Latest News

Thursday, March 9, 2017

ကမ္ဘာကျော် Uber ကားကုမ္ပဏီနဲ့ မိတ်ဖက်ပြုသွားဖို့ AGD ဘဏ် ဆွေးနွေးညှိနှိုင်း

ကမ္ဘာကျော် Uber ကားကုမ္ပဏီနဲ့ မိတ်ဖက်ပြုသွားဖို့ AGD ဘဏ် ဆွေးနွေးညှိနှိုင်


နည်းပညာနဲ့ ဘဏ်လုပ်ငန်းကို ပေါင်းစပ်ချဲ့ ထွင်သွားဖို့ ဦးတည်နေပါတယ်။

မြန်မာနိုင်ငံမှ အာရှစိမ်းလန်းဖွံ့ ဖြိုးမှုဘဏ် (AGD) ဟာ နိုင်ငံခြားမှ စီးပွားရေးပါတနာများကို ရှာဖွေနေပြီး လောလောဆယ်မှာ Uber Technologies Inc နဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ Bloomberg သတင်းမှာ ဖော်ပြထားပါတယ်။

Uber ကားအဌားကုမ္ပဏီရဲ့ မြန်မာပြည်အကြီးအကဲနဲ့ AGD ဘဏ်တို့ဟာ ပဏာမအကြိုဆွေးနွေးညှိနှိုင်းမှုများ လုပ်ထားတယ်လို့  ကြာသာပတေးနေ့ က ရန်ကုန်မှာ ပြုလုပ်တဲ့ Bloomberg နဲ့  တွေ့ ဆုံမေးမြန်းခန်းမှာ AGD ဘဏ် စီမံခန့် ခွဲမှု ဒါရိုက်တာဖြစ်သူ ဦးထူးထက်တေဇက ပြောပါတယ်။ AGD ဘဏ်ဟာ ဘဏ်စနစ်လက်လှမ်းမမီနိုင်သေးတဲ့ ဒေသများကို ဒစ်ဂျစ်တယ်မိုဘိုင်းလ်စနစ်နဲ့ ဖြန့် ကျက်နိုင်အောင် ကြိုးပမ်းနေသလို ပြည်ပမှ နည်းပညာနဲ့ ဝန်ဆောင်မှုများကိုလည်း ရှာဖွေနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် လူဦးရေရဲ့ တစ်ဝက်ကျော်ဟာ အသက် ၄၅ နှစ်အောက် လူငယ်ဖြစ်နေတဲ့ မြန်မာပြည်ဟာ အခြားအာရှနိုင်ငံများနဲ့ ယှဉ်ရင် နည်းပညာအခက်အခဲ များစွာရှိနေဆဲ ဖြစ်ပါတယ်။ ရန်ကုန်အခြေစိုက် ဘဏ်များမှာ ပုံမှန်ကြုံနေတဲ့ စိန်ခေါ်မှုနှစ်ခုရှိပြီး တစ်ခုက မိုဘိုင်းလ်ဖုန်းသုံးစွဲသူဦးရေဟာ အာရှမှာ အနိမ့်ဆုံးအခြေအနေမှာ ရှိနေခြင်းနှင့် နောက်တစ်ချက်ကတော့ ငွေကြေးအသိအမြင်နည်းပါးခြင်း ဖြစ်နေပါတယ်။ မြန်မာပြည် လူဦးရေရဲ့ ၇၇% ဟာ ဘဏ်စနစ်နဲ့ လက်လှမ်းမမီနိုင်သေးဘူးလို့ ငွေကြေးအတိုင်ပင်ခံ ရိုလန် ဘာဂါကဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကစပြီး မြန်မာ့လူဦးရေရဲ့ ၃၈ % ဟာ မိုဘိုင်းလ်ဖုန်းကိုင်ဆောင်လာနိုင်ပါတယ်။ ဒီနှုန်းထားဟာ လူဦးရေရဲ့ ၉၅% ဖုန်းကိုင်နိုင်တဲ့ ဟောင်ကောင်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် ၃ ဆနီးပါး နိမ့်ကျနေသေးတာ ဖြစ်ခြင်းကြောင့် မိုဘိုင်းလ်ဘဏ်စနစ်ကို သွားရာမှာ အခက်ကြုံနေပါတယ်။
လူတိုင်းပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ်ဖြစ်ဖို့  AGD ဘဏ်ဟာ ဦးစားပေးဆောင်ရွက်နေတယ်လို့ Bloomberg Televison နဲ့ အင်တာဗျူးတစ်ခုမှာ အသက် ၂၄ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ ဦးထူးထက်တေဇက ဆိုပါတယ်။ "ဒီမှာ တကယ့်အခွင့်အလမ်းက ဘဏ်စနစ်လက်လှမ်းမီတဲ့ ဈေးကွက်တွေမှာ ငွေကြေးနည်းပညာနဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းကိုသုံးပြီး သွားလို့ ရနိုင်တာ ဖြစ်ပါတယ်။ "AGD ဘဏ်ရဲ့ စီမံခန့် ခွဲမှုဒါရိုက်တာကတော့ AGD ရဲ့ နှစ်စဉ် မိုဘိုင်းလ် ဘဏ်စနစ်ကို သုံးစွဲသူဦးရေဟာ နှစ်စဉ် ၅၀% အထိ တက်လာနေတယ်လို့ ပြောပါတယ်။ AGD ဘဏ်ဟာ ပြီးခဲ့တဲ့ နှစ်နှစ်ကပဲ ထိုင်းနိုင်ငံမှ True Money နဲ့ ပူးပေါင်းပြီး ငွေလွှဲငွေပို့ မှုများကို မိုဘိုင်းဖုန်းများမှတစ်ဆင့် လုပ်ဆောင်သွားဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ True Money နဲ့ AGD ဘဏ် partnership ကနေ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေနဲ့ ပြည်တွင်းကို ငွေလွှဲရာမှာ လွယ်ကူအဆင်ပြေအောင် ကူညီနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

AGD ဘဏ်ကို ဦးတေဇမိသားစုမှ ရှယ်ယာအများဆုံးနဲ့ ပိုင်ဆိုင်ထားပြီး ၂၀၁၀ ခုနှစ်မှာ ဘဏ်လုပ်ငန်း လိုင်စင်ရရှိခဲ့တာ ဖြစ်သလို နိုင်ငံတွင်းမှာ ဘဏ်ခွဲပေါင်း ၂၄ ခုအထိ ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။ အမေရိကန်အစိုးရမှ ဦးတေဇမိသားစုအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ဖွင့်လှစ်ပေးချိန်ကစပြီး AGD ဘဏ်အနေနဲ့ နိုင်ငံခြားမှ ပါတနာများကို ရှာဖွေလာတာ ဖြစ်ပါတယ်။ AGD ဘဏ်နဲ ပဏာမအကြိုဆွေးနွေးညှိနှိုင်းခဲ့တဲ့ Uber Technologies Inc ကတော့ ကယ်လီဖိုးနီးယားပြည်နယ် ၊ ဆန်ဖရန်စစ္စကိုအခြေစိုက် အွန်လိုင်းသယ်ယူပို့ ဆောင်ရေးကုမ္ပဏီကြီးဖြစ်ပြီး ကမ္ဘာ့ပေါ်ရှိ မြို့ ပေါင်း ၅၂၈ မြို့ မှာ Uber ride sharing စနစ်ကို အကောင်အထည်ဖော်နေပါတယ်။ Uber ရဲ့ ဒရိုင်ဘာများဟာ ကိုယ်ပိုင်ကားမောင်းပြီး တက္ကဆီဆွဲကြသလို Uber ဆီမှလည်း ကားငှားပြီး မောင်းနှင်နိုင်ပါတယ်။ ကားငှားစီးမယ့်သူဟာ Uber mobile app ကဖြစ်စေ Uber ရဲ့ မိုဘိုင်းလ်ဝက်ဘ်ဆိုက်က ဖြစ်စေ ကားငှားနိုင်ပြီး ငွေကိုလည်း payment စနစ် တစ်မျိုးမျိုးကနေ ငွေပေးသွားလို့ ရနိုင်မှာ ဖြစ်ပြီး ဒီစနစ်ကို Uberification လို့ စီးပွားရေးအသုံးအနှုန်းတွင်ခဲ့ပါတယ်။

အမေရိကန်မှ သယ်ယူပို့ ဆောင်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Uber အငှားကားလုပ်ငန်းစုကြီးကို ၂၀၀၉ ခုနှစ်က တည်ထောင်ခဲ့ပြီး ဝန်ထမ်းပေါင်း ၆၇၀၀ ကျော်နဲ့ လည်ပတ်နေပါတယ်။ ယခုဆိုရင် မိုဘိုင်းလ်ပလက်ဖောင်း အားကောင်းလာနေသည့် ဖွံ့ ဖြိုးစ အာရှနိုင်ငံများဆီ ဈေးကွက် ရှာဖွေလာတဲ့ Uber ဟာ မြန်မာနိုင်ငံကို ရောက်လာတော့မလားဆိုတာ မကြာခင်မှာ ကြားသိရတော့မှာ ဖြစ်ပါတယ်။

Duwun

No comments:

Post a Comment