Latest News

Friday, March 10, 2017

ပုဒ်မ ၆၆(ဃ) ရဲ့ အခြားတစ်ဖက်

ပုဒ်မ ၆၆(ဃ) ရဲ့ အခြားတစ်ဖက်

သုံးနှစ်နဲ့ ငါးလတာကာလကို ဖြတ်သန်းခဲ့ ပြီးပါပြီ။ ၂၀၁၃ အောက်တိုဘာ ၈ ရက်မှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေရဲ့ သက်တမ်းဖြစ်ပါတယ်။ တစ်နည်းဆိုရရင်တော့ ဒီကနေ့ကာလ  အများပြည်သူကြား ဝေဖန်ကန့် ကွက်မှုတွေ ပြင်းထန်နေတဲ့ ပုဒ်မ ၆၆(ဃ) ရဲ့သက်တမ်းလည်းဖြစ် ပါတယ်။

ဒီပုဒ်မဟာ ဆက်သွယ်ရေး ဥပဒေထဲမှာ နတ်ဆိုးတစ်ကောင်၊ မကောင်းဆိုးဝါးတစ်ကောင်အ ဖြစ် ဝင်ရောက်ပူးကပ်ပါဝင်လာခဲ့ တာဖြစ်ပါတယ်။ ဒီပုဒ်မဟာ မတ ရား၊ မမျှတတဲ့ ပုဒ်မတစ်ခုဖြစ်တာ ကြောင့် အများက ဝေဖန်ပြစ်တင် ခဲ့ကြပါတယ်။ ဆန့်ကျင်ရှုတ်ချခဲ့ ကြပါတယ်။ ဖြတ်သန်းခဲ့ပြီးတဲ့ သုံးနှစ်ငါးလတာ ကာလအတွင်း မှာ ဒီပုဒ်မကြောင့် လူပုဂ္ဂိုလ်အများအပြားဟာ ဖမ်းဆီးခြင်း၊ ချုပ် နှောင်ခြင်း၊ အပြစ်ပေးခံရခြင်း စတဲ့ တရားတပေါင် ရင်ဆိုင်ရ ခြင်းများနဲ့ ကြုံတွေ့ခဲ့ကြရပြီးဖြစ် ပါတယ်။

ဒီမိုကရေစီစနစ်ပီပြင်စွာ အ ကောင်အထည်ဖော်နိုင်ရေးကို ဦးတည်ထားတဲ့ လက်ရှိ အရပ် သား အစိုးရလက်ထက်တိုင် အောင် ဒီပုဒ်မဟာ ခေါင်းမော့၊ ရင်ကော့နေဆဲဖြစ်ပါတယ်။ ပြော ရမယ်ဆိုရင် ဒီအစိုးရလက်ထက် တစ်နှစ်တာအတွင်းမှာ ဒီပုဒ်မနဲ့ အမှုဖွင့်ခံရမှုအရေအတွက်ဟာ ရှေ့အစိုးရထက် ပိုများခဲ့ပါတယ်။ အသုံးချရကောင်းမှန်းသိခဲ့တာ ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။

ဆက်သွယ်ရေးဥပဒေဆိုင် ရာ သုတေသနအဖွဲ့ရဲ့ ၂၀၁၆ ဒီ ဇင်ဘာ ၉ ရက်ထိ ကောက်ခံထား တဲ့စာရင်းအရ အရင်အစိုးရလက် ထက်မှာ ဒီပုဒ်မနဲ့ တရားစွဲခံရမှု ခုနစ်မှုရှိခဲ့ပြီး ပြစ်ဒဏ်ကျခံရသူ ငါးဦးရှိခဲ့ကြောင်း၊ လက်ရှိ အစိုးရ လက်ထက်မှာတော့ အမှုပေါင်း ၄၁ မှုရှိခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရသူ သုံးဦးနဲ့ ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၄ ဦးအထိ ရှိနေကြောင်း ၂၀၁၆ ဒီဇင်ဘာ ၁၄ ရက်က တင်ဆက်ခဲ့ တဲ့ ဆဲဗင်းဒေးရုပ်သံသတင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီပုဒ်မနဲ့ အမှုဖွင့်ခံရမှု၊ အရေးယူ ထားမှုတွေလည်း ဒီ ၂၀၁၇ ထဲမှာ ဆက်လက်တည်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းဖြစ်တဲ့ မတ် လ ၇ ရက်ကပဲ Myanmar Now သတင်းဌာနအယ်ဒီတာချုပ် ကို ဆွေဝင်းကို မန္တလေးက ဦးကျော် မျိုးရွှေဆိုသူက တရားစွဲလိုက်ပါ တယ်။ ကိုဆွေဝင်းဟာ Ba Kaungအကောင့် အသုံးပြုပြီး ဦးဝီရသူကို ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းဖို့၊ အသရေပျက်စေဖို့ ဖေ့စ်ဘွတ်ခ် ပေါ်မှာ ရည်ရွယ်ရေးသားခဲ့တယ် လို့ ဆိုကာ ဥပဒေအရ အရေးယူ ပေးဖို့ ဦးဝီရသူရဲ့ ညွှန်ကြားချက် နဲ့ တိုင်တန်းခဲ့တယ်လို့ သိရပါ တယ်။

ဒီလိုတရားစွဲတိုင်ကြားခဲ့ပြီး နောက်ရက်ဖြစ်တဲ့ မတ်လ ၈ ရက် ညနေပိုင်းမှာတော့ မကြာခင် ရန် ကုန်လာရောက်ပြီး ရဲစစ်ချက်ယူ မယ်လို့ မန္တလေးမဟာအောင်မြေ ရဲစခန်းက စခန်းမှူးရဲအုပ်ကျော် သူက ကိုဆွေဝင်းကို ဖုန်းဆက်အ သိပေးခဲ့ကြောင်း ဆဲဗင်းဒေးသ တင်းမှာ ဖတ်လိုက်ရပါတယ်။ ဒီအမှုကို လက်ခံဆောင်ရွက်တာ ဟာ အထက်အဆင့်ဆင့်ကို တင်ပြတောင်းခံပြီးမှ လက်ခံဆောင် ရွက်တာဖြစ်တယ်လို့လည်း ရဲအုပ်က ပြောကြားခဲ့တယ်လို့ သတင်း မှာ ဆိုပါတယ်။

ဒီလိုအမှုဖွင့်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ကိုဆွေဝင်းကတော့ ‘‘ဘယ်လိုပဲဖြစ်ဖြစ် အဓမ္မဝါဒီတွေ ကို ဓမ္မခွန်အားများနဲ့ ရင်ဆိုင်ဖို့၊ အဓမ္မဝါဒီတွေကို သစ္စာတရားနဲ့ အချိန်မရွေး တိုက်ဖျက်ဖို့ အသင့် ဖြစ်ကြောင်း အခိုင်ပြောဆိုလိုပါ တယ်။ အင်မတန်ကြီးလေးတဲ့ ဒု စရိုက်မှုတွေကို တရားဝင်လူသိ ရှင်ကြား ထောက်ခံပြောဆိုနေတဲ့ ဒုစရိုက်သမားများကို အာဏာပိုင် များက အရေးမယူပေမယ့် သ တင်းစာသမားတစ်ယောက်အနေ နဲ့ အဓမ္မကို အဓမ္မအဖြစ် ထောက် ပြခဲ့တာနဲ့ပတ်သက်ပြီး မည်သည့် နည်းနှင့်မျှ တောင်းပန်စရာ၊ ညှိ နှိုင်းစရာ မရှိကြောင်းလည်း ပြော ဆိုလိုပါတယ်’’ဆိုပြီး သူ့ရဲ့ဖေ့စ် ဘွတ်ခ် အကောင့်ဖြစ်တဲ့ Ba Kaung မှာ မတ်လ ၈ ရက်က ထုတ်ဖော် ပြောဆိုထားပါတယ်။

ကိုဆွေဝင်းကို အမှုဖွင့်လိုက် တယ်လို့ ကြားသိရချိန်မှာပဲ ဒီပုဒ်မ၆၆(ဃ) နဲ့ပတ်သက်တဲ့ ဝေဖန်မှု၊ ပြစ်တင်မှု၊ ရှုတ်ချမှုတွေ ကျယ် ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြန်ပါ တယ်။ မီဒီယာနဲ့ လူ့အခွင့်အရေး အဖွဲ့စည်းများကလည်း သဘောထား ကြေညာချက်တစ်စောင်ကို မတ်လ ၈ ရက်စွဲနဲ့ ပူးတွဲထုတ်ပြန် ကြေညာခဲ့ပါတယ်။

အဲဒီကြေညာချက်ထဲမှာ တော့ ‘‘ကိုဆွေဝင်းအနေဖြင့် အ မုန်းတရား ဖြန့်ချိနေသူများ အ ကြောင်းကို အထောက်အထား၊ အကိုးအကာများဖြင့် သတင်းစာ ဆရာတစ်ယောက်၏ကျင့်ဝတ်နှင့် အညီ အများပြည်သူအကျိုးရှိစေ ရန် တင်ဆက်ခြင်းသာဖြစ်သည် ဟု ကျွန်ုပ်တို့အဖွဲ့အစည်းများက ရှုမြင်ကြပါသည်’’ဆိုပြီး ဖော်ပြ ထားပါတယ်။

‘‘ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဆိုသည်မှာလည်း လူ တိုင်း၏အခြေခံရပိုင်ခွင့်ဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်ကို ဟန့်တားနေသော ဥပဒေ ပုဒ်မဖြစ်သောကြောင့် အမြန်ဆုံး ပြင်ဆင်/ဖျက်သိမ်းရန် လိုအပ်နေ သည်ဟု ကျွန်ုပ်တို့အဖွဲ့အစည်း များက ဥပဒေပြုလွှတ်တော်နှင့် အစိုးရအဖွဲ့အား တိုက်တွန်းလိုပါ သည်။ ထို့ပြင် အမုန်းတရားဖြန့်ချိ ပြီး လူ့အဖွဲ့အစည်းအတွင်း မ တည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်နေ  သူများကို ထိရောက်စွာ အရေးယူ ကြပ်မတ်ပေးနိုင်ပါရန်နှင့် အမှန် တရားဖော်ထုတ်နေသူများကို ပုဒ် မ ၆၆(ဃ) ဖြင့် ခြိမ်းခြောက်တရား စွဲဆိုနေခြင်းများကို ဆန့်ကျင်ပါ ကြောင်း ကျွန်ုပ်တို့အဖွဲ့များက ညီညွတ်စွာ သဘောထားထုတ် ပြန်ကြေညာအပ်ပါသည်’’ဆိုပြီး တော့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ပုဒ်မ ၆၆(ဃ) နဲ့ ပတ်သက် ပြီး ပြင်ဆင်/ပယ်ဖျက်ပေးဖို့ ပြည် သူက တောင်းဆိုမှုတွေ အကြိမ် ကြိမ်ပြုခဲ့ဖူးပါတယ်။ အဲဒီနောက် မှာတော့ လွှတ်တော်တွင်းကနေ ပြင်ဆင်ဖို့ အသံတချို့ထွက်ခဲ့ပါ တယ်။ ဒီလိုနဲ့ လွှတ်တော်အစည်း အဝေးတွေ အကြိမ်ကြိမ်ကျင်းပခဲ့ ပေမယ့် ဒီကနေ့အချိန်ထိ ပုဒ်မ ၆၆(ဃ) ပြင်ဆင်/ပယ်ဖျက်ရေး ဆွေးနွေးချက်များကတော့ လွှတ်တော်ထဲမှာ ပေါ်ထွက်မလာသေး ပါဘူး။

၂၀၁၆ ဒီဇင်ဘာထဲမှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးနောက်ဆုံးနေ့ မှာတော့ ပြည်သူ့လွှတ်တော်ဥက္က ဋ္ဌ ဦးဝင်းမြင့်က ပုဒ်မ ၆၆(ဃ) နဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စား လှယ်တွေ မေးမြန်း၊ တင်သွင်းတာ မရှိသေးဘူးလို့ ဆိုခဲ့ပါတယ်။ အဲဒီလိုပြောဆိုပြီးနောက် ရက်ပိုင်းအ တွင်းမှာပဲ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံး သပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦး ရွှေမန်းက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်ရေးဆွဲ ထားတဲ့ ဥပဒေကြမ်းကို ပညာရှင် များနဲ့တိုင်ပင်ပြီး ပြည်ထောင်စု လွှတ်တော်ကို တင်ပြထားတယ် လို့ ဆိုပါတယ်။ အခု စတုတ္ထပုံမှန် အစည်းအဝေးကျင်းပနေချိန်ဖြစ် ပါတယ်။ ပုဒ်မ ၆၆(ဃ) အရေးက တော့ အသံတိုးတိတ်လျက်သာ ရှိနေပါသေးတယ်။

ဒီပုဒ်မဟာ မတရားတဲ့ ပုဒ်မ၊ မမျှတတဲ့ ပုဒ်မဆိုတာ သုံးနှစ်ကျော်ကြာ ဖြတ်သန်းခဲ့ပြီးတဲ့ ပြည်သူလူထုရဲ့ ကြွေးကြော်သံ၊ ဝေဖန်သံ၊ ရှုတ်ချသံတွေက သက်သေတည်နေပါတယ်။ အဲဒီပုဒ်မ ၆၆(ဃ) ရဲ့ အခြားတစ်ဖက်မှာ တရားမျှတမှုကို လိုလားတဲ့ ပြည်သူအ များစုရှိနေပါတယ်။ ဒီလိုမတရား၊ မမျှတတဲ့ ပုဒ်မကို စွဲကိုင်အသုံး ချနေသူ၊ အားပေးအားမြှောက် ပြုသူများကတော့ ဒီပုဒ်မနဲ့ တစ်ဖက်တည်းမှာ ရပ်ခံသူများဖြစ်ပါ တယ်။ မတရားတဲ့သူ၊ မမျှတတဲ့ သူများသာ ဖြစ်ကြောင်း အသိ ပေးလိုပါတယ်။

ဒီလို မတရား၊ မမျှတတဲ့ပုဒ် မကို တရားတဲ့ပုဒ်မ၊ မျှတတဲ့ပုဒ်မ တစ်ခုဖြစ်ဖို့အတွက် အဓိကစွမ်း ဆောင်ပေးရမှာက ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ပဲဖြစ်ပါ တယ်။

 ဒီပုဒ်မကို ပြင်ဆင်ခြင်း(သို့ မဟုတ်)ပယ်ဖျက်ခြင်းကို ပြုရမယ့်တာဝန်အပြည့်ရှိနေတဲ့ လွှတ် တော်ဟာ ဒီပုဒ်မရဲ့အခြားတစ် ဖက်ဖြစ်တဲ့ ပြည်သူလူထုဘက်မှာ ဘယ်လိုပုံစံနဲ့ ရပ်တည်သွားမလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့် သွားကြရဦးမှာဖြစ်ပါတယ်။

ပုဒ်မ ၆၆(ဃ) ပြင်ဆင်/ပယ်ဖျက်ရေး ပြည်သူလူထုစောင့် ကြည့်ခဲ့တဲ့ ကာလကလည်း မနည်းတော့ပါဘူး။ ဆိုင်ရာအဖွဲ့အစည်း များ သတိပြုမိစေလိုပါတယ်။ ထို့ အတူပဲ ထပ်မံပြောဆိုလိုတာက တော့ ပြည်သူလူထုအများစုဟာ ပုဒ်မ ၆၆(ဃ) ရဲ့ ဆန့်ကျင်ရာအ ရပ် အခြားတစ်ဖက်မှာ ရောက်ရှိ နေပြီးဖြစ်ကြောင်းပါ။       ။

7Day News Journal

No comments:

Post a Comment