Latest News

Friday, March 31, 2017

သင်္ကြန်ကာလမှာ လူဆိုးလူမိုက်တွေကို ခြေချုပ်ခံဝန်နဲ့ ထားရှိ


သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှုနှုန်းလျှော့ချနိုင်ဖို့ ရန်ကုန်တိုင်းအတွင်းရှိ လူဆိုးလူမိုက်တွေ စာရင်းကောက်ယူကာ ခြေချုပ်၊ခံဝန်ဥပဒေနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

သင်္ကြန်အကြိုကာလအတွင်း ကြိုတင်ကာကွယ်မှုအနေဖြင့် ရန်ကုန်တိုင်းမှာ မတ်လ ၁ ရက်မှ ၂၈ ရက်အထိ ခြေချုပ် ၊ ခံဝ န်ဥပဒေနဲ့ အရေးယူမှုပေါင်း ၁၆၇ မှုရှိခဲ့ပြီး လောင်းကစားမှု၊ လက်နက်ပုန်းမှု၊ ယစ်မျိုး၊ မူးယစ် ဆေးဝါးနဲ့ အခြားကြိုတင် ကာကွယ်မှုပေါင်း ၄,၅၆၂ မှုရှိတယ်လို့ သိရပါတယ်။

‘‘ရန်ကုန်မှာရှိတဲ့ လူဆိုးလူမိုက်စာရင်းများကို ကောက်ယူထားပြီး အဲဒီလူဆိုးလူမိုက်အချို့ ပြင်ပမှာနေထိုင်တယ်ဆိုရင် မှုခင်းပိုင်းဆိုင်ရာဖြစ်ပေါ်နိုင်တဲ့အတွက် အုပ်ချုပ်ရေးအဖွဲ့များနဲ့ညှိနှိုင်းပြီး သက်ဆိုင်ရာ ရဲစခန်းတွေမှာ ခြေချုပ်နဲ့ခံဝန်ေ ရးထိုးခိုင်းမှုတွေလုပ်နေတာတွေရှိပါတယ်’’ လို့ ရဲမှူးချုပ်ဝင်းနိုင်က ပြောထားပါတယ်။

ရန်ကုန်တိုင်းရှိ မြို့နယ်အသီးသီးမှာ နေထိုင်ကြသူတွေဟာ အကျဉ်းကျဖူးသူ၊ ပြစ်ချက်ဟောင်းရှိသူ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပြောဆိုဆုံးမရတဲ့ လူဆိုးလူမိုက်တွေကို ၁၉၆၁ ခြေချုပ်၊ခံဝန်ဥပဒေနဲ့ သက်ဆိုင်ရာမြို့နယ်တရားသူကြီးထံ တရားစွဲတင်ခဲ့ပြီး အဆိုပါဥပဒေကို ဖောက်ဖျက်ပါက ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်ကြောင်း ရန်ကုန်တိုင်းရှိ ရဲအရာရှိတစ်ဦးက ပြောထားပါတယ်။

‘ခြေချုပ်ဆိုတာ သူတို့ကို အချုပ်ထဲထည့်ထားတာမဟုတ်ဘူး။ အဲဒီဥပဒေနဲ့ အရေးယူမယ်ဆို မြို့နယ်ထွေအုပ်ဆီ ခွင့်ပြု ချက်တင်ရတယ်။ ပြီးမှ တရားရုံးကို တရားစွဲတင်ပြီး အရေးယူရတာ။ တရားသူကြီး သတ်မှတ်ပေးတဲ့ကာလအတွင်းေ ကာင်းမွန်စွာနေထိုင်ပါမယ်ဆိုပြီး တစ်ပတ်တစ်ခါဖြစ်ဖြစ်၊ တစ်လတစ်ခါဖြစ်ဖြစ် လက်မှတ်လာထိုးရတယ်။ အဲ ဒီကာ လ အတွင်း ပြစ်မှုတစ်ခုခုကျူးလွန်ပြီဆို ခြေချုပ်ဥပဒေဖောက်ဖျက်မှုနဲ့ ထောင်ချလို့ရတယ်’’ လို့လည်း ပြောကြားထားပါတယ်။

သင်္ကြန်ကာလအကြို စွန်ရဲစီမံချက်နဲ့ ကြိုတင်ကာကွယ်မှုတွေအပြင် စစ်ပြေး ၉၃ မှု၊ ရဲပြေး လေးမှု၊ ရဲဘက်ပြေး ခြောက်မှု၊ တရားခံပြေး ၁၁၅ မှု စတဲ့ ပြေးလေးပြေးဖမ်းဆီးမှုပေါင်း ၂၁၉ မှု ဖမ်းဆီးနိုင်ခဲ့ပြီး ခိုး၊ ဆိုး၊ လု၊ နှိုက် ဒုစရိုက်မှုတွေပါ ဖမ်းမိ ခဲ့တယ်လို့ သိရပါတယ်။ စွန်ရဲစီမံချက်ကာလအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် ဒုစရိုက်မှု ဖမ်းမိမှုမှာ လှိုင်သာယာမြို့နယ်မှာ အ များဆုံး ဖြစ်တယ်လို့ သိရပါတယ်။

Credit to maharnewsjournal

No comments:

Post a Comment