Latest News

Friday, March 10, 2017

တောင်ကိုရီးယား သမ္မတ ရာထူးမှ ရပ်စဲ

တောင်ကိုရီးယား သမ္မတ ရာထူးမှ ရပ်စဲ

တောင်ကိုရီးယား နိုင်ငံမှာ သမ္မတ ပက်ဂွမ်ဟေး ကို အရေးယူဖို့ တင်သွင်း ထားတဲ့ အဆိုကို ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့က ကန့်ကွက်မဲ မရှိ တစ်ညီတစ်ညွတ်တည်း ထောက်ခံ လိုက်ပြီး ပက်ဂွမ်ဟေး ကို ဒီနေ့ကစတင်ပြီး သမ္မတ ရာထူးမှ အပြီးအပိုင် ရပ်စဲလိုက်ပါတယ်။

သူဟာ တောင်ကိုရိယားရဲ့ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်ပြီး ၂၀၁၂ ခုနှစ် သမ္မတရွေးပွဲမှာ  ရွေးချယ်တင်မြှောက်ခံခဲ့ရသူဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးယာယီတရားသူကြီးချုပ် Lee Jung-mi က သမ္မတအပေါ် စွပ်စွဲထားမှုအဆိုနဲ့ပတ်သက်လို့ ပက်ဂွမ်ဟေးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖေါက်ပြီး ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို စော်ကားခဲ့တယ်လို့ ပြောကြားတာကို နိုင်ငံတစ်ဝန်းလုံးရှိ  ရေဒီယိုရုပ်မြင်သံကြားဌာနတွေက တစ်ပြေးညီ ထုတ်လွှင့်ပြသခဲ့ပါတယ်။

အမိန့်ချမှတ်ပြီးချိန်မှာ တရားရုံးရှေ့ ဆန္ဒပြနေကြသူတွေနဲ့ လုံခြုံရေးတပ်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ကြပြီး လူနှစ်ဦး သေဆုံးခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ စည်းမျဉ်းဥပဒေအရ ခုံရုံးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ ထွက်လာပြီးတာနဲ့ တပြိုင်နက် စတင်အသက်ဝင်ပြီဖြစ်လို့  ပက်ဂွမ်ဟေးအဖို့ လက်ရှိသမ္မတရာထူးနဲ့ လုပ်ပိုင်ခွင့်အာဏာ အားလုံး ဆုံးရှုံးသွားပြီဖြစ်ပါတယ်။
RFA

No comments:

Post a Comment