Latest News

Sunday, March 12, 2017

အသက်တွေ ကြီးလာတာနဲ့အမျှ

အသက်တွေ ကြီးလာတာနဲ့အမျှ


အသက်တွေ ကြီးလာတာနဲ့အမျှ
လူတွေရဲ့ နှလုံးသားတွေဟာ တဖြည်းဖြည်း
သေးငယ်သွားတတ်ကြပြီး
ဦးနှောက်တွေကတော့ တဖြည်းဖြည်း ကြီးလာတတ်ပါတယ်။

နှလုံးသားတွေကို အသက်ရှင်သန်ရန် နှလုံးခုန်ဖို့အတွက်သာ
အသုံးပြုလာကြပြီး ၊ နှလုံးသားနဲ့ဆုံးဖြတ်ရမဲ့
အရာတွေကိုတော့ ဦးနှောက်က ပြောင်းလဲတာဝန်ယူ
ယူစေလိုက်ကြပါတယ်။

တစ်ခါတစ်လေ နှလုံးသားနဲ့ဆုံးဖြတ်လိုက်တဲ့အခါ
အမှားကြီးမှားသွားတတ်တာမျိုး ရှိတတ်ကြသလို …
ဦးနှောက်နဲ့ ဆုံးဖြတ်လိုက်လို့ နှလုံးသားတွေ
သေသွားတဲ့အခါမျိုး ရှိတတ်ကြပါတယ်။

ဘ၀မှာ အဓိပ္ပါယ်ရှိဖို့ဆိုတာ …တူလေးနှစ်ချောင်းလိုပါပဲ
သူတို့ကို အစုံလိုက်သုံးပြုမှ ခရီးရောက်သလို …
ဦးနှောက်နဲ့ နှလုံးသားကိုရော သမမျှတအောင်
ရောနှောတတ်ရပါတယ်။

အစားသောက်တစ်ခုကိုလည်း မျက်လုံးနဲ့ ကြည့်တိုင်းလည်း
စားကောင်းလိမ့်မယ်လို့ ပြောလို့မရပါဘူး ။
ပါးစပ်ထဲရောက်ပြီး လျှာကသာဆုံးဖြတ်ပေးနိုင်ပါတယ်။
မျက်လုံးက ဒီအစားသောက်က စားချင်မှ
ပါးစပ်ထဲကိုရောက်သလိုပါပဲ ။

နှလုံးသားက လက်ခံနိုင်မှ ဦးနှောက်ထဲပါ
တစ်ခါတည်းရောက်သွားရတာပါ။
နှလုံးသားက လက်ခံနိုင်ပြီဆိုတာနဲ့ ဦးနှောက်ကလည်း
တစ်ခါတည်း အဆင်ပြေမဲ့ လမ်းကြောင်းတွေနဲ့
တွက်ချက်ဖေါ်ဆောင်သွားတတ်ကြပါတယ်။

ဦးနှောက်ချည်းသက်သက်နဲ့တော့ ဘယ်တော့မှ
မတွက်ချက်မိပါစေနဲ့ ။
နှလုံးသားတွေ သေသွားတဲ့အခါ နောင်တရမှာမို့လို့ပါ။

Credit : ချစ်တဲ့…မနုဿ

No comments:

Post a Comment