Latest News

Thursday, March 23, 2017

ပထမဆုံး အမှိုက်မီးရှို့ စက်ရုံ ဧပြီ ၁ ရက် စတင် လည်ပတ်မည် ဟု စည်ပင် တာဝန်ရှိသူ ပြော

ပထမဆုံး အမှိုက်မီးရှို့ စက်ရုံ ဧပြီ ၁ ရက် စတင် လည်ပတ်မည် ဟု စည်ပင် တာဝန်ရှိသူြြေြေေ
ပာ

မြန်မာနိုင်ငံ၏ ပထမဆုံး အမှိုက်မီးရှို့ စက်ရုံကို ဧပြီ ၁ ရက်တွင် လုပ်ငန်းစတင် လည်ပတ်မည် ဟု ရန်ကုန်မြို့တော် စည်ပင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန ဌာနမှူး ဒေါက်တာ အောင်မြင့်မော် က ပြောသည်။

မြန်မာနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်း၍ Joint Crediting Mech-anism ဖြင့် တစ်ရက်လျှင် တန် ၆၀ မီးရှို့နိုင်သည့် အမှိုက်မီးရှို့ စက်ရုံကို ရွှေပြည်သာမြို့နယ်တွင် ၂၀၁၅ အောက်တိုဘာက စတင် တည်ဆောက်ခဲ့သည်။ စက်ရုံ တည်ဆောက်မှုသည် ၂၀၁၇ ဖေဖော်ဝါရီ၌ ပြီးစီးခဲ့သည်။

လျှပ်စစ်စွမ်းအင် ထုတ်ယူနိုင်သည့် အမှိုက်မီးရှို့ စက်ရုံကို ဧပြီ ၁ ရက်တွင် စတင် လည်ပတ်မည် ဖြစ်ပြီး ဧပြီ ၇ ရက်၌ စက်ရုံဖွင့်ပွဲ ပြုလုပ်မည် ဟု ဌာနမှူး ဒေါက်တာ အောင်မြင့်မော် က ပြောကြားသည်။

ထို့အပြင် အမှိုက်မီးရှို့စက် လည်ပတ်ရန် ဂျပန် ပညာရှင်များက တစ်နှစ်ခန့် ကူညီပေးမည် ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး အမှိုက်မီးရှို့ စက်ရုံမှ လျှပ်စစ် ဓာတ်အား ၇၀၀ ကီလိုဝပ် ထွက်ရှိမည် ဖြစ်ပြီး ၄၀၀ ကီလိုဝပ်ကို စက်ရုံ လည်ပတ်ခြင်း၌ သုံးစွဲ၍ ၃၀၀ ကီလိုဝပ် ကို မဟာ ဓာတ်အားလိုင်းသို့ ထည့်သွင်းမည် ဖြစ်ကာ ဓာတ်အားခကိုမူ လျှပ်စစ် ဝန်ကြီးဌာနနှင့် ညှိနှိုင်းနေကြောင်း ၎င်းက ဆက်လက် ပြောသည်။

အမှိုက်မီးရှို့ စက်ရုံကို ဂျပန်နိုင်ငံက ကန်ဒေါ်လာ ၈ ဒသမ ၂ သန်း ကူညီ ထောက်ပံ့၍ ရန်ကုန် စည်ပင် သာယာရေး ကော်မတီ က ဒေါ်လာ ရှစ်သန်း အကုန်အကျခံ တည်ဆောက် ခဲ့ကြောင်း သိရှိရသည်။ ( 7Day )

No comments:

Post a Comment