Latest News

Wednesday, March 15, 2017

ဆိုမာလီယာ ပင်လယ်ဓါးပြတွေ ပြန်ပေးငွေတောင်း


ဆိုမာလီယာ ကမ်းလွန်ပင်လယ်ပြင်မှာ ရေနံတင်သင်္ဘောကို ပြန်ပေးဆွဲခဲ့တဲ့ ပြန်ပေးသမားတွေ ဟာ ပြန်ပေးငွေတောင်းခံမှုတွေရှိနေတယ်လို့ ဥရောပ ပင်လယ်ပြင် ရေတပ်ဖွဲ့ ကပြောပါတယ်။
 ဥရောပတပ်ဖွဲတွေ ဟာ သင်္ဘောပိုင်ရှင်ကိုဆက်သွယ်မှုတွေလုပ်နေကြောင်း၊ ဆိုမာလီယာ နိုင်ငံအရှေမြောက်ပိုင်း ကမ်းလွန်မှာကျောက်ချထားတဲ့ သင်္ဘောနဲ့ သင်္ဘောသားတွေကို ပြန်ပေးဆွဲမှုတွေလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြန်ပေးဆွဲသေနတ်သမားတွေ ဟာ ပြန်ပေးငွေတောင်းဆိုတဲ့ ပမာဏာကို ပြောဆိုတာမရှိဘူးလို့ သိရပါတယ်။ ဥရောပ တပ်ဖွဲတွေ ဟာ ပင်လယ်ပြင်အတွင်း ပြန်ပေးဆွဲမှုတွေကို တိုက်ဖျက်လျက်ရှိနေရာအခု ပြန်ပေးဆွဲခံရမှု ဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဆီတင်သင်္ဘော ဟာ ဒီဂျီဘော့တီကနေ မိုဂါ ဒစ်ရှူးမြို့ဆီ ခုတ်မောင်းစဉ် ပြန်ပေးသမားတွေက မော်တော်
ဘုတ်တွေနဲ့ လိုက်ခဲ့ပြီး ပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ်။
ပြန်ပေးဆွဲခံရတဲ့ရေနံတင်သင်္ဘောပေါ်မှာ သိရိလင်္ကာနိုင်ငံသား ၈ ဦးပါဝင်ခဲ့ကြောင်း သိရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး ကပြောပါတယ်။ အခု ပြန်ပေးဆွဲထားသူတွေ ဟာ တရားမ၀င်ငါးဖမ်းမှုတွေလုပ်ဆောင်တဲ့ သူတွေဖြစ်တာကြောင့်အခုလိုမျိုးတွေကြုံရတာဖြစ်တယ်လို့ ပြန်ပေးသမားတွေက ပြောပါတယ်။
ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်




No comments:

Post a Comment