မအူပင်က ပရိသတ်တွေနဲ့ ပျော်စရာကောင်းလှတဲ့ ရဲနောင်ရဲ့ အိမ်ပြန်ခရီး
Myanmar Idol ပြိုင်ပွဲဝင် ရဲနောင်ရဲ့ အိမ်ပြန်လမ်းကတော့ ပျော်ရွှင်စရာကောင်းလှပါတယ်။ ပြိုင်ပွဲကနေ နှုတ်ဆက်အိမ်ပြန်ခဲ့ရတဲ့ ရဲနောင်ကို မအူပင်ကမြို့သူမြို့သားများရဲ့ လှိုက်လှဲစွာ ကြိုဆိုခဲ့ပါတယ်။ ရဲနောင်ကို ချစ်တဲ့ မြို့သူမြို့သားများက အသီးသီးလာ ကြိုကြသလို လက်ဆောင်များလည်း ပေးခဲ့ကြပါတယ်။
ဝေဖန်မှုတွေများစွာ ရှိခဲ့ပေမယ့်လည်း ပြိုင်ပွဲတစ်လျှောက်အပြုံးမပျက်ခဲ့တဲ့ ရဲနောင်ဟာ ပြိုင်ပွဲက ထွက်သွားရပေမယ့်လည်း အနုပညာအလုပ်တွေ ဆက်လုပ်သွားမှာ ဖြစ်တဲ့အတွက် ပရိသတ်တွေအားလုံး ဆက်လက်အားပေးဖို့ကိုလည်း သူရဲ့နှုတ်ဆက် စကားထဲမှာ ထည့်သွင်းပြော သွားခဲ့ပါတယ်။ အိမ်ပြန်ခရီးမှာ ပရိသတ်များနဲ့ ပျော်ရွှင်စွာ ရှိနေတဲ့ ရဲနောင်ရဲ့ ဓာတ်ပုံများက မတ်လ(၄)ရက်နေ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာတွေကနေ ယခုလို တွေ့ရပါတယ်။
ရဲနောင်ဟာ Voting အနည်းဆုံး ဖြစ်သွားခဲ့ပြီး ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားခဲ့ရတဲ့အတွက် သူ့ရဲ့ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်ခဲ့ရသလို တချို့ပရိသတ်တွေကလည်း ပြိုင်ပွဲက ထွက်သွားရတာဟာ သူ့အတွက် အကောင်းဆုံးဖြစ်တယ်လို့ လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ မှတ်ချက်တွေ ရေးကြပါတယ်။ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရတဲ့ ရဲနောင်ကတော့ သူ့ကိုအားပေးနေတဲ့ ပရိသတ်တွေအတွက် အပြုံးနဲ့ပဲ နှုတ်ဆက်သွားခဲ့ပါတယ်။
Myanmar Idol အစီအစဉ်မှာတော့ သားငယ်၊ ဘီလီလမင်းအေး၊ မိုင်းမိုင်းဆန်း၊ ပိုးမီတို့လေးဦးသာ ကျန်ရှိနေပါတော့တယ်။ ဒါပေမယ့်လည်း ဒီတစ်ပတ်ကနေ စပြီး Pantene Wild Card နဲ့ ကိုယ်ကြိုက်နှစ်သက်ရာ ပြိုင်ပွဲဝင်တစ်ဦး ပြန်လာနိုင်ဖို့ စတင်Vote ပေးလို့ရပြီ ဖြစ်ပါတယ်။ Myanmar Idol ကနေ နှုတ်ဆက်ထွက်ခွာခဲ့ရတဲ့ ရဲနောင်၊ ဇင်ကြီး၊ ချမ်းငြိမ်း၊ ယွန်း၊ ဖြူလေးနဲ့ အေမီဇံတို့ကတော့ Pantene Wild Card Winner အဖြစ်နဲ့ Myanmar Idol ကို ပြန်လာနိုင်မှာ ဖြစ်ပါတယ်။ အဲ့လို ပြန်လာနိုင်ဖို့အတွက်ကလည်း ပရိသတ်အနေနဲ့ ကိုယ်ပြန်ခေါ်ချင်တဲ့ ပြိုင်ပွဲဝင်ကို Myanmar Idol ဖေ့စ်ဘွတ်မှာ ပေးထားတဲ့ Link ကနေ ဝင်ရောက်ရွေးချယ်နိုင်မှာ ဖြစ်ပြီး ပြိုင်ပွဲ ပြီးပြီးချင်းညကနေ မတ်လ(၅)ရက်နေ့ ညနေ(၆)နာရီအထိ မဲပေးရမှာဖြစ်ပြီး SMS Voting မပါဝင်ပဲ online Voting စနစ်တစ်ခုတည်းနဲ့သာ မဲပေးရမှာ ဖြစ်ပါတယ်။
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment