Latest News

Tuesday, March 14, 2017

ရန်ကုန်သင်္ကြန် ရေပေးဝေမှု အချိန် ကန့်သတ်မည်

ရန်ကုန်သင်္ကြန် ရေပေးဝေမှု အချိန် ကန့်သတ်မည်


ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပေးဝေသည့်ရေကို အားထားနေရသည့် မြို့တွင်း မြို့နယ်နှင့် ဆက်စပ်မြို့နယ်များကို သင်္ကြန်ကာလအတွင်း ရေပေးဝေမှု အချိန် ကန့်သတ်မည်ဖြစ်ကြောင်း အဆိုပါ ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဌာနထံမှ သိရသည်။

လသာ၊ လမ်းမတော်၊ ကျောက် တံတား၊ ပန်းဘဲတန်း၊ ဗဟန်းနှင့် ဒဂုံမြို့နယ်များကို နံနက် ၈ နာရီမှ ၁၁ နာရီအထိ၊ ညနေပိုင်းတွင် ၃ နာရီမှ ၆ နာရီအထိ တစ်နေ့လျှင် ရေပေးဝေချိန် ခုနစ် နာရီသာ ရှိမည်ဖြစ်ကြောင်း အဆိုပါဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“မြို့တွင်းနဲ့ ဆက်စပ်မြို့နယ်တွေကို သင်္ကြန်ရက်တွေမှာ အချိန် အကန့်အသတ်နဲ့ ရေပေးဝေသွားပါမယ်။ ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်မှာတော့ မြို့နယ် အားလုံးကို ပုံမှန် ရေပေးနေသည့် အချိန်အတိုင်း ပြန်ပေးမယ်”ဟု ၎င်းက ဆိုသည်။

ရေကစားသူများ ကျန်းမာရေး မထိခိုက်စေရန်နှင့် ရေချို အလေအလွင့် မရှိစေရန် ယခုကဲ့သို့ မြို့တွင်းမြို့နယ်နှင့် ဆက်စပ် မြို့နယ်များတွင် ရေပေးဝေမှု အချိန် ကန့်သတ်ထားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

သင်္ကြန်ကာလတွင် ရေကစား မဏ္ဍပ်များကို နေ့စဉ် နံနက် ၈ နာရီမှ ၁၂ နာရီ၊ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီထိသာ ရေကစားခွင့်ပြုမည်ဖြစ်ပြီး သတ်မှတ်ချိန်ထက် ကျော်လွန်ကာ ရေကစားသည့်မဏ္ဍပ်များကို စောင့်ကြည့်ကာ ရေ၊ မီး ဖြတ်တောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။



The Voice

No comments:

Post a Comment