Latest News

Thursday, March 9, 2017

ဒီနှစ်အကယ်ဒမီပေးပွဲ တက်ဖြစ်မယ့် ခင်လှိုင်

ဒီနှစ်အကယ်ဒမီပေးပွဲ တက်ဖြစ်မယ့် ခင်လှိုင်

အနုပညာ ညီအစ်ကိုမောင်နှမတွေအားလုံးရဲ့ တိုက်တွန်းမှုကြောင့်လို့ သိရပါတယ်။

သရုပ်ဆောင် ခင်လှိုင်ကတော့ ဒီနှစ်အကယ်ဒမီပေးပွဲကို တက်ရောက်ဖြစ်တော့မယ်လို့ သိရပါတယ်။ မနှစ်ကအကယ်ဒမီပေးပွဲ ပြီးနောက် ခင်လှိုင်က အင်တာဗျူးတွေ တော်တော်များများမှာ နောက်နှစ်အကယ်ဒမီပေးပွဲ မတက်တော့ဘူးလို့ ဖြေခဲ့ပေမဲ့လည်း အနုပညာအစ်ကိုမောင်နှမတွေအားလုံးရဲ့ တိုက်တွန်းမှုကြောင့် ယခုနှစ်အကယ်ဒမီပေးပွဲကို တက်ရောက်ဖြစ်တော့မှာပါ။
အကယ်ဒမီပေးပွဲ တက်ရောက်ဖြစ်တာနဲ့ ပတ်သက်ပြီး ခင်လှိုင်က Duwun Media ကို ယခုလို ဖြေဆိုပေးထားပါတယ်။

"အကယ်ဒမီပေးပွဲကတော့ ဒီနှစ်တက်ဖြစ်မှာပါ။ အားလုံးကလည်း ပွဲတက်ဖို့အတွက် လိုလားတယ် တက်ဖို့ကိုလည်း တိုက်တွန်းကြတယ်။ ပြေတီဦးဆိုလည်း ကားရိုက်တွေ ဆုံတိုင်း ပွဲတက်ဖို့ကို ပြောတယ်။ မြင့်မြတ်လည်း ဒီလိုပဲ။ ပြီးတော့ ကိုလူမင်းနဲ့ ကာရိုက်ဆုံတုန်းကလည်း သူ့ရဲ့ဥက္ကဌသက်တမ်းနောက်ဆုံးနှစ်မှာ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ တက်ရောက်ကြဖို့ပြောလာတယ်။

ကိုရဲ့ မိဘလိုဖြစ်တဲ့ ဦးဇင်ဝိုင်းကလည်း အကယ်ဒမီပေးပွဲတက်ဖို့ အနုပညာလောကသားတွေ ဆုံဆုံညီညီနဲ့ ပျော်ပျော်ရွှင်ရွှင် တက်ရတဲ့ပွဲ ဖြစ်တယ်ပေါ့ တက်ဖြစ်အောင် တက်ပါဆိုပြီး ပြောလာတဲ့ အကိုကလည်း တက်ပ့ါမယ့်လို့ ကတိပေးလိုက်တဲ့ အတွက် ဒီနှစ်အကယ်ဒမီပေးပွဲကတော့ တက်ဖြစ်တော့မှာပါ။ ကျွန်တော်ဒီနှစ်အကယ်ဒမီပေးပွဲ တက်ဖြစ်တဲ့အတွက် အနုပညာမောင်နှမ တွေလည်း ပျော်ရွှင်ကြတယ်။ ပရိသတ်တွေလည်း ဝမ်းသာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာပဲ ဖြစ်ဖြစ်ကျွန်တော်တစ်ချိန်က ပြောခဲ့တဲ့ စကားတွေကို မေ့ဖျောက်ပြီးတော့ ဒီနှစ်အကယ်ဒမီပေးပွဲကို တက်မှာပါ"လို့ ခင်လှိုင်က ဆိုပါတယ်။

ခင်လှိုင်ကတော့ ဒီနှစ်အကယ်ဒမီနဲ့ ပတ်သက်ပြီး ကိုယ့်အတွက် ရင်ခုန်မှုမရှိပေမယ့် မြင့်မြတ်နဲ့ ထွန်းထွန်းတို့အတွက်တော့ ရင်ခုန်တယ်လို့ ဆိုပါတယ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက်အားလုံးကို အကယ်ဒမီ ရစေချင်သလို မြင့်မြတ်နဲ့ ထွန်းထွန်းတို့အတွက်ကိုတော့ ပိုပြီးတော့ ရင်ခုန်သလို အကယ်ဒမီလည်း ရစေချင်တယ်လို့ ပြောပါတယ်။ ခင်လှိုင်ကတော့ လက်ရှိမှာ ပြေတီဦး၊ သွန်းဆက်၊တို့နဲ့ အတူ ဗီဒီယိုဇာတ်ကားတစ်ကားရိုက်ကူးနေပြီး မတ်လ(၉)ရက်နေ့ကစကာ အောင်ပန်းတွင် "အဆိုတော်တွေနေတဲ့ရွာ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို သွားရောက်ရိုက်ကူးမယ်လို့ သိရပါတယ်။

 အဲ့ဒီဇာတ်ကားကို ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးမှာ ဖြစ်ပြီး မြန်မာပြည်သိန်းတန်တို့ ဇနီးမောင်နှံနဲ့အတူ မင်းမော်ကွန်း၊ ဇေရဲထက်၊ ရွှေမှုံရတီ၊ မို့မို့မြင့်အောင် ၊တို့ ပါဝင်ထားတဲ့ ဟာသရုပ်ရှင်ဇာတ်ကားကြီး တစ်ကားလည်း ဖြစ်ပါတယ်။ အဆိုတော်တွေနေတဲ့ရွာ ရုပ်ရှင်ဇာတ်ကားမှာတော့ ခင်လှိုင်က Rapper ပုံစံမျိုး သရုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Duwun

No comments:

Post a Comment