Latest News

Thursday, March 9, 2017

‘၀’တပ်မတော် မိုင်းလားဒေသမှ ပြန်လည်ဆုတ်ခွာ

‘၀’တပ်မတော် မိုင်းလားဒေသမှ ပြန်လည်ဆုတ်ခွာ

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက မိုင်းလားဒေသမှာ တပ်စွဲထားတဲ့ ၀ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော်က တပ်ဖွဲ့ဝင်တွေဟာ မနေ့ကစပြီး အဲဒီဒေသတွေက ပြန်လည် ဆုတ်ခွာပေးလိုက်ပါတယ်။

မိုင်းလားဒေသ ကြူဆိုင်း တပ်စခန်းတွေက ပြန်လည်ခေါ်ယူလိုက်တာဖြစ်ပြီး နှစ်ဖက်ခေါင်းဆောင်တွေ သဘောညီမှုကြောင့် ပြန်လည်ခေါ်တာလို့ ‘ဝ’ပြည်နယ်ပြင်ပဆက်ဆံရေးရုံး ပြောခွင့်ရသူ ဦးညီရန်းက ပြောပါတယ်။

“မိုင်းလားမှာရှိတဲ့ ကြူဆိုင်းတပ်စခန်းတွေပါပဲ။ မနေ့က မိုင်းလားအဖွဲ့ကို ပြန်ပြီး လွှဲပြောင်းပေးလိုက်ပြီ။ ထိန်းချုပ်တယ်ရယ်လို့မဟုတ်ပါဘူး။ တာဝန်ခေတ္တယူတဲ့ သဘောပါပဲ။ ဒါကတော့ နှစ်ဖက်  ခေါင်းဆောင်တွေရဲ့ သဘောတူညီမှုအရ ဒါမျိုးပြီးမှ လွှဲပြောင်းပေးတာပေါ့။  အခု ပြီးခဲ့တဲ့နှစ် ၉ လပိုင်း၊ ၂၈ ရက်နေ့မတိုင်ခင် ကတည်းက အခြေအနေပြန်ပြီးမှ ဖြစ်သွားပြီလို့ပဲ ပြောလို့ရပါတယ်။”

ဝ တပ်ဖွဲ့တွေဟာ မိုင်းလားတပ်ဖွဲ့ရဲ့ တပ်စခန်းတချို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က သိမ်းပိုက်ခဲ့တာပါ။

ဝတပ်ဖွဲ့နဲ့ အစိုးရတပ်အကြား တင်းမာမှုတွေရှိနေချိန်မှာပဲ မိုင်းလားဒေသနဲ့ ဆက်သွယ်ထားတဲ့ ဝမ်တာပင်းနဲ့ မိုင်းယုဂိတ်(၂)ခုကို  အစိုးရတပ်က ဖြတ်သန်းသွားလာမှုကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၃ ရက်နေက ပိတ်ပင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

DVB

No comments:

Post a Comment