Latest News

Thursday, March 23, 2017

မုံရွာ မီးပွိုင့်အချို့တွင် စီစီတီဗွီ ကင်မရာများ တပ်ဆင်မည်

မုံရွာ မီးပွိုင့်အချို့တွင် စီစီတီဗွီ ကင်မရာများ တပ်ဆင်မည်

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့က မီးပွိုင့်အချို့မှာ  ဘဏ္ဍာငွေ အပေါ် မူတည်ပြီး စီစီတီဗွီ ကင်မရာတွေ တပ်ဆင် သွားမယ်လို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ စည်ပင် သာယာရေး ဝန်ကြီးက တိုင်းလွှတ်တော်မှာ မနေ့က ပြောဆိုလိုက်ပါတယ်။

မုံရွာမြို့ရှိ မီးပွိုင့် အချို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းပြီး ယာဉ် မတော်တဆမှုတွေ ခဏခဏ ဖြစ်ပွားတာကြောင့် အသွားအလာ များတဲ့ မီးပွိုင့်တွေမှာ စီစီတီဗွီ ကင်မရာတွေ တပ်ဆင် ပေးနိုင်ခြင်း ရှိ/ မရှိနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဒေါ်အမာကြည် က မတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ တိုင်းဒေသကြီး ပုံမှန် အစည်းအဝေးမှာ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

မုံရွာမြို့က မြို့ကြီးတမြို့ ဖြစ်ပြီး လူနေထူထပ်ကာ အိန္ဒိယ ကုန်သွယ်ရေး အချက်အခြာကျတဲ့ မြို့ဖြစ်တဲ့အပြင် အစိုးရရုံးစိုက်ရာ မြို့လည်း ဖြစ်တာကြောင့် မြို့အင်္ဂါရပ်နဲ့ ညီညွတ်အောင် ယာဉ် မတော်တဆမှုတွေ လျော့နည်းအောင် ဆောင်ရွက်ဖို့လည်း လိုအပ်နေပါတယ်။

မုံရွာမြို့မှာ မီးပွိုင့် ၅ ခုရှိပြီး ကျောက္ကာလမ်း မီးပွိုင့်က မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာ တည်ရှိနေတဲ့ အပြင် ရထားလမ်းနဲ့လည်း နီးကပ်နေတာကြောင့် ယာဉ်မတော်တဆမှု လျော့ကျရေး အတွက် စီစီတီဗွီ ကင်မရာ တပ်ဆင်ဖို့လည်း လိုအပ်နေတာပါ။

မေးခွန်းနဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးနှစ် အလိုက် ရန်ပုံငွေ ရရှိမှုပေါ် မူတည်ပြီး လျာထား ဆောင်ရွက် ပေးသွားမယ် လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည် က ပြန်လည်ြေေဖြေကြားသွားပါတယ်။DVB

No comments:

Post a Comment