Latest News

Tuesday, March 14, 2017

အရက်မူးလာသည့် သားက ထိုးကြိတ်သဖြင့် ဖခင်သေဆုံး

အရက်မူးလာသည့် သားက ထိုးကြိတ်သဖြင့် ဖခင်သေဆုံး



အရက်မူးပြီး ပြန်လာ သည့် သားက ထိုးကြိတ်ခဲ့သဖြင့် အသက်(၅၄)နှစ်အရွယ် ဖခင်ဖြစ်သူ သေဆုံးမှု ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင်ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

 မတ်လ ၁၁ရက် ညနေ ၄နာရီခန့်က ဦးရန်အောင်၏ သားဖြစ်သူ အသက် (၃၂)နှစ်အရွယ် ရန်မျိုးအောင်သည် အရက်မူးကာနေအိမ်သို့ပြန်လာပြီး ဖခင်ကိုထိုးကြိတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ဖခင်ဖြစ်သူသည် ရေချိုးခန်းအရှေ့၌ မှောက်လျက်အနေအထားဖြင့်သေဆုံးနေပြီး အလောင်းကို မြောက်ဥက္ကလာပဆေးရုံတွင် ရင်ခွဲစစ်ဆေးရာမှ လူသတ်မှုပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်း ရဲစ ခန်းတွင် သေမှုသေခင်းဖြင့် ကန ဦးအမှုဖွင့်ထားသည့်အမျိုးသား အလောင်းကို ရင်ခွဲစစ်ဆေးချက် များအရ ဘယ်ဘက်နံရိုး ကိုး ချောင်းကျိုး၍ နံရိုးအပိုင်းအစများ  အဆုတ်ကို ထိုးမိပြီး သေဆုံး ကြောင်း ပေါ်ပေါက်သဖြင့် မတ် လ ၁၂ရက်တွင် လူသတ်မှုအဖြစ် ပြောင်းလဲအမှုဖွင့်ခဲ့ကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိ တစ်ဦးကဆိုသည်။

ဖခင်သေဆုံးသည်အထိ ထိုးကြိတ်ခဲ့သော ရန်မျိုးအောင်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။



7Day News Journal

No comments:

Post a Comment