Latest News

Friday, March 31, 2017

မင်းသမီးခင်သီတာထွန်းရဲ့ နောက်ကျောဘက်အမြင်ကို အစားထိုးရိုက်ပေးခဲ့ရာကနေ ၀ါသနာစပါလာတဲ့ ဦးကျောက်လုံးရဲ့မြေး ၀ါဝါအောင်


အမည်ရင်း  ၀ါဝါအောင်ပဲ။
ဒီလိုလည်း ခေါ်ကြသေးတယ် ၀ါဝါလို့ ခေါ်ကြတယ်။

ဒီနေ့မှာမွေးတယ်  ၃၀-၃-၁၉၆၆ ခုနှစ်၊ ဗုဒ္ဓဟူးနေ့။

မိဘတွေက  အဖေက ဦးတင်ဝင်းအောင်၊ အမေက ဒေါ်ယဉ်ယဉ်မေ

မိဘအလုပ်အကိုင်  အဖေက ကုန်သည်၊ အမေက အစိုးရ၀န်ထမ်း

တက်ခဲ့ဖူးတဲ့ကျောင်းတွေက  (၁၄)အမက၊ (၁၃)အထက၊ (၈)အထက၊ (၂၂)အထက မန္တလး မှာ
တက်ခဲ့တယ်။

အဆုံးသတ်ပညာရေး  ဆယ်တန်းမဖြေဖြစ်လိုက်ဘူး။ ကိုးတန်းအောင်နဲ့ပဲ အနုပညာအလုပ်တွေ
လုပ်ဖြစ်ခဲ့တယ်။

ဇာတိ မန္တလး

အနုပညာကို ဒီလိုစခဲ့တယ်
အန်တီဝါရဲ့ဆရာ ဦးအောင်မြင့်ထိပ် က မန်္တလေးမှာ " ခြိမ်း၍မရွာသောမိုး " ဇာတ်ကားလာရိုက်တယ်။
အဲဒီဇာတ် ကားမှာ ရန်အောင်၊ ခင်သီတာထွန်း၊ တင်နီလာဝင်းတို့နဲ့ လာရိုက်တယ်။ အဲဒီအချိန်မှာ
ခင်သီတာထွန်းက ပြန်သွား တဲ့အချိန် သူ့နေရာမှာ နောက်ကျောဘက်၊ ဘေးဘက်အနေအထားနဲ့
သရုပ် ဆောင်ခဲ့ရတယ်။ အန်တီဝါတို့က ရှုတင် တွေဘာတွေ သွားကြည့်တဲ့ အခါ အဲဒါ လေးကို ကူညီ
ပေးပါဆိုလို့ အကူအညီ ပေးလိုက်တယ်။ ပြီးတော့မှ အန်တီဝါကို ဦးကျောက်လုံးရဲ့မြေးမှန်းသိတယ်။
အဲဒီ တော့ ၀ါသနာပါရင် ရန်ကုန်ရောက်ရင် အန်တီဝါနဲ့လိုက်တဲ့ ဇာတ်ကားတစ်ကား တင်ပေးမယ်ဆိုပြီး
ပြောသွားတယ်။ သူ ပြောတဲ့အတိုင်းပဲ “၀ိုင်းစိန်မ”ဆိုတဲ့ Black & White ဇာတ်ကားမှာ အန်တီဝါ့ကို
ခေါင်းဆောင် ရိုက်ပေးတယ်။။ အဲဒီလိုနဲ့ အနုပညာ လောကထဲရောက် ခဲ့တယ်။

ပရိသတ်အသိအမှတ်ပြုခဲ့တယ်
ဗီဒီယိုခေတ်မှာက ဆရာဦးသန်းဖေလေး၊ ဒါရိုက်တာစန္ဒာဦးအောင်သိန်း၊ ဦးအောင်မြင့်ထိပ်ရယ်
ပေါင်းပြီးတော့ " အဖြည့်ခံ " ဆိုတဲ့ ဇာတ်ကားရိုက်တယ်။ ဒါရိုက်တာက ဦးသန်းဖေလေးပါ။
ကျန်တဲ့ဆရာတွေကတော့ ၀ိုင်းပြီးပံ့ပိုးပေးကြ တာပေါ့။ အဲဒီဇာတ်ကားမှာက သီဟတင်စိုး၊ ဦးထွန်းထွန်းနိုင်၊ အန်တီဝါနဲ့ ချိုသဲဆိုတဲ့ သရုပ်ဆောင်လေးဦးနဲ့ ရိုက်ကူးခဲ့တယ်။ အဲဒီဇာတ်ကားက ကိုသီဟတင်စိုးရဲ့
အရမ်းကိုအောင်မြင်တဲ့ ဗီဒီယိုဇာတ်ကားတစ်ကား ဖြစ်ခဲ့တယ် လေ။  အန်တီဝါ့ကို ပရိသတ်သိတာ
ဆိုရင် မော့စ်နဲ့ရိုက်တဲ့အချိန်မှာ "ဟုတ်ကဲ့ မမ ''၊ '' လုပ်ချလိုက်ပြန်ပြီ '' စတဲ့ ဇာတ်ကားတွေနဲ့ သိလာ
တယ်။ ပြီးတော့ ရာဇ၀င်ကားတွေ ခေတ်စားလာတဲ့ အချိန်မှာ ရာဝင်ကားတွေနဲ့လည်း သိခဲ့တယ်။
လက်ရှိဇာတ်ကားစုစုပေါင်း ခန့်မှန်းခြေကတော့ ရာကျော်နေပါပြီ။

အနုပညာမျိုးရိုး ဦးကျောက်လုံးက အဘိုးပါ။ အဖေ့ ရဲ့အဖေပါ။

လက်ဦးဆရာတွေက
ဦးအောင်မြင့်ထိပ်၊ ပြီးတော့ ရွှေတိုင်မြေခင်မောင်ဆွေ၊ ဦးသန်းဖေလေး၊ ဦးစန္ဒာအောင်သိန်း တို့က လက်ဦးဆရာတွေပါ။ ဘ၀မှာ မှတ်တိုင်စိုက်ထူခဲ့တယ်။အမေ့ ကျေးဇူးဆပ်ဖူးချင်တယ်။ ဇာတ်ကားနဲ့ ၂၀၁၀ ခုနှစ်မှာ အမျိုးသမီး ဇာတ်ပို့ အကောင်းဆုံးဆု ချီးမြှင့်ခံ ရတယ်။

တို့ရဲ့စိတ်ထား ဒီလိုရှိတယ်
အန်တီဝါကတော့ ဘယ်သူ့အပေါ် မှ မနာလိုမရှိဘူး။ အားလုံးကို အဆင် ပြေအောင် လုပ်ပေးချင်တဲ့စိတ်၊ အဆင် ပြေချင်တဲ့စိတ်ပဲရှိတယ်။ ကိုယ့်ကြောင့် သူများစိတ်ဆင်းရဲမှာ၊ စိတ်အနှောက် အယှက်ဖြစ်မှာတွေကို ကြောက်တယ်။

စံထားရတဲ့သူတွေက
ပထမဆုံးလေးစားရတာက မိဘ ပါ။

မမေ့နိုင်တဲ အမှတ်တရ
သေချာတာကတော့ ၂၀၁၀ ခုနှစ် မှာ အမျိုးသမီးဇာတ်ပို့ ဆုရတာ လုံးဝ မမေ့နိုင်တဲ့ အမှတ်တရပါပဲ။ တွေးလိုက် တိုင်းလည်း ရင်ခုန်တယ်။

မိသားစုဘ၀က
အန်တီဝါနဲ့ ဦးအောင်ခိုင်က ၇-၁၂-၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့တယ်။ အခုဆိုရင် အိမ်ထောင်သက်က
(၁၁) နှစ်ပြည့်သွားပါပြီ။

ကြိုက်တဲ့အရောင်
အဖြူနဲ့ အမည်းကြိုက်တယ်။

မကြိုက်တဲ့အရောင်
အရောင်နုတွေ မကြိုက်ဘူး။

ကြိုက်တဲ့အစားအစာ
အသုပ်ကြိုက်တယ်။

မကြိုက်တဲ့အစားအစာ
ခြေလေးချောင်းရှောင်ထားတာ တော့ နှစ်ပေါင်း (၄၀)ကျော်ပါပြီ။

လိပ်စာ
တိုက်နံပါတ် (၅)၊ အခန်း(၂၀၄)၊ ရတနာမွန် ၆ လမ်းနဲ့ ၁၁ လမ်းထောင့်၊ လှိုင် (၃)ရပ်ကွက်၊ ရန်ကုန်မြို့။

Facebook
Wah Wah Aung


Credit - Oasis Journal
Written By ရန်ပိုင်စိုး

No comments:

Post a Comment