Latest News

Sunday, March 26, 2017

မြ၀တီတွင် ၁၀၀၀၀ တန် အတုများ ဖမ်းဆီးရမိ

မြ၀တီတွင် ၁၀၀၀၀ တန် အတုများ ဖမ်းဆီးရမိ

မြ၀တီ၊ မတ်-၂၆

ကရင်ပြည်နယ် မြ၀တီမြို့တွင် ထိုင်းနိုင်ငံဘက်ကမ်းမှ မြန်မာနိုင်ငံ
ဘက်ကမ်း ကူးလာသူတစ်ဦးထံမှ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူ
အတုများကို မတ် ၂၅ ရက်က ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ မတ် ၂၅ ရက် ည ၁၀ နာ ရီခန့်က ကရင်ပြည်နယ်
မြ၀တီမြို့တွင် မဲဆောက်ဘက်မှ မြန်မာငွေစက္ကူ ကျပ် ၁၀၀၀၀
တန်အတုများ သယ်ဆောင်လာကြောင်း သတင်းအရ မြ၀တီမြို့မ
ရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သက်နိုင်စိုးနှင့် အဖွဲ့က
အမှတ်(၁၀) မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ်သက်ဦး ဦးစီးပူးပေါင်းအဖွဲ့သည်
သက်သေများနှင့်အတူ ၉၉၉ ဂိတ်ဟောင်းအနီးမှ ပိတ်ဆို့ ရှာဖွေစစ်
ဆေးရာ ၀င်းနိုင်(ခ)စဒစ်(၀ဲပုံ)ထံမှ ကျပ် ၁၀၀၀၀ တန် မြန်မာငွေ
စက္ကူအတုများရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ မဲဆောက်မြို့နယ်ဘက်မှ
စက်လှေဖြင့် ကူးလာသူများအနက် ၀င်းနိုင် (ခ) စဒစ်(၄၄)နှစ် ၁လမ်း၊
လဖောင်းရပ်ကွက် ဗန်ကောက် မြို့ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ၁၀
နှစ်ကတ်ဖြင့် နေထိုင်သူအား ရှာဖွေစစ်ဆေးရာ ၎င်းလွယ်ထားသည့်
Original တံဆိပ်ပါ အနက်ရောင် သားရေဘေးလွယ်အိတ်အတွင်း
ထိုင်းဆင်းမ်ကတ်နှစ်ကတ် တပ်ဆင်အသုံးပြုသော HUAWEI
အမျိုးအစား ရွှေရောင် လက်ကိုင်ဖုန်းတစ်လုံး၊ အနက်ရောင်သားရေ
ခေါက်ပိုက်ဆံအိတ် အတွင်းမှ ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၁၉၀၀ ၊
ကတ်အမှတ် 0-7703-89012- 65-7 နှင့် ၀င်းနိုင် (ခ) စဒစ်
ဓာတ်ပုံပါ ထိုင်းယာဉ်မောင်း လိုင်စင်ကတ်တစ်ခု၊ မြန်မာငွေစက္ကူ
အတုဟု ယူဆရသည့် မြန်မာအက္ခရာနှင့် အင်္ဂလိပ်အက္ခရာ မတူသည့်
ကျပ်၁၀၀၀၀ တန်နှစ်ရွက်၊ အင်္ဂလိပ် အက္ခရာမပါသည့် ကျပ် ၁၀၀၀၀
တန်တစ်ရွက်အပါအ၀င် စုစုပေါင်း ငွေစက္ကူအတုဟု ယူဆရသော
ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအရွက် ၂၀ အား ရှာဖွေတွေ့ရှိသဖြင့်
သက်သေ များရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ၀င်းနိုင် (ခ) စဒစ်အား သိမ်းဆည်းရမိသည့်
ကျပ် ၁၀၀၀၀ တန်များနှင့်ပတ်သက်၍ မေးမြန်းစစ်ဆေးခဲ့ရာ
အဆိုပါငွေစက္ကူအတုများအား ထိုင်းနိုင်ငံ မဲဆောက်မြို့နေ ခင်ဝင်း
(စိစစ်ဆဲ)ထံမှ ကျပ် ၁၀၀၀၀ တန်တစ်ရွက်လျှင် ထိုင်းဘတ်ငွေ ၁၀၀
ဖြင့် ၀ယ်ယူခဲ့ပြီး မြန်မာဘက်ခြမ်းတွင် သုံးစွဲရန် လာရောက် ခြင်းဖြစ်
ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ သဖြင့် ငွေစက္ကူအတုများအား
လက်ဝယ် ထားရှိသုံးစွဲသူ ၀င်းနိုင်(ခ) စဒစ်နှင့် ငွေစက္ကူအတုများအား
ထုတ်လုပ်ဖြန့်ဖြူးသူ ခင်ဝင်းတို့နှစ်ဦးကို ဥပဒေအရ အရေးယူ ပေးရန်
ဒုရဲအုပ်သက်နိုင်စိုးက တရားလိုပြုလုပ်၍ မတ် ၂၆ ရက်တွင် မြ၀တီမြို့
မရဲစခန်းသို့ တိုင် တန်းခဲ့ရာ မြ၀တီမြို့မရဲစခန်းက (ပ) ၂၇၀/၂၀၁၇၊
ဗဟိုဘဏ် ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး စခန်းမှူး
ဒုတိယရဲမှူးကိုကိုနိုင်က စစ်ဆေးလျက်ရှိကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment