Latest News

Monday, March 6, 2017

ရှက်တတ်သူတွေကို မပြောသင့်တဲ့ စကား (၅) ခွန်း

ရှက်တတ်သူတွေကို မပြောသင့်တဲ့ စကား (၅) ခွန်း



လူပေါင်း ၄၀ ရာခိုင်နှုန်းကျော်လောက်ဟာ ရှက်တတ်သူတွေဖြစ်တယ်လို့ Indiana တက္ကသိုလ်၊ သုတေသနဌာနမှ စိတ်ပညာပါမောက္ခ ဘာနာဒိုကာဒတ်ချီက ပြောထားပါတယ်။ ရှက်နေတာကို တခြားအဓိပ္ပါယ်တစ်ခုခုနဲ့ အဓိပ္ပါယ်ကောက်မှားတတ်ကြတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ရှက်နေတဲ့ အပြုအမူဟာ မသိသာဘူးဆိုရင် ကိုယ်ပြောလိုက်တဲ့စကားတွေဟာ အကူအညီမဖြစ်တဲ့စကားမျိုး၊ ရိုင်းစိုင်းတဲ့စကားမျိုး ဖြစ်သွားတတ်ပါတယ်။

ရှက်တတ်တဲ့ အကျင့်ရှိသူကို မပြောသင့်တဲ့ စကားတွေ ရှိပါတယ်။

၁ - စကားလည်း မပြောဘူး
စကားမပြောပါလား၊ တိတ်လှချည်လား ဆိုတဲ့စကားတွေဟာ ရှက်တတ်သူတွေ ခဏခဏ ပြောခံရတဲ့ စကားဖြစ်ပါတယ်။ သူတို့မှာ ပြောစရာ စကားအများကြီးရှိတာကို သူတို့နဲ့ရင်းနှီးသွားမှ သိတာပါ။ စကားဝိုင်းထဲ သူတို့စကားမပြောတာကို သင့်ဘက်က ထောက်ပြလိုက်တာဟာ သူတို့ရှက်နေကြောင်း လူအားလုံးသိအောင် သင်က ကြေညာပေးသလိုပါပဲ။


၂ - မခင်တတ်ဘူး
မခင်တတ်တာ၊ ဖော်ဖော်ရွေရွေ မရှိတာ မဟုတ်ပါဘူး။  သင့်ကို စကားပြောချင်ပေမဲ့ ဘယ်လိုပြောရမယ်မှန်း မသိတာပါ။ ဘယ်လိုချည်းကပ်ရမယ်မှန်း မသိတာပါ။ ဒါပေမဲ့ မဖော်ရွေဘူး၊ ခင်ခင်မင်မင်မရှိဘူးလို့ ပြောခံရတဲ့အခါ တကယ်နာကျင်ရပါတယ်။ ဒါဟာ အမှန်တရားမဟုတ်ပါဘူး။

၃ - ပြောနေတာတွေကိုနားလည်လား
ရှက်တာကြောင့် မဝံ့မရဲပုံပေါက်နေတာပါ။ ဒါပေမဲ့ တစ်ဖက်က အာရုံစိုက်မှုမရှိဘူးလို့ နားလည်မှုလွဲပြီး ပြောမိတာပါ။ အထူးသဖြင့် လူတွေအများကြီးရှိနေတဲ့အခါမျိုးမှာ ဒီလိုအခြေအနေမျိုးကို ကြုံရပါတယ်။


၎ - အခုချက်ချင်းလုပ်
ရှက်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ယောက်ကို တစ်ခုခုလုပ်ဖို့ ဖိအားပေးတဲ့စကားမျိုး မပြောသင့်ပါဘူး။ ရှက်တာကြောင့် မဝံ့မရဲဖြစ်နေတတ်ပေမဲ့ သူတို့အသင့်ဖြစ်တဲ့ အရာကိုပဲ လုပ်ခိုင်းသင့်ပါတယ်။ လုပ်သင့်တယ်ဆိုပြီး အတင်းမြှောက်ပေးတာဟာ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

၅ - ကျယ်ကျယ်ဘာလို့ မပြောတာလဲ
 ရှက်နေတဲ့သူအပေါ် သင်ဘယ်လောက်ပဲ လွှမ်းမိုးမှုရှိရှိ ဒီလို ငေါက်ငမ်းပြောဆိုတာမျိုး မလုပ်သင့်ပါဘူး။ ပြောမှ ဖြစ်မယ်ဆိုရင်လည်း သင်တကယ်မကြားမှဘဲ ပြောသင့်ပါတယ်။

Photos & Souce: Prevention

Duwun

No comments:

Post a Comment