သင်္ကြန်ကာလ နေရပ်ပြန်သူများအတွက် လက်မှတ်ဈေးနှုန်း တိုးမြှင့်ကောက်ခံမှု မရှိစေရေးအတွက် အဝေးပြေးယာဉ်လိုင်း ပိုင်ရှင်များနှင့် ဆွေးနွေးပွဲ ယနေ့ပြုလုပ်မည်
သင်္ကြန်ကာလ နေရပ်ပြန်သူများအတွက် လက်မှတ်ဈေးနှုန်း တိုးမြှင့်ကောက်ခံမှု မရှိစေရေးအတွက် အဝေးပြေးယာဉ် လိုင်းပိုင်ရှင်များနှင့် မတ် ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရုံးတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
“လာမည့် သင်္ကြန်ကာလတွင် အဝေးပြေးယာဉ်လိုင်းများ ကားလက်မှတ်ဈေးနှုးန်း တိုးကောက်မှုမျိုးမရှိရန် စည်းကမ်းပိုင်းနဲ့ သင်္ကြန်တွင်း အဝေးပြေးကားတွေ၊ လက်မှတ်ခ တွေ၊ ဘာတွေဈေးမတက်လို့ ကားတွေဈေး တက်မရောင်းအောင်လို့ ခေါ်တွေ့မှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။
“သင်္ကြန်နီးလာလို့ရှိရင် နယ်တွေကို ပြန်ကြပါတယ်။ အမြို့မြို့ အနယ်နယ်ကလာပြီး အလုပ်လုပ်ကြပါတယ်။ နယ်တွေကို ပြန်တဲ့နေရာမှာ အခက်အခဲနည်းနည်း ကြုံပါတယ်။ ယာဉ်လိုင်းတွေ တော်တော်များများမှာရှိတဲ့ ကားထက် မကာမိပဲအောင် လူတွေက အဲဒီကာလမှာ ပြန်ပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကိုတော့ တိုးကောက်ခံတာမျိုး မဟုတ်ဖို့အတွက် ကြိုးစားသွားပါမယ်။ အခြားမီးရထားတို့၊ လေယာဉ်တို့ပါ အဆင်ပြေ ချောမွေ့နိုင်ဖို့အတွက် သင်္ကြန်အစည်းအဝေးမှာ ပြင်ဆင်နေပြီ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်ခဲ့သည် YBS တစ်လပြည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် သင်္ကြန်ရုံးပိတ်ရက်က မြို့ကြီးများတွင် သင်္ကြန်ကာလအတွင်း ခရီးသည် စီးနင်းမှု များပြားသော်လည် ယာဉ်လိုင်း ပြေးဆွဲမှု များပြားသည့်အတွက် အခက်အခဲ အနည်းငယ်သာ ရှိသော်လည်း ယာဉ်လိုင်းပြေးဆွဲမှု နည်းပါးသည့် နယ်မြို့ယာဉ်လိုင်းများတွင် စီးနင်းမှု များပြားအတွက်ကြောင့် နေရပ်ပြန်သူများ အခက်အခဲများစွာ ရှိခဲ့ကြောင်း သိရ သည်။
ထို့ပြင် ယင်းကာလတွင် ယာဉ်လိုင်းအများစုသည် ယာဉ်အစီးရေ မလုံလောက်မှုများကြောင့် ခရီးသည်နှင့် ယာဉ်အစီးရေ မမျှတမှုများ ကြုံတွေ့ရကြောင်း အောင်မင်္ဂလာ အဝေးပြေးဝင်းရှိ ယာဉ်လိုင်းများမှ သိရသည်။
အလားတူ မြန်မာ့မီးရထားဖြင့် နေရပ်ပြန်မည့် သူများတွင်လည်း လက်မှတ်ခွဲတမ်း နည်းပါးမှုကြောင့် အချိန်ကြာမြင့်စွာ လက်မှတ်တန်းစီ စောင့်ဆိုင်းရမှုများ၊ လက်မှတ်ခွဲတမ်း မရရှိမှုများလည်း ကြုံတွေ့ခဲ့ကြရကြောင်း သိရသည်။
ပြီးခဲ့သည်နှစ် သင်္ကြန်ကာလကလည်း ရထားစီးနင်းသူ များပြားမှုကြောင့် တွဲဆိုင်းတိုး မြှင့်ပြေးဆွဲခြင်းများ ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သင်္ကြန်ကာလက ရန်ကုန်အခြေပြု အဝေးပြေးယာဉ်လိုင်းများမှ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်နှင့် မော်လမြိုင်မြို့များသို့ ပြေဆွဲသည့်ယာဉ်လိုင်း သုံးလိုင်းသာ ပိတ်ရက်မရှိ ပြေးဆွဲမှုများ ရှိခဲ့ကြောင်း သိရသည်။
အောင်မင်္ဂလာ အဝေးပြေးဂိတ်နှင့် ဒဂုံ- ဧရာ အဝေးပြေးဂိတ်တို့တွင် ပြေးဆွဲနေသော ယာဉ်လိုင်းပေါင်း ၃၄၃ လိုင်းရှိကာ ယာဉ်အစီးရေ ၃၆၄၂ စီးရှိပြီး အောင်မင်္ဂလာ အဝေးပြေးတွင် ရန်ကုန်တိုင်းအခြေပြု ပြေးဆွဲနေသော ယာဉ်လိုင်းရေ ၂၃၆ လိုင်း ယာဉ်အစီးရေ ၂၇၂၁ စီးနှင့် ဒဂုံ-ဧရာ အဝေးပြေးတွင် ယာဉ်လိုင်းရေ ၁၀၇ လိုင်း ယာဉ်အစီးရေ ၉၂၁ စီး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (အဝေးပြေး) မှ သိရသည်။
ထက်ရှိုင်း
Eleven Media Group
Monday, March 6, 2017
သင်္ကြန်ကာလ နေရပ်ပြန်သူများအတွက် လက်မှတ်ဈေးနှုန်း တိုးမြှင့်ကောက်ခံမှု မရှိစေရေးအတွက် အဝေးပြေးယာဉ်လိုင်း ပိုင်ရှင်များနှင့် ဆွေးနွေးပွဲ ယနေ့ပြုလုပ်မည်
သင်္ကြန်ကာလ နေရပ်ပြန်သူများအတွက် လက်မှတ်ဈေးနှုန်း တိုးမြှင့်ကောက်ခံမှု မရှိစေရေးအတွက် အဝေးပြေးယာဉ်လိုင်း ပိုင်ရှင်များနှင့် ဆွေးနွေးပွဲ ယနေ့ပြုလုပ်မည်
Reviewed by Ar Ti
on
8:54 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment