Latest News

Wednesday, March 8, 2017

ငွေဆောင်ကမ်းခြေတွင် ရေငုပ်အပန်းဖြေသူ များပြားလာ

ငွေဆောင်ကမ်းခြေတွင် ရေငုပ်အပန်းဖြေသူ များပြားလာ



၂၀၁၇ နှစ်ဆန်းကစ၍ ငွေဆောင် ကမ်းခြေတွင် ပင်လယ်ရေအောက်ရှုခင်းများ ကြည့်ရှုနိုင်သည့်Scuba Diving အပန်းဖြေ ရေငုပ်သော ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် ၇၅ ရာခိုင်နှုန်းကျော် တိုးတက်လာကြောင်း Myanmar Dive Center ကုမ္ပဏီမှ မန်နေဂျာကိုရူပသက်ဝေက ပြောသည်။

Myanmar Dive Center သည် ပင်လယ်ရေအောက် ရှုခင်း များကြည့်ရှုသည့် Scuba Diving ၀န်ဆောင်မှုကို ၂၀၁၅ ဒီဇင်ဘာက စ၍ ငွေဆောင်ကမ်းခြေတွင် ၀န် ဆောင်မှုပေးနေပြီး ယခင်က ပင် လယ်ရေအောက် ရှုခင်းကြည့်ရှုမှု သည် တစ်လလျှင် လေးကြိမ်ခန့်သာရှိသော်လည်း ၂၀၁၇ နှစ်ဆန်း ကစ၍ တစ်ပတ်လျှင် လေးကြိမ်ခန့်အထိ မြင့်တက်လာခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘Dive တစ်ကြိမ်လုပ်ရင် အ နည်းဆုံးနှစ်ဦးကနေ ခြောက်ဦးအ ထိ ရှိပါတယ်။ ပင်လယ်ရေ အောက်ရှုခင်းတွေ ကြည့်တာကို အရင်က နိုင်ငံခြားသားတွေပဲ အ များစုပြုလုပ်လေ့ရှိပေမယ့် အခု နောက်ပိုင်းမှာ ပြည်တွင်းက ခရီးသွား ဧည့်သည်တွေပါ စိတ်ဝင်စား မှုမြင့်တက်လာတဲ့အတွက် ရေငုပ် ဖို့ နေရာတွေ လေးနေရာအထိ တိုးချဲ့ထားပြီး ၀န်ဆောင်မှုပေးနေ ပါတယ်’’ဟု ကိုရူပသက်ဝေက ပြောသည်။

ပင်လယ်ရေအောက်ရှုခင်း များ ကြည့်ရှုနိုင်ရန် စီစဉ်ပေးသည့် Myanmar Dive Centerကို ငွေဆောင်ကမ်းခြေရှိ Sunny Par-adise ဟိုတယ်အနီး ဖွင့်လှစ်ထားပြီး စိတ်ဝင်စားမှု မြင့်တက်လာ၍ မြိတ်ကျွန်းစုများအနီးတွင်  DiveCenter တစ်ခု ထပ်မံဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ထပ်မံ၍ပြောပြ သည်။



7Day News Journal

No comments:

Post a Comment