Latest News

Monday, March 6, 2017

လောက်ကိုင်မြို့တွင်းတိုက်ပွဲ ငြိမ်သက်နေပြီဟုဆို

လောက်ကိုင်မြို့တွင်းတိုက်ပွဲ ငြိမ်သက်နေပြီဟုဆို


တပ်မတော်နှင့် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တို့ ယနေ့(မတ်လ ၆ ရက်) နံနက် ၂ နာရီခန့်မှစ၍ လောက်ကိုင်မြို့အတွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ နံနက် ၁၀ နာရီခန့်အချိန်တွင် ငြိမ်သက်သွားပြီဖြစ်ကြောင်း ကိုးကန့်မြို့နယ် စစ်ဘက်ဆိုင်ရာ ကွပ်ကဲအုပ်ချုပ်ရေးအဖွဲ့ တပ်မတော်အရာရှိတစ်ဦးက The Voice သို့ အတည်ပြု ပြောကြားသည်။

“နယ်မြေရှင်းလင်းရေးတော့ လုပ်နေပါတယ်။ တိုက်ပွဲလည်း နံနက်လင်းအားကြီးမှာ နှစ်ဖက်စဖြစ်ခဲ့ပေမယ့် အခုငြိမ်သွားပါပြီ”ဟု အဆိုပါ တပ်မတော်အရာရှိက ပြောကြားသည်။

ထို့ကြောင့် တပ်မတော်အနေနှင့် နယ်မြေရှင်းလင်းရေး ဆက်လက် ဆောင်ရွက်နေပြီး လောက်ကိုင်နှင့် ကိုးကန့်ဒေသ အဝင်၊ အထွက် လမ်းကြောင်းများကို ပိတ်ဆို့ထားကြောင်း၊ ဒေသခံ တိုင်းရင်းသားများနှင့် နိုင်ငံ့ဝန်ထမ်းများ လုံခြုံရေး နီးစပ်ရာ နေရာများတွင် လတ်တလော ခိုလှုံနေကြရန် သတိပေးထားကြောင်း ၎င်းကရှင်းပြသည်။


The Voice

No comments:

Post a Comment