Latest News

Tuesday, March 14, 2017

ဆက်သွယ်ရေး အော်ပရေတာများအတွက် 1800 MHz လှိုင်းနှုန်းစဉ် လိုင်စင်ကို မတ်လကုန် သို့မဟုတ် ဧပြီလအတွင်း ခွင့်ပြုမည်

ဆက်သွယ်ရေး အော်ပရေတာများအတွက် 1800 MHz လှိုင်းနှုန်းစဉ် လိုင်စင်ကို မတ်လကုန် သို့မဟုတ် ဧပြီလအတွင်း ခွင့်ပြုမည်



ဆက်သွယ်ရေး အော်ပရေတာများအတွက် 1800 MHz လှိုင်းနှုန်းစဉ် လိုင်စင်ကို မတ်လကုန် သို့မဟုတ် ဧပြီလအတွင်း ခွင့်ပြုမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

“သိတဲ့အတိုင်းပဲ ဒီလှိုင်းနှုန်းစဉ်နဲ့ ပတ်သက်ပြီး အကြံပြုချက် တောင်းခံထားတယ်။ ဆွေးနွေးညှိနှိုင်း သဘောတူပြီးတော့ နှုန်းထားတစ်ခု သတ်မှတ်ပြီးတဲ့အခါ မတ်လကုန် ဒါမှမဟုတ် ဧပြီလအတွင်း သင်္ကြန်အပြီးလောက်မှာ အသုံးပြုခွင့် ချပေးသွားဖို့ ရှိပါတယ်” ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

1800 MHz လှိုင်းနှုန်းစဉ်မှာ ဆက်သွယ်ရေး aအ်ာပရေတာလေးခုနှင့်သာ သက်ဆိုင်သောကြောင့် 2600 MHz လှိုင်းနှုန်းစဉ်ကဲ့သို့ တင်ဒါပြိုင်ခြင်း ကိစ္စရပ်များ မရှိကြောင်း သိရသည်။ 1800 MHz လှိုင်းနှုန်းစဉ် အသုံးပြုခွင့်ရရှိပါက 4G ၀န်ဆောင်မှုကို ကျယ်ပြန့်စွာ ပေးနိုင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးအော်ပရေတာ အသီးသီးက ပြောကြားသည်။

လက်ရှိတွင် ဆက်သွယ်ရေးအော်ပရေတာများ အနေဖြင့် 4G ၀န်ဆောင်မှုကို 900 MHz, 2100 MHz စသည့် အသုံးပြုခွင့် ရရှိထားပြီးသော လှိုင်းနှုန်းစဉ်များဖြင့်သာ ၀န်ဆောင်မှုပေးနေရခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ်အတွင်း ဆက်သွယ်ရေးအော်ပရေတာများ အနေဖြင့် 4G ၀န်ဆောင်မှု စတင်မိတ်ဆက်ခဲ့ကြပြီး အူရီဒူးမှာ အစောဆုံးဖြစ်သည်။

အူရီဒူးက 4G ၀န်ဆောင်မှု စတင်မိတ်ဆက်ခြင်းကို ၂၀၁၆ ခုနှစ် မေ ၂၀ ရက်တွင် ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့တွင် မြို့နယ်စုစုပေါင်း၏ ရာခိုင်နှုန်း ၅၀၊ မန္တလေးတွင် ရာနှုန်းပြည့်နှင့် နေပြည်တော်တွင် ၈၈ ရာခိုင်နှုန်းဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ အူရီဒူးမြန်မာအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၅၁ မြို့နယ်ရှိ လူဦးရေ ၄ ဒသမ ၆ သန်းခန့်အတွက် 4G ကွန်ရက်ကို လွှမ်းခြုံထားနိုင်ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။  

တယ်လီနောက 4G ကွန်ရက် စတင်မိတ်ဆက်ခြင်းကို ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၆ ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇန်န၀ါရီ ၂၉ ရက်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ 4G ကွန်ရက် တိုးချဲ့ဖြန့်ကြက်ခြင်း အထိမ်းအမှတ် အစီအစဉ် အခမ်းအနားများကို ပြုလုပ်ခဲ့သည်။

တယ်လီနော၏ 4G ကွန်ရက်မှာ လက်ရှိတွင် မြို့ကြီး ၁၇ မြို့၌ ဖြန့်ကြက်ထားပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း မကွေးတိုင်းဒေသကြီးရှိ တောင်တွင်းကြီးမြို့၊ အောင်လံမြို့နှင့် ပခုက္ကူမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာမြို့၊ နေပြည်တော်ရှိ လယ်ဝေးမြို့နှင့် ပျဉ်းမနားမြို့တို့တွင် 4G ကွန်ရက် မိတ်ဆက်ခြင်းကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

MPT က 4G ၀န်ဆောင်မှုကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် စတင်မိတ်ဆက်ခဲ့ပြီး ရန်ကုန်နှင့် နေပြည်တော်တို့ရှိ သတ်မှတ်ထားသော နေရာများတွင် စမ်းသပ် သုံးစွဲနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြေညာခဲ့သည်။

MPT ၏ 4G  ၀န်ဆောင်မှုကို ရန်ကုန်၌ ဆူးလေ MPT စတိုး၊ ဈေးဝယ်စင်တာများ ဖြစ်ကြသော Junction Mawtin, Junction Square တော်ဝင်စင်တာ စသည်တို့နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင်လည်းကောင်း၊ နေပြည်တော်၌ Junctiom စင်တာ နှင့် Capital Hyper Market တို့တွင်သာ အသုံးပြုနိုင်ဦးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

1800 MHz လှိုင်းနှုန်းစဉ်အသစ် အသုံးပြုခွင့် ရရှိလာပါက 4G ကွန်ရက် ဖြန့်ကြက်ခြင်းများကို ယခုထက် ပိုမိုကျယ်ပြန့်စွာ ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။


နေမျိုးထွန်း

Eleven Media Group

No comments:

Post a Comment