Latest News

Saturday, March 4, 2017

ယောက်ျား မိန်းမတို့ရဲ့ ဦးနှောက်ကွာခြားမှု

ယောက်ျား မိန်းမတို့ရဲ့ ဦးနှောက်ကွာခြားမှု


ယောက်ျားနဲ့မိန်းမတို့ရဲ့ ဦးနှောက်ခြားနားမှုကြောင့် ဖြစ်ပေါ်လာတဲ့ အပြုအမူတွေကလည်း ခြားနားကြောင်းကို လက်တွေ့စမ်းသပ်ချက်မှာ ကျွန်မတို့တွေ့မြင်ခဲ့ရတယ်။
.
ယောက်ျားနဲ့မိန်းမ ရန်ဖြစ်တယ်။ ယောက်ျားက စကားတစ်ခွန်းပဲပြောတယ်၊ မိန်းမက စကားဆယ်ခွန်းပြောတယ်။ ဆရာများနေ့မှာ ကျောင်းသားတွေက ဆရာ့ကို ကျေးဇူးတင်ကတ်တွေရေးပေးကြတယ်။ ယောက်ျားလေးက ကတ်ပေါ်မှာ “ဆရာ့ကျေးဇူး မမေ့သာ” လို့ ရေးထားတဲ့ကတ်ကိုဝယ်ပြီး ပို့တယ်။ မိန်းမက ကိုယ့်လက်ရေးနဲ့ကိုယ် “ဆရာ.. ကျွန်မကျောင်းပြီးပါပြီ” လို့ အစချီပြီး သူအခုဘယ်ရောက်နေတယ်၊ ဘာအလုပ်လုပ်နေတယ်၊ ဘာဖြစ်နေတယ်ကအစ ရေးပို့တယ်။
.
ဒီလိုခြားနားမှုရှိရခြင်းက စိတ်ခံစားချက်ကိုထိန်းချုပ်တာက ညာဦးနှောက်ဖြစ်ပြီး၊ ဘာသာစကားအပြောအဆိုက ဘယ်ဦးနှောက်ကြောင့်ဖြစ်တယ်။ မိန်းမတွေရဲ့ ဘယ်ဦးနှောက်နဲ့ညာဦးနှောက်ကို ဆက်ထားတဲ့ ဖိုင်ဘာအမျှင်ဟာ ထူတယ်။ (တစ်နည်းပြောရရင် ဘယ်ဦးနှောက်နဲ့ ညာဦးနှောက်ကို တံတားသဖွယ်ဆက်သွယ်ပေးထားတဲ့ ဖိုင်ဘာဖြစ်တယ်။ ဖိုင်ဘာထူရင် ဘယ်ကနေညာ၊ ညာကနေဘယ်ကို အမြန်ဆက်သွယ်လို့ရတယ်။ ဒီလိုဆက်သွယ်ထားတဲ့ ဖိုင်ဘာက ယောက်ျားတွေထက် မိန်းမက ပိုထူတယ်။) ဒါကြောင့် ဘယ်ဦးနှောက်ကနေ ညာဦးနှောက်ကိုဖြစ်ဖြစ်၊ ညာဦးနှောက်ကနေ ဘယ်ဦးနှောက်ကိုဖြစ်ဖြစ် သတင်းအချက်ပေးပို့တာ မြန်ဆန်တယ်။ ဒါကြောင့် မိန်းမတွေဟာ စိတ်ခံစားချက်ကို စကားလုံးနဲ့ ပိုထုတ်ဖော်ပြသကြတယ်။
.
လက်တွေ့စမ်းသပ်ခန်းမှာ ကျွန်မတို့က မိန်းမတစ်ယောက်နဲ့ လက်တွေ့စမ်းသပ်မှုပြုခဲ့ကြတယ်။ သူ့ကို NMR,(Nuclear Magnetic Resonance ) စက်ပေါ်လဲလျောင်းစေပြီး ဝမ်းနည်းစရာတွေးနေခိုင်းလိုက်တယ်။ ဥပမာ-- ရည်းစားနဲ့ ရန်ဖြစ်တာမျိုး၊ အဲဒီအချိန်မှာ သူ့ဦးနှောက်နောက်ပိုင်း (Cerebellum) တစ်ခုလုံးက လင်းလာတယ်။ ဒါပေမယ့် ယောက်ျားလေးကျတော့ အနီစက်တချို့ပဲပေါ်လာတယ်။ ဒါက သွေးရည်ကြည်နဲ့ဆိုင်တယ်။ သွေးရည်ကြည်များရင် စိတ်ခံစားချက်က ကောင်းတယ်။ ယောက်ျားလေးရဲ့သွေးရည်ကြည်ဖြစ်ပေါ်မှာက မိန်းကလေးထက် ၅၂% မြန်ဆန်တယ်။ ဒါကြောင့်ပဲလားမသိ လင်မယားရန်ဖြစ်တယ်။ မိန်းမဖြစ်သူက အသေအလဲဒေါသထွက်နေချိန် ယောက်ျားဖြစ်သူက တခေါခေါနဲ့ အိပ်ပျော်နေခဲ့ပြီ။
.
လူသားမျိုးနွှယ်ရဲ့နဂိုမှုလက မ လက္ခဏာတွေဖြစ်တယ်။ တကယ်လို့ သန္ဓေသားက XY မျိုးစေ့ဗီဇဆိုရင် သန္ဓေသား ၆ပတ်ကနေ ၈ပတ်ရောက်သွားတဲ့အခါကျမှ ယောက်ျားဟိုမုန်းတွေဖြစ်လာတာဖြစ်တယ်။ သန္ဓေသား ၈လရောက်မှ ရပ်သွားပါတယ်။ တကယ်လို့ မိန်းကလေးဆိုရင် မွေးဖွားပြီးနောက် မဟိုမုန်းတွေက သူ ၂နှစ်အရွယ်အထိ ထွက်နေတာဖြစ်တယ်။ မိန်းမတွေက လူရဲ့မျက်နှာပေါ်က အပြုအမူ၊ စကားအပြောအဆို စတဲ့ဘက်ကနေ ခွဲခြမ်းစိတ်ဖြာတဲ့နှုန်းက ယောက်ျားတွေထက် ဝ.ဝ၂စက္ကန့်မြန်ပါတယ်။
.
ငယ်ရွယ်ချိန်မှာ မိန်းကလေးက ယောက်ျားလေးထက် နှစ်နှစ်လောက် ပိုအရွယ်ရောက်တယ်။ ယောက်ျားလေး မဟုတ်မမှန်လုပ်တဲ့ကိစ္စမှန်သမျှကို ဆရာ့ဆီ သူတိုင်နိုင်တယ်။ ၄နှစ်အရွယ်ချင်းအတူတူ ဆရာ့ရှေ့မှာ ယောက်ျားလေးက ဘာစကားမှ မပြောနိုင်ဘဲ “ နင်.. နင်… နင်” နဲ့ ပဲပြီးသွားတယ်။ အလယ်တန်းအထိ အတန်းခေါင်းဆောင်တော်တော်များများက မိန်းကလေးတွေဖြစ်တယ်။ သူတို့က သွက်သွယ်လက်လက် ပြောနိုင်ဆိုနိုင်ပြီး လုပ်နိုင်တယ်။ အလယ်တန်းနောက်ပိုင်းမှာ အတန်းခေါင်ဆောင်တော်တော်များများက ယောက်ျားလေးဖြစ်သွားတယ်။ အကြောင်းက အရွယ်ရောက်ကြီးပြင်းမှုက ပြောင်းပြန်ဖြစ်သွားတယ်။
.
မိန်းမတွေမှာ ဆဠမအာရုံရှိတယ်လို့ လူတွေကဆိုကြတယ်။ တကယ်ရှိပါတယ်။ အကြောင်းက ဦးနှောက်ထဲက အာရုံကြောအမျှင်ဆက်သွယ်မှုက ယောက်ျားလေးဆိုရင် ရှေ့ဦးနှောက်ကနေ နောက်ဦးနှောက်တစ်လျှောက် ပိုစိပ်ပြီး မိန်းကလေးဆိုရင် ဘယ်ဦးနှောက်ကနေ ညာဦးနှောက်တစ်လျှောက် ပိုစိပ်တယ်။
.
ကျွန်မတို့ရဲ့အာရုံစူးစိုက်အားကိုထုတ်လွှတ်တာဟာ အမှောင်ထဲမှာရှိတဲ့စတိတ်စင်ပေါ်က ဆလိုက်မီးထွန်းတာနဲ့တူတယ်။ တကယ်လို့ ဆလိုက်မီးပတ်လည်ကြီးရင် ဝင်လာတဲ့သတင်းအချက်အလက်ကလည်း များတယ်။ သတင်းအချက်အလက်အားလုံးက သင့်သိစိတ်ထဲ မဝင်သွားတတ်ဘူး။ မဝင်တဲ့အချက်အလက်တွေက မသိစိတ်ထဲဝင်သွားတယ်။ မသိစိတ်က သင့်ရဲ့ဆုံးဖြတ်ချက်၊ ပြုလုပ်ချက်တွေကို သက်ရောက်စေနိုင်တယ်။
.
၂ဝရာစု ၇ဝခုနှစ်အချိန်တွေတုန်းက အမေရိကန်ကယ်ရီဖိုးနီးယားတက္ကသိုလ်မှာ ကျွန်မကျောင်းတက်နေခဲ့တယ်။ ဆရာမတစ်ဦးက ATM မှာ ငွေထုတ်နေတုန်း ဒေါ်လာ ၂ဝဝ အလုခံလိုက်ရတယ်။ အဲဒီတုန်းက သူအရမ်းစိတ်လှုပ်ရှားနေတာမို့ လုတဲ့လူရဲ့မျက်နှာကို သေချာမကြည့်လိုက်မိဘူး။ ဒါကြောင့် ရဲက လူမဖမ်းနိုင်ခဲ့ဘူး။ ဒါပေမယ့် သိပ်မကြာပါဘူး… သူ့အတန်းသားတစ်ယောက်ကို သူစပြီး ကြည့်မရဖြစ်လာတယ်။ ဒီကျောင်းသားဟာ ဟမ်ဘာဂါစားရင် ကြက်သွန်နီထည့်စားတာလို့ နံတာကို သူမကျေမနပ်ဖြစ်တယ်။ ဒီကျောင်းသား ရေမချိုးတာကိုလည်း သူမကျေမနပ်ဖြစ်တယ်။ ဒါကို ကျွန်မတို့ အံသြကြတယ်။ အဲဒီကျောင်းသားက ကျောင်းလာတက်ကတည်းက အဲဒီပုံစံမျိုးပါ။ ၃လအကြာမှာ ရဲတွေဟာ ကျောင်းအနီးနားမှာ ပိုက်ဆံလုသူတစ်ယောက်ကိုဖမ်းမိခဲ့လို့ ဆရာမကို သွားရွေးထုတ်ခိုင်းတယ်။ ရဲစခန်းမှာ လူငါးယောက်လောက်က နံရံနားကပ်ရပ်နေတယ်။ ဆရာမဟာ ဝင်သွားတာနဲ့ ဘယ်ဘက် ဒုတိယမြောက်လို့ ချက်ချင်းရွေးထုတ်တယ်။ အဲဒီလူက သူ့ရဲ့ဟိုကျောင်းသားနဲ့ ခပ်ဆင်ဆင်ပါပဲ… နည်းနည်းဝတယ်၊ ဆံပင်က ပခုံးလောက်ရောက်တယ်၊ ဘောင်းဘီမှာ အပေါက်နဲ့။ တကယ်တော့ ပိုက်ဆံလုသူကို ဆရာမမြင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအချက်အလက်က သူ့ဦးနှောက်ထဲမဝင်ဘဲ သူ့မသိစိတ်ထဲဝင်သွားခဲ့တာဖြစ်တယ်။
.
ယောက်ျားနဲ့မိန်းမတို့မှာ မတူတဲ့အပြုအမူတွေရှိကြတယ်။ မိန်းမက အခြားလူနဲ့ ထိပ်တိုက်ရင်ဆိုင်တာမျိုး မနှစ်သက်ဘူး။ ယောက်ျားကျတော့ ချိန်းတွေ့ပြီးကို ချတယ်။ ဒါက ဆင့်ကဲပြောင်းလဲမှုနဲ့ သက်ဆိုင်ပါလိမ့်မယ်။ ဆင့်ကဲပြောင်းလဲမှုအရပြောရရင် မိခင်မရှိရင် ကလေးက သေမှာ။ ဒါကြောင့် ကိုယ့်ကလေးအတွက် မိခင်ဖြစ်သူက အသက်ရှည်ချင်တယ်။ ဒါကြောင့် တစ်ခြားလူနဲ့ ထိပ်တိုက်ရင်ဆိုင်ရန်ဖြစ်တာမျိုး မလုပ်ဘူး။
.
မိန်းကလေးက အသေးစိတ်ကို အလေးထားတယ်၊ ယောက်ျားလေးက တစ်ခုလုံးကို အလေးထားတယ်။ ဒါဟာလည်း ဦးနှောက်ဆင့်ကဲပြောင်းလဲမှုကနေ အကျိုးအကြောင်းရှာနိုင်ပါတယ်။
.
မိခင်က မိသားစုတစ်ခုလုံးရဲ့ စိတ်ဓာတ်ဝိညာဉ်ဖြစ်တယ်။
မိခင်ပျော်ရင် တစ်အိမ်လုံးပျော်တယ်။
မိခင်စိတ်ညစ်ရင် တစ်အိမ်လုံးစိတ်ညစ်တယ်။
ယောက်ျားလေးတစ်ယောက်ကို သင်ပြုစုပျိုးထောင်တာဟာ
 ယောက်ျားလေးတစ်ယောက်ကိုပဲ ပြုစုပျိုးထောင်တာဖြစ်တယ်။ မိန်းကလေးတစ်ယောက်ကို သင်ပြုစုမျိုးထောင်တာဟာ  မိသားစုတစ်ခုလုံးနဲ့ နောက်မျိုးဆက်တစ်ဆက်ကို သင်ပြုစုပျိုးထောင်တာဖြစ်တယ်။ ဒါကြောင့် မိန်းကလေးပညာရေးအပေါ် ဘာကြောင့် ကျွန်မတို့ရင်းနှီးမြှုပ်နှံရသလဲဆိုတာဖြစ်တယ်။
.
နပိုလီယံကပြောတယ်…. “ကလေးတစ်ယောက်ရဲ့အပြုအမူ၊ အပြောအဆို အကောင်းအဆိုးက သူ့မိခင်နဲ့ လုံးဝသက်ဆိုင်ပါတယ်” တဲ့။ မိခင်ရဲ့ ယဉ်ကျေးမှုအဆင့်အတန်းက လူမျိုးစုတစ်စုရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးပါတယ်။
.

မူရင်းလင့်-- http://www.85nian.net/chengzhang/70923.html
မူရင်းရေးသားသူ-- ထိုင်ဝမ်စာရေးဆရာမ ဟုန်လန် (Daisy L. Hung) ဦးနှောက်သုတေသနပညာရှင်

နိုင်းနိုင်းစနေ (3.4.2017)
.
#NineNineSaNay

No comments:

Post a Comment