Latest News

Sunday, March 26, 2017

မန္တလေး ၁၆ မိုင် စစ်ဆေးရေးစခန်းတွင် လိုင်စင်မဲ့ယာဉ်ပေါ်မှ ဗုံးပစ်လောင်ချာနှင့်တွဲလျက် သေနတ်တစ်လက် ဖမ်းဆီးရမိ

မန္တလေး ၁၆ မိုင် စစ်ဆေးရေးစခန်းတွင် လိုင်စင်မဲ့ယာဉ်ပေါ်မှ ဗုံးပစ်လောင်ချာနှင့်တွဲလျက် သေနတ်တစ်လက် ဖမ်းဆီးရမိ


မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် စစ်ဆေးရေး စခန်းတွင် မတ်၂၆ ရက် နံနက် ၅ နာရီခွဲခန့်က လိုင်စင်မဲ့ယာဉ်ပေါ်မှ  ၄၀ မမ ဗုံးပစ်လောင်ချာနှင့်တွဲလျက် သေနတ်တစ်လက် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ပါဝင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့သည် စစ်ဆေးမှုများ ပြုလုပ်နေစဉ် မန္တလေး-ပြင်ဦးလွင် အတက်လမ်းအတိုင်း မန္တလေးမှမူဆယ်သို့ မောင်းနှင်လာသည့် Mark 2 အမျိုးအစားယာဉ်ကို စစ်ဆေးခဲ့ကြောင်း၊ အဆိုပါယာဉ်ကို မောင်းနှင်လာသူမှာ ပန်ဆေးပြည်သူ့စစ်မှ အတွင်းရေးမှူး ဦးထွန်းမြင့်(၄၉ နှစ်)ဖြစ်ပြီး ပန်ဆေးပြည်သူ့စစ်မှ တပ်သား မင်းနိုင်ထွန်းနှင့် ကျော်ကျော်လင်းတို့ လိုက်ပါလာကြပြီး ယာဉ်မှာ လိုင်စင်မဲ့ဖြစ်ကာ ယာဉ်နောက်ဖုံးအတွင်း၌ ပီနံအိတ်ခွံဖြင့်ထည့် ထားသည့် ကိုယ်ထည်အမှတ် (၅၇၈၄၄၀) M-22 အမျိုးအစား (၄၀)မမ လောင်ချာ တွဲလျက် လောင်ချာ ကိုယ်ထည်အမှတ် (LG2 – 40/0615-12656) နှင့် ကျည်ဆန် အတောင့် ၃၀ ဆံ့သည့် ကျည်ဆန်မပါ ကျည်ကတ်ခွံ တစ်ခုတို့ကို တွေ့ရှိခဲ့ကြောင်း စစ်ဆေးရာတွင် ပါဝင်ခဲ့သည့် အရာရှိ တစ်ဦးထံမှ သိရသည်။

“ဗုံးပစ်လောင်ချာနဲ့တွဲလျက် သေနတ်မိတာပါ။ သယ်ဆောင်လာသူတွေကတော့ ပြည်သူ့စစ်အဖွဲ့ကလို့ သိရပါတယ်။ ပြည်သူ့ စစ်က တရားဝင် ဖွဲ့ပေးထားတဲ့ အဖွဲ့ဆို လက်နက်ကိုင်ခွင့်ရှိတယ်။ နယ်မြေကန့်သတ်ချက် နဲ့ပေါ့။ ဒါပေမဲ့ သေနတ်အားလုံး စာရင်းတပ်မှာရှိတယ်။ နယ်မြေကျော်ကိုင်ခွင့် မရှိဘူးပေါ့။ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး တာဝန်ကျ တပ်ဖွဲ့ပေါင်းစုံမှ စစ်ဆေးနေကြောင်း သိရသည်။                

Eleven Media Group

No comments:

Post a Comment