Latest News

Wednesday, March 15, 2017

ဒီရေတောများ ပြန်လည်ထူထောင်ရန် ရခိုင်ပြည်နယ်ရှိ မြို့နယ်လေးခုအား ကန်ဒေါ်လာ ၄,၅၀၀ စီ ထောက်ပံမည်

ဒီရေတောများ ပြန်လည်ထူထောင်ရန် ရခိုင်ပြည်နယ်ရှိ မြို့နယ်လေးခုအား ကန်ဒေါ်လာ ၄,၅၀၀ စီ ထောက်ပံမည်


ရခိုင်ပြည်နယ်အတွင်း ဘေးအန္တရာယ်လျော့ပါးစေရန် စစ်တွေ၊ ပေါက်တော၊ မြေပုံနှင့် မင်းပြားမြို့နယ်တို့တွင် ဒီရေတောများ ပြန်လည်ထူထောင်ရေးစီမံကိန်းလုပ်ဆောင်မည်ဟု သတင်းရရှိသည်။

ပြည်နယ်အတွင်းရှိ ဒီရေတောများ ပြန်လည်ထူထောင်ရေး စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသော ရခိုင်ပြည်နယ်မှ NGOနှင့် CBOများမှ အဖွဲ့ ၁၂ ဖွဲ့ကို ရွေး ချယ်၍ အသေးစားထောက်ပံ့မှုများ ပြုလုပ်မည်ဟု ပြင်သစ်အခြေစိုက်လူမှုအဖွဲ့အစည်း(ACTED)မှ Senior Logistic Officer ဦးစိုးမင်းကပြောသည်။

ဒီရေတောများ ပြန်လည်ထူထောင်ရေးဆိုင်ရာ အသေးစားစီမံကိန်းအတွက် တစ်ဖွဲ့လျှင် အမေရိကန်ဒေါ်လာ ၄,၅၀၀ ထောက်ပံ့မည်ဖြစ်ပြီး အဆိုပါမြို့နယ်လေးခုတွင် ဒီရေတောစိုက်ပျိုးခြင်း၊ ထိန်းသိမ်းရေးလုပ်ဆောင်ခြင်းများ ပြုလုပ်မည်ဖြစ်သည်။

‘‘မြို့နယ်လေးခုသတ်မှတ်ထားတယ်ဆိုပေမယ့် ရခိုင်ပြည်နယ်က တခြားမြို့နယ်တွေမှာလည်း အဆိုပြုလို့ရပါတယ်။ စီမံကိန်းမလုပ်ခင်လေ့လာမှုအရ ရခိုင်ပြည်နယ်မှာ ဒီမြို့နယ်လေးခုက ဒီရေတောပျက်စီးမှုများတဲ့ နေရာတွေဖြစ်တဲ့အတွက် ဦးစားပေးလုပ်ဆောင်မှာပါ’’ဟု ဦးစိုးမင်းကပြောသည်။

ရွေးချယ်ခံရသည့် ထိန်းသိမ်းရေးအဖွဲ့များသည် ယင်းမြို့နယ်များရှိ ပျက်စီးနေသော ဒီရေတောများကို သဘာဝဒီရေစွမ်းအားဖြင့် ဒီရေတောများ ပြန်လည်တည်ထောင်ခြင်း(Community Based Ecological Mangrove Restoration - CBEMR) နည်းစနစ်ကို အခြေခံ ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံရှိ ဒီရေတောပေါက်ရောက်သော ဒေသများမှာ ဧရာဝတီ၊ ရန်ကုန်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်နှင့် မွန်ပြည်နယ်တို့ဖြစ်ပြီး ယင်းအနက်ရခိုင်ပြည်နယ်သည် ဒီရေတောပေါက်ရောက်မှု ဒုတိယအများဆုံးဖြစ်ကာ ဧက လေးသိန်းကျော်ရှိသည်။



7Day News Journal

No comments:

Post a Comment