Latest News
Sunday, March 5, 2017
ဦးဝီရသူ ကို ဖမ်းဆီးထိန်းသိမ်းတော့မယ်..
ဦးဝီရသူ ကို ဖမ်းဆီးထိန်းသိမ်းတော့မယ်..
၂၀၁၂ ခုနှစ်က စတင်ပြီး အမျိုးသားရေး ခေါင်းစဉ်အောက်မှာ အစွန်းရောက်မျိုးချစ်တရားတွေနဲ့ အမုန်းစကားများ ဖြန့်ဝေမှု စဉ်ဆက်မပြတ်လုပ်ဆောင်လာနေတဲ့ မန္တလေး မစိုးရိမ် တိုက်သစ်က ဦးဝီရသူ ခေါ်  လူအမည် ဦးဝင်းခိုင်ဦးကို ဖမ်းဆီးထိန်းသိမ်းရန် ပြင်ဆင်နေပြီဖြစ်ကြောင်းနေပြည်တော်ရှိ ပြည်ထဲရေး ဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ ထိပ်တန်း အရာရှိ တဦးက ပြောလိုက်ပါတယ်။
 လွန်ခဲ့တဲ့ လက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ဥပဒေ အကြံပေး ဦးကိုနီ လုပ်ကြံခံရပြီးနောက် ဖမ်းဆီးရမိသူများထဲတွင် မဘသ အဖွဲ့နှင့် နီးစပ်သူ စစ်ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီအပြင်  ဒုတိယဗိုလ်မှူးကြီး အောင်ဝင်းခိုင်က ငွေ သိန်း ၁ ထောင်ပေး၍ လုပ်ကြံသတ်ဖြတ်ခိုင်းတယ်ဆိုတဲ့ သူ့ညီ ဗိုလ်ကြီးဟောင်း ဘုရားခိုးဂိုဏ်းမှ အောင်ဝင်းဇော်က ထွက်ချက်ပေးပြီးနောက်ပိုင်း ယခုသတ်ဖြတ်မှုသည် မဘသ မှ ဦးဝီရသူနဲ့ပတ်သက်နေတယ်ဆိုတဲ့ ကောလဟာလများ ပျံ့နှံ့ခဲ့ချိန်လည်း ဖြစ်ပါတယ်။
ဒီအချိန်မှာ ဦးဝီရသူက ယမန်နေ့က ဦးကိုနီအား သတ်ဖြတ်ခဲ့သူ ကြည်ဝင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်ခိုင်နဲ့ ဇေယျာဖြိုးတို့ကို ကျေးဇူးတင်ကြောင်း ပို့စ်တခုကို ၄င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် တင်ခဲ့ပါတယ်။
ကြောင့် ဖမ်းဆီးမယ်ဆိုတာ အတိအကျ ထုတ်ဖော်ပြောဆို၍ မရဘူးလို့ အဆိုပါ ပြည်ထဲရေး ဝန်ကြီးဌာန အရာရှိကြီးက ဆိုပါတယ်။ ယခုထိတော့ ဦးဝီရသူကို ဖမ်းဆီးလာခြင်း မရှိသေးကြောင်း ဦးဝီရသူနဲ့ နီးစပ်သူများက ပြောပါတယ်။
လူအမည်။   ။   ဝင်းခိုင်ဦး
မွေးနေ့။       ။   ဇူလိုင်လ ၁၀ ရက်၊ ၁၉၆၈ ခုနှစ်
မွေးဇာတိ။   ။  မန္တလေးတိုင်း ကျောက်ဆည်မြို့၊ အောက်ချိပ်ရပ်
မိဘ  ။         ။ အဘ/ ဦးခင်မောင်ဝင်းနှင့်  အမိ ဒေါ်တင်တင်ဦး
မောင်မောင်ကြီး (မန္တလေး) ~
Posted  by Eaint than zin
No comments:
Post a Comment