Latest News

Sunday, March 12, 2017

အရေးကြောင်းတွေ ဝက်ခြံတွေ၊ အမည်းစက်တွေနဲ့ နေလောင်ကွက်တွေကို ပျောက်ကင်းစေမဲ့ တရုတ်နံနံပင်

အရေးကြောင်းတွေ ဝက်ခြံတွေ၊ အမည်းစက်တွေနဲ့ နေလောင်ကွက်တွေကို ပျောက်ကင်းစေမဲ့ တရုတ်နံနံပင်

ဒီနေ့မှာတော့ တင်းတိပ် ၀က်ခြံတွေနဲ့ အစက်အပျောက်တွေကို ပျောက်ကင်းစေမဲ့အပြင် အရေပြားကို စိုပြေစေမဲ့ နည်းလမ်းကိုမျှဝေပေးသွားမှာပါ။

တရုတ်နံနံပင်မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် မဂ္ဂနီ နဲ့ ပိုတက်ဆီယမ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ပင်ပန်းနွမ်းနယ်တာ၊ ဆီးနဲ့ဆိုင်တဲ့ရောဂါတွေ၊ ဖျားနာတာ၊ ကျောက်ကပ်နဲ့ဆိုင်တဲ့ရောဂါတွေ၊ ဆီးချိုနဲ့ မျက်လုံးရောင်ရမ်းတာတွေအတွက် အထူးကောင်းမွန်ပါတယ်။

ပါဝင်ပစ္စည်း

တောက်တောက်စင်းထားတဲ့ တရုတ်နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း

သံပိုယိုသီးအရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သို့) ပန်းသီးရှလကာရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ ၂၀၀ မီလီလီတာ

ပြင်ဆင်ခြင်း

ရေကိုဆူအောင်သည်ပြီး တရုတ်နံနံပင်ကို ထည့်ကာ ၁၅ မိနစ်လောက် သည်ထားပါ။ ပြီးရင် အအေးခံထားပါ။ မကြာခင်မှာ အဲဒီအရည်က အေးလာပါလိမ့်မယ်။ အဲဒီအခါကျရင် သံပုယိုသီးအရည် (သို့) ပန်းသီးရှလကာရည် ထည့်ပါ။ နောက်ဆုံး ခွက်တစ်လုံးထဲထည့်ထားပြီး ရေခဲသေတ္တာမှာထားပါ။

အသုံးပြုခြင်း

အဲဒီအရည်ကို မနက်တစ်ကြိမ် နဲ့ ညနေတစ်ကြိမ် လိမ်းပေးသ့်ပါတယ်။

မျက်နှာမှာတင်မက ခန္တာကိုယ်အနှံ့လိမ်းပေးလို့ရပါတယ်။ အဲဒီလိုပုံမှန်လိမ်းပေးရင် အသားအရေဖြူဖွေးလာမဲ့အပြင် အမည်းစက်ကင်းစင်ပြီး ပြစ်မျိုးမှဲ့မထင် အလှပိုင်ရှင်လေးဖြစ်လာမှာပါ။

တစ်လတည်းနဲ့  အံ့သြစရာကောင်းတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။

MyStyle Myanmar
 

No comments:

Post a Comment