အောင်မြင်ခြင်းနှင့်အချစ်
တစ်ချို့ကပြောကြတယ်။
အောင်မြင်တဲ့ယောကျာင်္းတိုင်းရဲ့နောက်ကွယ်မှာ
ထက်မြက်တဲ့မိန်းမတစ်ယောက်ရှိနေတတ်တယ်--တဲ့။
မိန်းမတယောက်ထက်မြက်လာပြီဆိုရင်
ယောကျာင်္းရဲ့နောက်မှမနေတော့ပဲရှေ့တန်းထွက်နေတဲ့
မိန်းမတွေ -လောကမှာအများကြီးရှိပါတယ်။
တကယ်တော့--
ထက်မြက်တဲ့မိန်းမတစ်ယောက်ဟာ ယောကျာင်္းရဲ့
နောက်ကွယ်က( ကန့်လန့်ကာနောက်က)
ပံ့ပိုးကူညီနေတယ်ဆိုတာ
ဒီမိန်းမရဲ့ ခင်ပွန်းသည်အပေါ်ထားတဲ့
-ချစ်စိတ်-တစ်ခုတည်းကြောင့်သာဖြစ်ပါတယ်။
အလားတူပဲ ယောကျာင်္းတစ်ယောက်ဟာလည်း
ချစ်စိတ်တစ်ခုတည်းကြောင့် မိန်းမနောက်ကွယ်ကနေပြီး
ပံ့ပိုးကူညီပေးနေတာမျိုးတွေအများကြီးရှိနေပါတယ်။
လင်နဲ့မယားဆိုတာမြန်မာ့လူဘောင်မှာ
လျှာနဲ့သွားလို အတူနေရင်းနဲ့ကိုက်မိနေတဲ့သူတွေလို့
တင်စားတတ်သလိုပဲ အတူနေရင်း
နစ်နာတယ်လို့သဘောမထားပဲ
သူ့အောင်မြင်မှုဟာ ကိုယ့်အောင်မြင်မှုပါလို့
ကျေကျေနပ်နပ်ခံယူထားတာဟာ
ချစ်စိတ် ကိုအခြေခံထားလို့သာဖြစ်ပါတယ်။
တစ်ချို့လူတွေက ချစ်စိတ်ကို တရားဝင်ရရှိထားကြပါတယ်။
ဒါကြောင့် လင်နဲ့မယားအဖြစ် ပတ်ဝန်းကျင်မှာ
တွေ့မြင်နေကြပါတယ်။
တစ်ချို့လူတွေကတော့ ချစ်စိတ်ကို တိတ်တခိုးသာ
ရရှိထားတတ်ကြပါတယ်။
ခပ်ရိုင်းရိုင်းပြောရရင် စပွန်ဆာ ရထားတယ်လို့
ဝေဖန်ပြောဆိုကြပေမယ့် ချစ်စိတ်ကို အခြေခံလို့သာ
နောက်ကွယ်က ပံ့ပိုးပေးနေနိုင်တာဖြစ်ပါတယ်။
အဲ-- ချစ်စိတ်ပျက်ပြယ်သွားတဲ့နေ့မျိုးမှာတော့
အခုနက နောက်ကွယ်မှာတိတ်တိတ်လေးနေတဲ့သူက ဘွားကနဲ ရှေ့ထွက်လာတာမျိုးတွေလည်း
အများကြီးတွေ့နေရပါတယ်။
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်-
သင်တို့ပတ်ဝန်းကျင်မှာ
အောင်မြင်နေတဲ့သူတစ်ယောက်ကိုတွေ့ရင်
သူ့ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်ပါ။
ပေါ်တင်တမျိုး၊ တိတ်တိတ်တမျိုးနဲ့
ချစ်စိတ်ကြောင့် ၀န်းရံနေကြသူတွေအများကြီးပါလားလို့
အားကျစဖွယ်တွေ့ရပါလိမ့်မယ်လို့။
( ကိုယ့်ကိုချစ်တဲ့သူမရှိပါလား ဆိုရင်တော့
အင်း- အောင်မြင်ဖို့လိုပါသေးတယ်လို့မှတ်ထားလိုက်ပါနော်။)
အားလုံးကို ချစ်တဲ့-
ကြည်ကြည်
Sunday, March 19, 2017
အောင်မြင်ခြင်းနှင့်အချစ်
Reviewed by Ar Ti
on
10:49 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment