လူသိပ်မသိသေးတဲ့ အသုံးဝင်ပုံများ


အာလူးကို စားလို့ရတဲ့ အရာတစ်ခုအဖြစ်သာ လူတော်တော်များများက သိ ထားကြပေမယ့် အာလူးမှာ တခြားအသုံးဝင်တဲ့ နေရာတွေရှိပါတယ်။အာလူးရဲ့ လူသိပ်မသိကြတဲ့ တခြားအသုံးဝင်ပုံတွေကတော့..

(၁)အပူလောင်ဒဏ်ရာ

ဆီပူလောင်တာ၊မီးအပူလောင်တာ၊ရေနွေးပူလောင်တာ စတဲ့ အပူလောင် ဒဏ်ရာတွေအတွက် အာလူးက အသုံးဝင်ပါတယ်။အာလူးကို ပါးပါးလှီးပြီး အပူလောင်ဒဏ်ရာအပေါ်ကို ကပ်ပေးခြင်းအားဖြင့် အပူလောင်ဒဏ်ရာကို သက်သာစေပါတယ်။

(၂)အငန်ကို စုပ်ယူ

ဟင်းချက်ရင် ဆားထည့်တာ များသွားရင် ၊ငန်သွားရင် အားလုံးကို သုံးနိုင်ပါ တယ်။ဆားထည့်တာများသွားလို့ ငန်ကုန်ရင် အာလုံးကို လှီးပြီး ထည့်ပေးပါ။ အာလူးက အငန်ဓါတ်ကို စပ်ယူနိုင်ပါတယ်။

(၃)မျက်လုံးမို့

မျက်လုံတွေမို့အစ်နေတာ၊မျက်ကွင်းညိုတာတွေအတွက် သခွားသီးကို မျက်လုံးမှာ ကပ်ပေးလို့ ရသလို အာလူးကို အကွင်းလိုက်လှီးပြီး မျက်လုံးမှာ ကပ်ပေးလို့ရ ပါတယ်။

(၄)ငွေထည်ကို အရောင်တင်

အာလူးကိုရေဆူအောင်တည်ပါ။ပြီးရင် အဲ့ဒီရေထဲမှာ ငွေထည်ပစ္စည်းကို တစ်နာရီလောက် စိမ်ပါ။ပြီးရင် ဆေးပစ်လိုက်ပါ။ငွေထည်ပ စ္စည်းေ တွ ပြော င်လက်သွားမှာပါ။

(၅)အာလူးခွံကို ဆံပင်ဆေးဆိုးလို့ရ

ဒါကတော့ အာလူးအခွံရဲ့ အသုံးဝင်ပါ။အာလူးရဲ့ အခွံကို လွှင့်မပစ်ပါ ဆံပင်ဖြူတွေအတွက် ဆေးဆိုးလို့ရပါတယ်။အခွံကို ရေနဲ့မိနစ်(၃၀)လောက်ဆူအောင်တည်ပါ။အအေးခံပါ။ပြီးရင် တော့ ဆံပင်မှာ လိမ်းပေးရမှာပါ။

(၆)face mask အဖြစ်သုံးနိုင်

ရေထည့်ပြုတ်ထားတဲ့ အာလူးအနှစ်တွေကို ပျစ်နှစ်အောင် လုပ်ထားပါ။ပြီးရင် မျက်နှာပေါ်မှာ လိမ်းပေးပါ။နာရီဝက်လောက်ထားပြီး ရေဆေးချပါ။

(၇)ခေါင်းကိုက်တာပျောက်

ခေါင်းကိုက်တယ်ဆိုရင် လှီးထားတဲ့ အာလူးလေးနဲ့ နားထင်၊နားသယ်တို့ကို ပရုပ်ဆီလိမ်းသလိုလေး လိမ်းပြီး နှိပ်ပေးပါ။

(၈)ဖန်ခွက်ကို သန့်ရှင်း

အာလူးနဲ့ဖန်ခွက်ကို ပွတ်ပေးရမှာပါ။ပြီးရင်တော့ ရေနဲ့ဆေးပစ်ရမှာပါ။

Ref;.care2.
Credit: shwemom

No comments:

Post a Comment