Latest News

Tuesday, March 14, 2017

မိုးညှင်းသမ္ဗုဒ္ဓေဘုရားကြီးရှိ အလှူခံပုံးလေးပုံးမှ ကျပ်သိန်း ၂၀ ခန့် ခိုးယူခံရ

မိုးညှင်းသမ္ဗုဒ္ဓေဘုရားကြီးရှိ အလှူခံပုံးလေးပုံးမှ ကျပ်သိန်း ၂၀ ခန့် ခိုးယူခံရ


 မုံရွာမြို့နယ် မိုးညှင်း သမ္ဗုဒ္ဓေဘုရားကြီးရှိ အလှူခံပုံး လေးပုံးမှ ကျပ်သိန်း ၂၀ ခန့်ခိုးယူခံရကြောင်း ဂေါပကအဖွဲ့မှသတင်း ရရှိသည်။

မတ်လ ၁၄ ရက် နံနက် အ စောပိုင်းက မိုးညှင်းသမ္ဗုဒ္ဓေဘုရား ကြီးရှိ အလူမီနီယံမှန်ဖြင့်ပြုလုပ် ထားသော ရွှေသင်္ကန်းအလှူခံပုံး နှစ်ပုံး၊ သေနာသန အလှူခံပုံးတစ် ပုံး၊ သာသနာ့ဝေယျာဝစ္စယာဉ်အတွက် အလှူခံပုံးတစ်ပုံးစသည့် ပုံးလေးပုံး၏ အောက်ခြေကို ဖောက်ထွင်း၍ ကျပ်သိန်း ၂၀ ခန့်ခိုးယူခံရကြောင်း မိုးညှင်းသမ္ဗုဒ္ဓေဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဘလွင်ကပြောသည်။

‘‘ဘုရားကြီးတံခါးဖွင့်ချိန်က မနက် ၆ နာရီမှာဖွင့်တဲ့အချိန် ဘုရားဖူးတွေလည်း ကြိတ်ကြိတ် တိုးများတယ်။ အလှူခံပုံးတွေ ဖောက်ခံရတာတော့ မနက် ၇ နာ ရီခွဲလောက်မှသိရတယ်။ စီစီတီဗီ မှတ်တမ်းတွေကိုတော့ စစ်ဆေး နေပါတယ်။ အလှူခံပုံးထဲကငွေ တွေ အကုန်ခိုးသွားတာမဟုတ် ဘူး။ တန်ဖိုးကြီးတဲ့ငွေတွေပဲ ရွေး ယူသွားတယ်။ ငွေတွေလျော့သွား တာမရိပ်မိအောင် ဘုရားဖူးတွေ အတွက်ခင်းထားတဲ့ ကောဇော တွေအောက်က ထိုးထည့်သွား တယ်’’ဟု ဦးဘလွင်ကပြောကြား သည်။

မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားအ တွင်းအလှူခံပုံး ၁၉  ပုံးရှိသည့် အနက် အလှူငွေအများဆုံးရရှိ သည့် ပုံးလေးပုံး၌ ဖောက်ထွင်းခိုးယူခံရခြင်းဖြစ်သည်။ ခိုးယူခံရသောရွှေသင်္ကန်း အလှူခံပုံး တစ်ပုံးသည် တစ်လတစ်ကြိမ် အလှူခံပုံးဖွင့်ဖောက် စစ်ဆေးရာ ၌ ဘုရားဖူးများစည်ကားသော ပွင့်လင်းရာသီတွင် ကျပ်သိန်းတစ် ရာကျော်ရရှိလေ့ရှိပြီး ဘုရားဖူး နည်းပါးသောအချိန်တွင် ကျပ်သိန်း ၆၀ ခန့်ရရှိထားကြောင်းဘုရားဂေါပက အဖွဲ့ဝင်တစ်ဦးကပြောသည်။

မိုးညှင်းသမ္ဗုဒ္ဓေဘုရားကြီး လုံခြုံရေးအတွက် လုံခြုံရေး ရဲ ကင်းအဖွဲ့ဝင် ငါးဦးထားရှိပြီး စေတီတော်အတွင်း လုံခြုံရေး ကင်မရာ ၂၁ လုံးတပ်ဆင်ထား ကာ နေ့ရောညပါ စောင့်ကြည့် လျက်ရှိကြောင်း မိုးညှင်းသမ္ဗုဒ္ဓေ ဘုရား ဂေါပကအဖွဲ့ရုံးမှ သိရ သည်။

‘‘ဘုရားတံခါးပိတ်ချိန်က ည နေ ၅ နာရီဆိုရင် ဘုရားဖူးတွေ အားလုံးထုတ်ပြီးမှ တံခါးပိတ် တာ။ ဘုရားတံခါးပိတ်တဲ့အချိန် မှာ အလှူခံပုံးဖောက်ထွင်းတဲ့သူ က ဘုရားထဲမှာရှိနေခဲ့တာ။ စီစီ တီဗီမှတ်တမ်းတွေအရ ညဥ့်သန်း ခေါင်ကျော်အချိန်မှာ အလှူခံပုံး တွေဖောက်ထွင်းခိုးယူပြီး မနက် ဘုရားတံခါးဖွင့်တဲ့ချိန်မှ ပြန်ထွက် သွားတာလို့ ယူဆရပါတယ်’’ဟု မိုးညှင်းသမ္ဗုဒ္ဓေဘုရား လုံခြုံရေး ရဲကင်းမှူး တပ်ကြပ်ဘဟန်က ပြောသည်။

မိုးညှင်းသမ္ဗုဒ္ဓေစေတီတော် ဘုရားကြီးရှိ အလှူခံပုံးများကို ဖောက်ထွင်း၍ ငွေများခိုးယူခဲ့သူ ကို အရေးယူနိုင်ရန် ဂေါပကအဖွဲ့ဥက္ကဋ္ဌက တရားလိုပြုလုပ်၍ မုံရွာမြို့ မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။



7Day News Journal

No comments:

Post a Comment