Latest News

Thursday, March 9, 2017

ကိုဆွေဝင်းအမှုပိတ်ဖို့ မိမိရဲ့ မိခင်သဘောထားအပေါ်မှာမူတည်တယ်လို့ တရားလိုပြော

ကိုဆွေဝင်းအမှုပိတ်ဖို့ မိမိရဲ့ မိခင်သဘောထားအပေါ်မှာမူတည်တယ်လို့ တရားလိုပြော

ရန်ကုန်။ မတ် ၉  -  Myanmar Nowသတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဆွေဝင်းကို ၆၆(ဃ) နဲ့ အမှုဖွင့်ထားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး အမှုပိတ်ဖို့ ဆိုတာ မိခင်အပေါ်မှာမူတည်တယ်လို တရားလို ဦးကျော်မိုးရွှေက ပြောပါတယ်။ ကိုဆွေဝင်းကို အမှုဖွင့် ထားတဲ့ အတွက် တရားလို ရဲ့ ၈၂နှစ်အရွယ် မိခင်ဟာ စိတ်မချမ်းမသာ ဖြစ်နေတဲ့ အတွက် အမှု ရုတ်သိမ်းဖို့ စီစဉ်ထားသော်လည်း မိခင်ကို နားလည်အောင် ပြောပြ နိုင်ရင်တော့ အမှု ကို ဆက်လက် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဦးကျော်မိုးရွှေ ကပြောပါတယ်။

“ဆရာတော်(ဦးဝီရသူ) ကိုလည်း အကျိုးအကြောင်း လျှောက်ထားတယ်။ဆရာ တော်က မိခင်ကြီးရဲ့ ဆန္ဒအရ ဒကာ မဆွဲ ရင် ကျန်တဲ့ ဒကာကို ထပ်ဆွဲ ခိုင်းမယ်လို့ ပြောတယ်လို့” ဦးကျော်မိုးရွှေ ကဆက်ပြောပါတယ်။ ဦးကျော်မိုးရွှေဟာ သူ့ရဲ့ဖေ့ဘုတ်မှာ မြန်မာသတင်းထောက် ကိုဆွေဝင်းအမှုဖွင့် တရားစွဲ တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အသက် ၈၀ နီးပါးအရွယ် ကျွန်တော်မေမေ စိတ်မချမ်းမမြေ့ ဖြစ် နေပါတယ်။ ဗုဒ္ဓဘာသာ ၀င်မိခင်ကြီးက ကျွန်တော်ကြောင့် သူတပါး ဒုက္ခရောက်မှာကို မလိုလားကြောင်းနဲ့ အမှုပြန်ပိတ်ဖို့ ကျွန်တော်ကို တိုက်တွန်းနေပါတယ်။လို့ရေးသားခဲ့ပါတယ်။ ဒါ့အပြင် အမှုပိတ်ခဲ့ရင်လည်းကြောက်လို့မဟုတ်ဘူး နောက်ဆုတ်တာမဟုတ်ဘူးလို့လည်းရေးသားခဲ့ပါတယ်။

Ba Kaungအကောင့် နဲ့ကိုဆွေဝင်းက “ရွေးကောက်ပွဲပြီးကတည်းက အသံတိတ်နေတဲ့ (မဘသ)ပြန်လာပြီ”၊“၀ီရသူပါရာဇိကကျပြီး ရဟန်းဘ၀နိဌိတံသွားပြီဖြစ်ကြောင်းသိရပါတယ်။ပါရာဇိက ခုမှကျတာတော့ မဟုတ်လောက်ဘူး”၊ဆိုတဲ့အရေးအသားတွေကို ဖေ့ဘုတ်မှာရေးသားခဲ့တာနဲ့ပတ်သတ်ပြီး အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ရဲ့ဆရာတော်ဦးဝီရသူက မကျေနပ်ဘဲ၇ရက်အတွင်း ပြန်တောင်းပန်ဖို့ သူ့ရဲ့အကောင့်ကနေ ရေးသားခဲ့ပါတယ်။ ကိုဆွေဝင်းက မတောင်းပန်ခဲ့တာကြောင့် ဒကာဖြစ်တဲ့ ဦးကျော်မိုးရွှေကိုတိုင်ကြားစေခဲ့တာဖြစ်ပါတယ်။ လက်ရှိ အခြေအနေအထိတော့ တရားလို ဦးကျော်မိုးရွှေက ကိုဆွေဝင်းနဲ့ ပတ်သက်တဲ့ အမှု ပိတ်သိမ်းထားတာ မရှိဘူးလို့ မန္တလေး အမှတ်(၇) ရဲစခန်းမှ စခန်းမှူး ကျော်သူက ပြောပါတယ်။ “အခုချိန်ထိတော့ လာရောက် ပိတ်တာမရှိဘူး။သူဆီက စစ်ချက်ယူစရာရှိသေးတယ်။”လို့ စခန်းမှူးကျော်သူကပြောပါတယ်။

ဆရာတော်ဦးဝီရသူဟာ တရားလွတ်တော် ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူ တွေကို ကျေးဇူးတင်စကား သူ့ဖေ့ဘုတ်ကနေပြောကြားခဲ့ပါတယ်။ ကိုဆွေဝင်းက သတင်းသမားတစ်ယောက်ဖြစ်တဲ့အတွက် ဒီသတင်းမှားနေရင် တာဝန်ယူရမှာဖြစ်ပြီး လူသတ်မှုဝါဒကို အားပေးနေတဲ့ သူတစ်ယောက်ကို တောင်းပန်စရာ အကြောင်းအရင်းမရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာမနေ့ကပြောခဲ့ပါတယ်။ သတင်းသမားကိုဆွေဝင်းဟာ အင်းဝစက်ချုပ်ဆိုင်မှ အိမ်အကူများကို နှိပ်စက်ခဲ့တဲ့ အမှုကိုဖော်ထုတ်ခဲ့သူ ဖြစ်ပြီး နိုင်ငံတော်သမ္မတက ချီးမြှင့်ထားတဲ့ သတင်းသမားဆုကို ရရှိထားသူဖြစ်ပါတယ်။ တရားလွတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရချိန်မှာလည်း ကွင်းဆက်ပါဝင်သူတွေကိုဖော်ထုတ်ရေးသားခဲ့သူဖြစ်ပါတယ်။

Author မို့မို့သန္တာ

Kumudra

No comments:

Post a Comment