ရန်ကုန်တိုင်း အစိုးရစရိတ် သန်းလေးထောင် လွှတ်တော်ဖြတ်တောက်
ဘတ်ဂျက် ကျပ်သန်း ၄၂၀ဝ ကျော် ဖြတ်တောက်လိုက်တာပါ။
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၂၀၁၇၁၈ ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်မယ့် လူကူးခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းတွေနဲ့ မြို့တော်ဂေါက်ကွင်း တည်ဆောက်ရေး လုပ်ငန်းတွေကနေ ဘတ်ဂျက် ကျပ်သန်း ၄၂၀ဝ ကျော်ကို တိုင်းဒေသကြီး လွှတ်တော်က ဖြတ်တောက်လိုက်တယ်လို့ သိရပါတယ်။
တိုင်းအစိုးရက လာမယ် ၂၀၁၇၁၈ ဘတ်ဂျက်မှာ ခုံးကျော်တံတား ခြောက်စင်းအတွက် ကျပ်သန်း ၆၀ဝ၀၊ စတုဂံပုံ လူကူးခုံးကျော်တံတား တစ်စင်းအတွက် ကျပ်သန်း ၁၇၀ဝ၊eGovernment လုပ်ငန်းစဉ်အတွက် ကျပ်သန်း ၁၀ဝ၀ နဲ့ မြို့တော်ဂေါက်ကွင်း တည်ဆောက်ရေး လုပ်ငန်းတွေအတွက် ကျပ်သန်း ၅၅၀ စုစုပေါင်း ကျပ်သန်း ၉၂၅၀ တောင်းခံထားတာကို ကျပ်သန်း ၄၂၅၀ ဖြတ်တောက်ပြီး တိုင်းအစိုးရက ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
ပြင်ဆင်သတ်မှတ်ချက်အရ ခုံးကျော်တံတား ခြောက်စင်းအတွက် ကျပ်သန်း ၃၀ဝ၀ ကျော်နဲ့ စတုဂံပုံတံတားတစ်စင်းအတွက် ကျပ်သန်း ၁၀ဝ၀ ၊ eGovernment လုပ်ငန်းအတွက်ကျပ်သန်း ၆၀ဝ နဲ့ ဂေါက်ကွင်းအတွက် ကျပ်သန်း ၁၅၀၊ စုစုပေါင်း ကျပ်သန်း ၅၀ဝ၀ ပဲ ကုန်ကျတော့မယ်လို့ သိရပါတယ်။
ဒီလိုပိုလျှံလာမယ့် ဘတ်ဂျက်တွေကို အခြားလိုအပ်တဲ့ မြို့နယ်တွေမှာ ခေါင်းစဉ်ပြောင်းပြီး အသုံးပြုသွားဖို့ ရန်ကုန်တိုင်းအစိုးရနဲ့ သဘောတူထားပြီးဖြစ်တယ်လို့ တိုင်းလွှတ်တော်စီမံကိန်းနဲ့ ဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောပါတယ်။
“ဘတ်ဂျက်ကတော့ ပြည်ထောင်စုကနေပြီးတော့ အတည်ပြုထားပြီးသား ဖြစ်တဲ့အတွက်ထွက်ပေါ်လာတဲ့ ဒီ ၄၂၅၀ (သန်း) ကို အခြားလိုအပ်တဲ့နေရာတွေမှာ ခေါင်းစဉ်ပြောင်းအသုံးပြုသွားဖို့ရှိပါတယ်။ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးကလည်း သဘောတူထားပြီး ဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ လိုအပ်တဲ့မြို့နယ်တွေမှာ ဘယ်လိုနေရာတွေမှာ အရေးတကြီး အသုံးပြုစရာ ရှိသလဲဆိုတာ ခေါင်းစဉ်ပြောင်း အသုံးပြုသွားမှာဖြစ်ပါတယ်”လို့ ဒေါ်စန္ဒာမင်းက ပြောပါတယ်။
လူကူးခုံးကျော်တံတား ခြောက်စင်းနဲ့ စတုဂံပုံခုံးကျော်တံတားကနေ ပိုလျှံလာမယ့် ကျပ်သန်း ၃၇၀ဝ ကို ရန်ကုန်စည်ပင်နယ်နိမိတ် ၃၃ မြို့နယ်ထဲက လမ်းတံတားနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ သုံးစွဲသွားမှာလို့ တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက လွှတ်တော်မှာ လာရောက်ရှင်းလင်းထားပါတယ်။
Source : The Voice
Photos : 7DayDaily,Yangon Media
Friday, March 31, 2017
ရန်ကုန်တိုင်း အစိုးရစရိတ် သန်းလေးထောင် လွှတ်တော်ဖြတ်တောက်
ရန်ကုန်တိုင်း အစိုးရစရိတ် သန်းလေးထောင် လွှတ်တော်ဖြတ်တောက်
Reviewed by Ar Ti
on
3:33 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment