Latest News

Tuesday, March 14, 2017

အပူချိန်မြင့်မားမှုနှင့် ရာသီဥတု ဖောက်ပြန်မှုများကြောင့် အပူဒဏ်အန္တရာယ်၊ ကူးစက်နှင့် နာတာရှည်ရောဂါ အပါအ၀င် အခြားကျန်းမာရေး ပြဿနာများ ဆက်စပ်ဖြစ်ပွားနိုင်

အပူချိန်မြင့်မားမှုနှင့် ရာသီဥတု ဖောက်ပြန်မှုများကြောင့် အပူဒဏ်အန္တရာယ်၊ ကူးစက်နှင့် နာတာရှည်ရောဂါ အပါအ၀င် အခြားကျန်းမာရေး ပြဿနာများ ဆက်စပ်ဖြစ်ပွားနိုင်


အပူချိန်မြင့်မားမှုနှင့် ရာသီဥတု ဖောက်ပြန်မှုကြောင့် အပူဒဏ်အန္တရာယ်၊ ကူးစက်ရောဂါ၊ နာတာရှည်ရောဂါ အပါအ၀င် အခြားကျန်းမာရေး ပြဿနာများ ဆက်စပ်ဖြစ်ပွားနိုင်၍ ပြည်သူများအနေဖြင့် သတိပြုရန်လိုကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့်နှစ်များက မြန်မာနိုင်ငံတွင် အယ်လ်နီညိုဖြစ်စဉ်၏ နောက်ဆက်တွဲ အပူချိန်မြင့်မားမှုကြောင့် ခြင်ပေါက်ပွားမှုလည်း ပိုမိုများပြားလာပြီး ခြင်မှတစ်ဆင့် ကူးစက်တတ်သော ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်တုပ်ကွေးရောဂါနှင့် ဇီကာဗိုင်းရပ်စ် ရောဂါများလည်း ပိုမိုဖြစ်ပွားလာ၍ သတိပြုနေထိုင်ကြရန်နှင့် ယခင်က အေးလွန်းသည့် ရာသီဥတုကြောင့် ခြင်ပေါက်ဖွားမှု မရှိသည့် ချင်းပြည်နယ်ကဲ့သို့ ဒေသမျိုးမှာပင် အပူချိန် မြင့်မားလာ၍ ခြင်များပေါက်ဖွားလာကာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ရှိခဲ့သည်။

“ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွေက လူတွေအပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။ အပူချိန်မြင့်လေ ခြင်တွေပိုပေါက်ဖွားလေဖြစ်ပြီး ခြင်ကတစ်ဆင့်ဖြစ်တဲ့ ရောဂါတွေလည်း ဖြစ်ပွားမှုနှုန်းများနိုင်တယ်။ သောက်သုံးရေ ရှားပါးမှုတွေကြောင့် ၀မ်းပျက်ဝမ်းလျှော၊ ၀မ်းကိုက်ရောဂါ၊ ကာလ၀မ်းရောဂါတွေ ပိုပြီးဖြစ်တတ်တယ်။ ရေရှားပါးမှုနဲ့အတူ အရေပြား ကူးစက်ရောဂါတွေကလည်း တွဲပြီးဖြစ်လာတတ်ပါတယ်။ အယ်လ်နီညိုဖြစ်စဉ်နဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် ရောဂါဖြစ်ပွားမှုတွေ၊ သေဆုံးမှု၊ လူမှုရေးပြဿနာ ဖြစ်ပျက်မှုတွေကြောင့် လူတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေလည်း ဖြစ်ပွားစေနိုင်ပါတယ်။ ဥပမာ-ရန်ကုန်ဆိုရင် မြို့ပြဖြစ်ပြီး လူဦးရေ ထူထပ်တယ်။ ဘယ်ရောဂါဖြစ်ဖြစ် ကူးစက်မှုနှုန်း အရမ်းမြန်တယ်။ အခုဆိုရင် ရန်ကုန်မှာ အပူချိန်က တဖြည်းဖြည်း မြင့်လာပြီဆိုတော့ ကူးစက်ရောဂါတွေကို သတိထားဖို့ လိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒီလိုမတ်လမှာ ကလေးတွေမှာ ပြင်းထန်ဦးနှောက် အမြှေးရောင်ရောဂါတွေ အစုလိုက်ဖြစ်တာတွေ ရှိခဲ့တဲ့အတွက် သတိထားရမယ်။ နှစ်စဉ် အပူချိန်က တဖြည်းဖြည်း မြင့်မြင့်လာတဲ့အတွက် ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ အပူဒဏ် ကာကွယ်ရေး နှိုးဆော်ချက်တွေကို လိုက်နာဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အပူကြောင့်ဖြစ်တတ်သည့် ရောဂါများမှာ အပူရှပ်ခြင်း၊ ကလေးငယ်များတွင် အဖျားကြီးခြင်း၊ တက်ခြင်း၊ သတိမေ့ခြင်း၊ သွေးပေါင်ချိန်လျော့ကျခြင်း၊ လေဖြတ်ခြင်း၊ ကြွက်တက်ခြင်းနှင့် အရေပြားရောဂါများ၊ အသက်အရွယ်ကြီးရင့်သူများနှင့် သွေးတိုး၊ နှလုံး၊ ဆီးချိုသွေးချို စသည့် နာတာရှည်ရောဂါအခံရှိသူများတွင် အပူကြောင့် အသက်သေဆုံးသည်အထိ သက်ရောက်မှု ရှိနိုင်သည်။


အိသဉ္ဇာကျော်

Eleven Media Group

No comments:

Post a Comment