Latest News

Wednesday, March 8, 2017

ကျင့်ဝတ်သိက္ခာကို ပဲလှော်နဲ့မလဲပါ

ကျင့်ဝတ်သိက္ခာကို ပဲလှော်နဲ့မလဲပါ



တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က နေပြည်တော်ရှိ ဟိုတယ်တစ်ခုတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပြုလုပ်ခဲ့ ပြီး ဒိန်းမတ်သံရုံးမှ သံအရာရှိများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာ ရှင်များအဖွဲ့(ICJ)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)တို့မှ ပညာရှင်များလည်း တက်ရောက်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖတ်လိုက်ရပါသည်။

‘‘မြန်မာနိုင်ငံ တရားသူကြီးများအတွက် တရားစီရင်ရေးဆိုင် ရာကျင့်ဝတ်-မူကြမ်း(Court of Jud icial Conduct for Myanmar Judges-Draft)ကို စာအုပ်ပုံထဲမှ ပြန်ရှာလျက် ဖုတ်ဖက်ခါပြီး ဖတ် ကြည့်ပါသည်။

(Bangalore) ဘန်ဂလောမူ ကို အခြေခံရေးဆွဲထားသော တ ရားသူကြီးများ လိုက်နာကျင့် ဆောင်အပ်သည့် ‘ကျင့်ဝတ်’များ ကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာ ဖြင့် ဖော်ပြထားသည်။ မူရင်းအင်္ဂ လိပ်ဘာသာမှ ကြိုးစားပြန်ဆိုထား ခြင်းဖြစ်ပြီး ပြန်ဆိုချက်အချို့ ချော မွေ့ပြေပြစ်ခြင်းမရှိသည်ကို တော် တော်ကြီးသည်းခံရစေကာမူ ‘အငယ်ဆုံး တရားသူကြီးမှ အကြီးဆုံး တရားသူကြီးအထိ’ (ဒုတိယမြို့ နယ်တရားသူကြီးမှ ပြည်ထောင်စု တရားသူကြီးချုပ်အထိ) တရားသူ ကြီးတိုင်း မလိုက်နာနိုင်စရာအ ကြောင်းမရှိသော အချက်များဖြစ်သည်ဟု ယူဆဖွယ်ရာရှိပါသည်။

ဘော်လခဲခရိုင်တွင် တာဝန်ထမ်းစဉ်၊ တစ်နေ့သ၌ မူးယစ်ဆေးဝါးနှင့်စပ်လျဉ်း၍ အထက်တန်း ကျောင်းသူ၊ ကျောင်းသားများကို သွားရောက်ဟောပြောခဲ့ရပါ သည်။ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅ အရ သုံး စွဲသူကို မည်သို့အရေးယူပြီး ပုဒ်မ ၁၆(ဂ) အရ မူးယစ်ဆေးလက်ဝယ်ထားသူကို ပြစ်ဒဏ်မည်မျှ၊ ပုဒ်မ ၁၉(က) အရ ရောင်းချရန်လက်ဝယ်ထားသူကို ပြစ်ဒဏ်မည်မျှ စသည်ဖြင့်မပြောလို။  ‘အနည်းဆုံးထောင်ဒဏ်ဆယ်နှစ်မှ အများဆုံး နှစ်အကန့်အသတ်မရှိ ထောင် ဒဏ်အထိ’ အစရှိသည့် ကြီးလေး သော ပြစ်ဒဏ်များ၊ ပုဒ်ထီးပုဒ်မများဖြင့် ပျိုနုသော ပုရစ်ဖူးလေးများကို ပယ်ပယ်နယ်နယ်မပြောလို ပါ။ ခြောက်လှန့်ရာရောက်မည်စိုး သည့်အတွက် ‘ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေ’ အစရှိသဖြင့် အာဏာစက်အထိ အဆင့်ဆင့်ရွေ့ လျှောသက်ရောက်ပုံကို ပြောခဲ့ပါသည်။

ထိုစဉ်က ကျွန်တော်သည် ဓမ္မသတ်ကို ရာဇသတ်ချုပ်၊ ရာဇသတ်ကို ကလိယုဂ်ချုပ်ဆိုသည့် ရှေးထုံးနိယာတို့ကို ပြောခဲ့ပါသည်။ ယခုအခါ ကျွန်တော်သည် အဆိုပါပြောဆိုချက်ကို ပြန်၍ ဆင်ခြင်ကြည့်မိပါသည်။

‘ကျင့်ဝတ်’ ဆိုသည်ကို လိုက်နာ စောင့်ထိန်းအပ်သော ဝတ္တရားတစ်ခုဖြစ်ပြီး မလိုက်နာ၊ မစောင့်ထိန်းလျှင်လည်း (သာမန်အားဖြင့်) ပြစ်ဒဏ်ချမှတ်၍ အပြစ် ပေးစီရင်နိုင်သည့်ကိစ္စမျိုးမဟုတ် ကြောင်း၊ ဥပမာ-သိင်္ဂါလောဝါဒ သုတ်လာမိဘဝတ်၊ သားသမီး ဝတ်၊ တပည့်ဝတ်၊ ဆရာ့ဝတ်တို့မှာ စည်းကမ်း၊ ဥပဒေမမည်သေးသည့် ကျင့်ဝတ်များဖြစ်ကြောင်း၊ ကျောင်းဝင်းထဲသို့ ဝင်လာသည့် ဆရာမ၏ဆွဲခြင်းကို မူလတန်း ကျောင်းသားလေးက ပြေးကြိုယူ ငင်ခြင်း၊ ဆရာမပန်ဖို့ နှင်းဆီပန်း ခူးလာပေးခြင်းတို့မှာ ‘လာမူကြို ဆီး’ဆိုသည့် ကျင့်ဝတ်တစ်ခုသာ ဖြစ်ကြောင်း၊ ကျင့်ဝတ်မျှသာဖြစ် သည့်အတွက် ဆရာမလေးကို ပန်းမပေး၊ ပြေးမကြိုမိခဲ့လျှင် လည်း ကျောင်းသားကို အပြစ်မ ပေးနိုင်ကြောင်း၊ အရေးမယူနိုင် ကြောင်း။

ကျောင်းသားတစ်ဦးသည် နံနက် ၉ နာရီ ကျောင်းတက်ရ မည်ဖြစ်ပါလျက်လမ်း၌ ဆော့ကစားနေ၍ ကျောင်းချိန်နောက်ကျ ခြင်းမှာ စည်းကမ်းဖောက်ဖျက်ရာ ရောက်သဖြင့် ဆရာကြီး၏ကြိမ် လုံးစာမိနိုင်ကြောင်း၊ ကျောင်းသား ချင်းရန်ဖြစ်၍ သွေးထွက်သံယိုဖြစ်သည်အထိ နာကျင်ဒဏ်ရာရရှိစေလျှင် ဥပဒေပြဋ္ဌာန်းချက်ကို ချိုးဖောက်ကျူးလွန်ရာရောက်သဖြင့် ဥပဒေအရ အပြစ်ပေးစီရင်ခြင်းခံရနိုင်ကြောင်း စသည်စသည်ဖြင့် ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေတို့ ကို ကြိုးစား၍ ရှင်းလင်းပြောပြခဲ့ပါသည်။

ကျွန်တော်သည် ကျင့်ဝတ်ဆိုသည်မှာ လိုက်နာကျင့်ဆောင်အပ်သော ဝတ္တရားဖြစ်သည်ဆိုသော ဖွင့်ဆိုချက်အပေါ် အခြေပြု၍ ကျင့်ဝတ်ဆိုသည်မှာ အစဉ်အလာဓမ္မသတ်သဘောမျှသာဖြစ် ကြောင်း၊ မင်းနှင့်ပြည်သူတို့ ပြု လုပ်ပြဋ္ဌာန်းသည့် ဥပဒေကဲ့သို့ ‘ကျင့်ဝတ်ချိုးဖောက်သူ’ကို အရေးယူအပြစ်ပေးခြင်း မပြုနိုင်ကြောင်း ပြောခဲ့ခြင်းဖြစ်ရကား အချို့သော ကျင့်ဝတ်၊ ဓမ္မသတ်များမှာ ရာဇသတ်နှင့် တစ်သားတည်းဖြစ်နေသည်ကို ပြောပြဖို့ရာ ကြွင်းကျန် လစ်ဟင်းခဲ့ကြောင်း တွေ့ရပါသည်။

ကျင့်ဝတ်ဆိုသည်မှာ ဓမ္မသတ်သဘောမျှဖြစ်သော်လည်း ရာဇသတ်နှင့်တစ်ထပ်တည်းဖြစ် နေတတ်ပါသည်။ မလိုက်နာမနေရသည့် ဥပဒေပြဋ္ဌာန်းချက်လည်း ဖြစ်နေတတ်ပါသည်။ ကျင့်ဝတ်မျှသာဖြစ်သဖြင့် (ဥပဒေမဟုတ် သည့်အတွက်) မလိုက်နာ၊ မကျင့်ဆောင်လျှင်လည်းဖြစ်သည်ဟု အခါခပ်သိမ်းယူဆ၍ မဖြစ်နိုင်သည် မျိုးရှိပါသည်။ ဥပမာ-သတ်မှု၊ ခိုးမှု၊ ကာမဂုဏ်ကျူးမှု၊ ဥပဒေ ပြဋ္ဌာန်းချက်တို့သည် ငါးပါးပဉ္စသီ ပါ ကျင့်ဝတ်သီလနှင့်ထပ်တူဖြစ် နေသည့်သဘောဖြစ်ပါသည်။

ဆရာဝန်ကျင့်ဝတ်၊ စစ်သည် ကျင့်ဝတ်၊ မီဒီယာကျင့်ဝတ်၊ ရှေ့ နေကျင့်ဝတ်၊ တရားသူကြီးကျင့်ဝတ် စသည်ဖြင့်ရှိပါသည်။

ဆရာဝန်များသည် ဟစ်ပိုက ရေးတီးကျမ်းသစ္စာကို ဆေးပညာကျင့်ဝတ်အဖြစ် လိုက်နာစောင့်ထိန်းရပါသည်။ ဆေးပညာဘွဲ့နှင်း သဘင်များတွင် ‘ကမ္ဘာတစ်လွှားသမားဟူးရားကြီးများကို သက်သေထား၍’ ဟုဆိုကာ ယင်းသို့ သဘောရှိသော ကျမ်းသစ္စာမျိုးကို တိုင်တည်ရွတ်ဆိုရပါသည်။ မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေပုဒ်မ ၃၀(င) တွင် ယင်းကျင့်ဝတ်ကျိုး ပျက်ပါက မည်သို့ပြစ်ဒဏ်ချမှတ် နိုင်သည်ကို ဖော်ပြထားကြောင်း တွေ့ရပါသည်။

 ရှေ့နေရှေ့ရပ်များ၏ကျင့် ဝတ်သိက္ခာများကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ အခါအားလျော်စွာ  စာအုပ်ထုတ်လေ့ရှိပါသည်။ ရှေ့ နေလိုက်ပါသူများအက်ဥပဒေ (The Legal Practioners Act) ပုဒ်မ ၁၃ တွင် ပညာသည်ကျင့်ဝတ် (ရှေ့နေကျင့်ဝတ်)များကို အတိအ လင်းဖော်ပြထားပြီး ယင်းကျင့်ဝတ် ကျိုးပျက်ပါက မည်သို့ အရေးယူ ခြင်းခံရနိုင်ကြောင်း ဖော်ပြထားပါသည်။

ပညာရှင်(သို့မဟုတ်)ပညာ သည်များအနေဖြင့် ၎င်းတို့အ သက်မွေးမှုဘဝတွင် လိုက်နာ စောင့်ထိန်းအပ်သည့် ကျင့်ဝတ် များသည် မလွဲမသွေလိုက်နာ စောင့်ထိန်းရမည့် စည်းကမ်းဥပ ဒေများလည်းဖြစ်သည်ကို ဖော်ပြ လိုရင်းဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုတရားစီရင်ရေးဥပ ဒေတို့တွင် တရားစီရင်ရေးမူများ ကို ဖော်ပြထားပါသည်။ အဆိုပါ မူများကို သွေဖည်ပြုလုပ်ပါက မည်သို့အရေးယူခံရနိုင်သည်ကို မဖော်ပြပါ။ တရားစီရင်မှုတစ်ခု သည် အဆိုပါမူများနှင့်ညီညွတ်ပါ က မည်သို့ အကာအကွယ်ရနိုင် သည်ကို မဖော်ပြပါ။ အခြေခံဥပ ဒေအရ ဖွဲ့စည်းခဲ့သည့် ပြည် ထောင်စုတရားလွှတ်တော်ချုပ် မတိုင်မီ နိုင်ငံတော်တရားရုံးချုပ် လက်ထက် ၂၀၀၁ က ‘တရားသူ ကြီးများကျင့်ဝတ်နှင့် သိမှတ်ဖွယ် ရာများ’ အိတ်ဆောင်စာအုပ်တစ် အုပ်ပြုစုထုတ်ဝေဖူးပါသည်။ (စာ အုပ်ဝါဟု သိကြပါသည်)

ယင်းစာအုပ်တွင် အသုံးလုံး၊ ငလေးလုံး၊ အမြင်လေးမြင်၊ စွမ်း ရည်သုံးရပ် စသည့်ကာလ၊ ဒေသ၊ ပယောဂအလျောက် တရားစီရင် မှုနှင့် မစပ်ဆိုင်သည်များရောထွေး ပါနေသော်လည်း ရာဇနီတိ၊ ဓမ္မ သတ်၊ အမေးတော်ပုံကျမ်းတို့မှ မှတ်သားဖွယ်ရာများလည်း ပါပါ သည်။ တရားသူကြီးကျင့်ဝတ် ဆယ်ချက်ကို မနုသာရကျမ်းမှ ထုတ်နုတ်ဖော်ပြထားပါသည်။ သို့ သော် ထိုကျင့်ဝတ်များကို အငယ် ဆုံးတရားသူကြီးမှ အကြီးဆုံးတ ရားသူကြီးအထိ လိုက်နာကျင့် ဆောင်ခဲ့ခြင်း ရှိ၊မရှိ ယင်းကျင့် ဝတ်ကို စံ(သို့မဟုတ်)ပေတံသ ဖွယ်ထား၍ ထိန်းကျောင်းခြင်း၊ အရေးယူခြင်း၊ အကာအကွယ်ပေး ခြင်းရှိ၊ မရှိ စဉ်းစားဖွယ်ရာရှိပါ သည်။

သေချာသော အချက်မှာ ကျင့်ဝတ်သီလနှင့်ညီသော တရား သူကြီးများကို အကာအကွယ်မ ပေးနိုင်သကဲ့သို့ ကျင့်ဝတ်သီလနှင့် မညီသော တရားသူကြီးများကို လည်း ဆုံးမသွန်သင်ရန်၊ အရေး ယူရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်ပါ သည်။

ရွှေစာလုံးဖြင့် တခမ်းတနား ပုံနှိပ်ဖော်ပြထားစေကာမူ ‘စည်းနှောင်အား’ မရှိပါက အချည်းနှီးဖြစ်ပါသည်။

Professional ဆိုသောစကားမှာ တော်တော်ကျယ်ဝန်းပါသည်။

ပညာရှင်၊ ပညာသည်တို့၏ တာဝန်ထမ်းဆောင်မှုသည် လော က၏အကျိုးစီးပွားအလို့ငှာ မိမိတို့ တတ်ကျွမ်းသည့် ပညာဖြင့် လော ကဝန်ကို ထမ်းခြင်းဖြစ်ပါသည်။ မိမိတို့ ကျွမ်းကျင်တတ်မြောက် သည့် အတတ်ပညာ၊ အသိပညာ၊ ကောင်းမွန်သောစိတ်စေတနာဖြင့်  သစ္စာရှိရှိ၊ ရဲရဲဝံ့ဝံ့ထမ်းဆောင်ဖို့ လိုပါသည်။ ပညာသည်ကျင့်ဝတ် သွေဖည်ကျိုးပျက်ခဲ့လျှင် ကျော တစ်ရာ၊ ရင်တစ်ရာခတ်၍ မြိုင်ရပ် နှင်စေသည့် ထိန်းကွပ်(ထိန်း ကျောင်း)မှုမျိုးရှိဖို့ လိုသကဲ့သို့ ပညာသည်ကျင့်ဝတ်ကို သစ္စာသ မာဓိခိုင်ကျည်စွာဖြင့် ကျင့်သုံးခဲ့ လျှင်လည်း အခွင့်အာဏာပိုင်တို့ နှင့် ဆန္ဒမညီသည့်တိုင် ကင်းလွတ် ခွင့်(သို့မဟုတ်)အကာအကွယ်ရ စေသင့်ပါသည်။

တရားစီရင်ရေးပုံရိပ်နှင့် တ ရားစီရင်မှုနယ်ပယ်၏ပစ္စက္ခအခြေ အနေကို အထူးတလည် ပြောပြဖို့ လိုမည်မထင်တော့ပါ။

ဤအခြေသို့ ဆိုက်ခဲ့ခြင်းမှာ ကျင့်ဝတ်သိက္ခာစောင့်စည်းမှုကျိုး ပျက်ခြင်းကြောင့်လော(သို့မ ဟုတ်)ကျင့်ဝတ်သိက္ခာစောင့်စည်း မှုကို ခြိမ်းခြောက်ခံရခြင်းကြောင့် လော၊ သို့မဟုတ် နှစ်ခုစလုံး ကြောင့်လောဆိုသည်ကို စော ကြောနိုင်၊ သင်ခန်းစာယူနိုင်ကြဖို့ လိုပါသည်။ ယိုယွင်းခြင်း၊ ဆုတ် ယုတ်ခြင်း၊ ပျက်စီးပြိုလဲခြင်းဟူသ မျှတွင် အကြောင်းအရင်းများစွာ ရှိစမြဲဖြစ်ပါသည်။

၁၉၉၁ က ထောက်လှမ်းရေး တပ်ဖွဲ့ဝင်ရှေ့အစစ်ခံချက်ကို သက်သေခံအဖြစ် လက်ခံခဲ့သည့် ရဲနောင်ပါ-၂ စီရင်ထုံးမှာသံသယ ဖြစ်ဖွယ်ရာကျင့်ဝတ်သိက္ခာကျိုး ပျက်မှု၏အကျည်းတန်ပြယုဂ်တစ် ခုဖြစ်ခဲ့ပြီး ၂၀၁၃ က အခြေခံဥပ ဒေဆိုင်ရာ ခုံရုံးတစ်ဖွဲ့လုံးနုတ် ထွက်သွားခဲ့ရခြင်းမှာ ကျင့်ဝတ် သိက္ခာခြိမ်းမြောက်ခံရမှု၏မလှပ သော ပြယုဂ်တစ်ခုဖြစ်ခဲ့ပါသည်။

သားသမီးကို ထိန်းကျောင်းဖို့ အမိအဖကိုယ်တိုင် အကျင့်သိက္ခာ ကောင်းရှိရပါမည်။ အမိအဖက အကျင့်သိက္ခာကောင်းမရှိ၊ သား သမီးကိုလည်း ကောင်းမွန်အောင် မထိန်းကျောင်းနိုင်လျှင် ရပ်ရွာက ဝင်ရောက်ထိန်းကျောင်းမည်သာ ဖြစ်ပါသည်။ စောင့်စည်းအပ် သည်ဆိုလျှင်၊ ကျင့်ဝတ်သိက္ခာကို မလိုက်နာလျှင် မနေရသည့် ထိန်း ကွပ်မှုရှိဖို့ လိုပါသည်။ စည်းနှောင် အားရှိစေရပါမည်။ ထို့အတူ ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှုကို အကာအကွယ်ရစေသည့်အာမခံ ချက်ရှိဖို့လည်း လိုပါသည်။

ကျင့်ဝတ်သိက္ခာဆိုသည်မှာ ဒန်အိုးဒန်ခွက်ကဲ့သို့ ပဲလှော်နှင့်လဲ ၍ရသည့်  ပစ္စည်း မဟုတ်သော ကြောင့်ဖြစ်ပါသည်။     ။



7Day News Journal

No comments:

Post a Comment