Latest News

Monday, March 20, 2017

ဥရောပလိဂ် ပွဲစဉ်များ၏ အခြေအနေ

ဥရောပလိဂ် ပွဲစဉ်များ၏ အခြေအနေ

ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) အပြီးမှာတော့ အမှတ်ပေးဇယား ထိပ်ဆုံးက ချဲလ်ဆီးဟာ ဒုတိယနေရာက စပါးအသင်းကို (၁၀)မှတ်ဖြတ် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးရော၊ စပါးရော (၂၈) ပွဲစီပဲ ကစားရသေးပြီး ပွဲကျန် တစ်ပွဲစီ ကစားရဦးမှာပါ။ မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ လီဗာပူးပွဲမှာ တစ်ဂိုးစီ သရေကျခဲ့တာကြောင့် မန်စီးတီးဟာ စပါးကို ကျော်တက်နိုင်ခဲ့ခြင်း မရှိဘဲ အဆင့်(၃)နေရာမှာပဲ ဆက်ရှိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ် (၂) ပွဲဆက်တိုက် အာဆင်နယ် အသင်း ရှုံးပွဲ ကြုံခဲ့ပြီး ပွဲစဉ်(၂၉)မှာ မန်ယူက မစ်ဒယ်ဘရော့ကို အနိုင်ရခဲ့တာကြောင့် အဆင့်(၅)နေရာ ရောက်ရှိလာခဲ့ပါတယ်။ အဲဗာတန် တိုက်စစ်မှူး လူကာကူက (၂၁)ဂိုးသွင်းပြီး ဂိုးသွင်း အများဆုံး ကစားသမား စာရင်းမှာ ထိပ်ဆုံးနေရာ ရပ်တည်နေပါတယ်။

ဘီလ်ဘာအိုကို အနိုင်ရခဲ့တဲ့ ရီးရဲလ်ဟာ ဘာစီလိုနာထက် တစ်ပွဲလျော့ ကစားပြီး (၂) မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။ အဆင့် (၃) နေရာက ဆီဗီလာဟာ နောက်ဆုံး (၃) ပွဲမှာ တစ်မှတ်ပဲ ရခဲ့ပြီး  အက်သလက်တီကိုက နောက်ဆုံး (၃) ပွဲဆက်တိုက် အနိုင်ရခဲ့လို့ သူတို့ နှစ်သင်းကြား အမှတ် ကွာဟမှု လျှော့ချနိုင်ခဲ့ပါတယ်။ မက်ဆီကတော့ (၂၃) ဂိုးသွင်းထားပြီး ဆွာရက်ဇ်က (၂၁) ဂိုး သွင်းထားပါတယ်။

ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ ပွဲစဉ် (၂၅) ပွဲ ပြီးဆုံးချိန်မှာ နောက်ဆုံး (၄) ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ ဘိုင်ယန် မြူးနစ်က အနီးကပ်ဆုံး ပြိုင်ဘက် လစ်ဇစ်ကို (၁၃) မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဒေါ့မွန်ကတော့ လစ်ဇစ်ထက် (၃) မှတ်နည်းပြီး အဆင့် (၃) နေရာမှာ ရှိနေပါတယ်။

စီးရီးအေ ပြိုင်ပွဲမှာတော့ ဂျူဗင်တပ်ရော၊ ရိုးမား၊ နာပိုလီ (၃) သင်းလုံး အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံး (၃) နေရာမှာ အပြောင်းအလဲ မရှိခဲ့ပါဘူး။ တိုရီနို တိုက်စစ်မှူး ဘယ်လော့တီက (၂၂)ဂိုး၊ ရိုးမား တိုက်စစ်မှူး ဒီဇီကိုက (၂၁)ဂိုး သွင်းထားကြပါတယ်။

Nz (ရိုးရာလေး)

No comments:

Post a Comment