Latest News

Monday, March 6, 2017

တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံ၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် မီးလောင် ဒဏ်ရာများ အခမဲ့ခွဲစိတ်ကုသပေး

တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံ၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့်
မီးလောင် ဒဏ်ရာများ အခမဲ့ခွဲစိတ်ကုသပေး

တာချီလိတ် မတ် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ မီးလောင် ဒဏ်ရာ၊ အဆီအကျိတ်နှင့် ခြေပူးလက်ပူးရှိသူများအား ဂျာမနီနိုင်ငံမှ ဆရာဝန်များနှင့် မြန်မာဆရာဝန်အဖွဲ့ တို့ပူးပေါင်း၍ အခမဲ့ခွဲစိတ် ကုသပေး ခြင်းကို မတ် ၅ ရက်က စတင်ကုသ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

အခမဲ့ခွဲစိတ် ကုသပေးရာတွင် ဂျာမနီနိုင်ငံမှ Dr. Nureddin Alamuti ဦးဆောင်သော ဆရာဝန် အဖွဲ့နှင့် မြန်မာဆရာဝန်အဖွဲ့တို့က နှုတ်ခမ်းကွဲ၊ အာခေါင် ကွဲနှင့် အဆီ အကျိတ်ရှိသူ ခုနစ်ဦးအား စတင် ခွဲစိတ် ကုသပေး လျက်ရှိသည်။

ယင်းသို့ ခွဲစိတ်ကုသရာတွင် ခရိုင်ကုသရေး ဦးစီးမှူး ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်နှင့် ကျန်းမာ ရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ စေတနာရှင် အလှူရှင်များ နှင့် တာဝန်ရှိသူများက လိုအပ်သည်များ ကူညီပေးလျက်ရှိသည်။

အဆိုပါအခမဲ့ခွဲစိတ်ကုသမှုခံယူရန် အနယ်နယ်အရပ်ရပ်မှ ဝေဒနာရှင် ၈ဝ ခန့် စာရင်းပေးထားပြီး မတ် ၅ ရက်မှ ၁၄ ရက်အထိ ခွဲစိတ်ကုသပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံလင်း(ပြန်/ဆက်)

No comments:

Post a Comment