Latest News

Monday, March 6, 2017

၂ဝ၁၇ မန္တလေးသင်္ကြန် မြို့မအလှပြယာဉ်နှင့် အတူဖွင့်လှစ်မည်

၂ဝ၁၇ မန္တလေးသင်္ကြန် မြို့မအလှပြယာဉ်နှင့် အတူဖွင့်လှစ်မည်


မန္တလေး မတ် ၆

ယခုနှစ် ၂ဝ၁၇ မန္တလေးသင်္ကြန်ဖွင့်ပွဲကို ကျုံးတောင်ဘက်(၂၆)လမ်း မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့နံနက်ပိုင်း၌ မြို့မအလှပြယာဉ်ဖြင့် သင်္ကြန်ရေကစားသူများနှင့်အတူ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမွန်က ပြောသည်။

''ဒီနှစ် သင်္ကြန်အကြိုနေ့ အရုဏ်တက်မှာ သံဃာတော်တွေကို ဆွမ်းကပ် မယ်။ ဘုံဆွမ်းလောင်းမယ်။ အရင်နှစ်တွေလို ကျောင်းသား ကျောင်းသူတွေ မခေါ်တော့ဘဲ မန်းသင်္ကြန်ပုံရိပ်ဖြစ်တဲ့ မြို့မအလှပြယာဉ်နဲ့အတူ ရေကစား ကြသူတွေနဲ့ ဖွင့်မယ်။''ဟု ၄င်းကပြောသည်။

ယခင်နှစ် မန္တလေးမြို့တော်သင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်ဖွင့်ပွဲကို အကြိုနေ့ ညပိုင်းတွင် မြို့မအလှပြယာဉ်နှင့်အတူ ကျောင်းသူများ၏အကအလှများဖြင့် ဖွင့်လှစ်ပေးခဲ့သော်လည်း ယခုနှစ်တွင် အကြိုနေ့နံနက်ပိုင်း၌ သင်္ကြန်ဖွင့်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရိုးရာသင်္ကြန်နှင့် ခေတ်သင်္ကြန်အဖြစ် ထူးခြားစွာပုံဖော်မည်ဖြစ်၍ ကျုံးတောင်ဘက်မှလွဲ၍ ကျန်သည့်ကျုံးမျက်နှာသုံးဖက်တွင် တစ်ဖက်လျှင် ရေကစားမဏ္ဍပ် ရှစ်ခုစီကို လေလံစနစ်ဖြင့် နေရာချထားပေးမည်ဖြစ်ပြီး (၂၆)လမ်း ကျုံးတောင်ဘက်လမ်းတွင် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နန်းမြို့သူ ရေကစားမဏ္ဍပ်တို့ နှစ်ခုသာ ထားရှိမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment