Latest News

Wednesday, March 15, 2017

လှိုင်သာယာဝန်ထမ်းကြီးအိမ်ရာကွင်းတွင် မကြာခဏလုယက်မှုဖြစ်ပွားလျက်ရ

လှိုင်သာယာဝန်ထမ်းကြီးအိမ်ရာကွင်းတွင် မကြာခဏလုယက်မှုဖြစ်ပွားလျက်ရ


ရန်ကုန် မတ် ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အမှတ်(၁၅) ရပ်ကွက် ရွှေလင်ပန်းချောင်းနံဘေးရှိ ဝန်ထမ်းကြီးအိမ်ရာကွင်းတွင် လူငယ်များမကြာခဏလုယက်ခံနေရသည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ညနေပိုင်းနှင့်ညပိုင်းတွင် လှည့်ကင်း၊ ပတ်ကင်းများဆောင်ရွက်နေရကြောင်း သိရသည်။

"ဝန်ထမ်းကြီးအိမ်ရာမှာ လျှပ်စစ်မီးလည်းမရှိတော့စက်ရုံဆင်းကလေးမလေးတွေနဲ့ လူငယ်စုံတွဲတွေမကြာခဏလုယက်ခံနေရတယ်။ ညနေ နေဝင်ပြီးနဲ့ ညပိုင်းအချိန်တွေမှာ လူငယ်စုံတွဲတွေ အများဆုံးလုယက်ခံရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက တက္ကစီကားပေါ်က လူငယ်လေးဦးက စုံတွဲစီကနေ ဖုန်း၊ ငွေနဲ့ဆိုင်ကယ်ကို ထိုးကြိတ်လုယက်သွားသေးတယ်။ ညနေပိုင်းရောက်တာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ ဆိုင်ကယ်နဲ့ပတ်ပြီး ဒီနေရာတွေဟာ လုယက်မှုမကြာခဏဖြစ်လို့ မနေသင့်ကြောင်းပြောရင် နားလည်တဲ့လူငယ်တွေရှိသလို ပြန်ပြီးပြဿနာရှာတဲ့ လူငယ်တွေလည်းတွေ့ရတယ်။ ဒီနေရာမှာ ပြောပြီးလို့ အခြားနေရာလှည့်ပြောနေစဉ်ပဲ ရှိသေးတယ်။ ခုနက လူငယ်အတွဲ ပစ္စည်းလုခံပြီးသွားပြီ"ဟု ဝန်ထမ်းကြီးကွက်တွင် လိုက်လံလုံခြုံရေးဆောင်ရွက်ပေးနေသော အမှတ်(၁၅) ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ ဦးကြည်လွင်က ပြောသည်။

စက်ရုံဆင်းလူငယ်များနှင် မြို့ခံလူငယ်များစိတ်လက်အပန်းဖြေရန် လှိုင်သာယာတွင် ပန်းဥယျာဉ်အင်္ဂ gနှင့်အညီ တည်ဆောက်ထားသော ပန်းခြံကြီးမရှိဘဲ(၄)ထိပ်မှတ်အနီးတွင်သာ ရပ်ကွက်ပန်းခြံတစ်ခုရှိပြီး ရုံးပိတ်ရက်တို့တွင် အောင်မြေသာယာစေတီတော်နှင့် ငွေပင်လယ်ဘုရားတို့တွင်သာလူငယ်တို့အတွက် ခေတ္တအပန်းဖြေရာနေရာအဖြစ်ရှိသည်။လူငယ်များလမ်းဘေးအကွယ်တို့တွင် တွေ့ဆုံစကားပြောသည်ကိုအခွင့်ကောင်းအဖြစ် လုယက်သည့်သူများ ဆိုင်ကယ်၊ကားတို့ဖြင့် လုယက်မှုများလာလျက်ရှိပြီး တနင်္ဂနွေ နေ့တွင် အများဆုံးလုယက်ခံနေရလျက်ရှိကာ မတ် ၁၂ရက် ည ၉ နာရီခွဲကလည်း ရွှေလင်ပန်းမီးသတ်ကန်လမ်းတွင် လူငယ်နှစ်ဦးစီးနင်းလာသော ဆိုင်ကယ်အားလူနှစ်ဦးမှ ထိုးကြိတ်၍ လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 "ဒီဝန်ထမ်းအိမ်ရာမှာ လုယက်မှုမကြာခဏဖြစ်လို့ အုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့ပေါင်းပြီး အင်တိုက်အားတိုက်လုပ်လည်း ခဏပဲ။ ရှေ့က သတိပေးပြောသွားရင် နောက်မှာဖြစ်နေပြီ။ ဒီအိမ်ရာဝင်းမှာဓာတ်တိုင်တွေ မီးလင်းစေချင်တယ်။ ပြီးတော့ ရဲကင်းတစ်ခု ဆောက်နိုင်မယ်ဆိုရင် လုယက်မှုတွေပျောက်သွားမှာပါ" ဟု (၁၅)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်ဦးအေးကြိုင်က ပြောသည်။

လှိုင်သာယာတွင် ရုံးပိတ်ရက်နှင့်အလုပ်သမားများလစာထုတ်ရက်ဖြစ်သော လကုန်ပြီးချိန်တို့တွင်အများဆုံး လုယက်မှုခံနေရကြောင်း သိရသည်။

 ပြန်/ဆက်

No comments:

Post a Comment