Latest News

Wednesday, March 1, 2017

အစိုးရအဖွဲ့အပြောင်းအလဲသတင်းများထွက်ပေါ်

အစိုးရအဖွဲ့အပြောင်းအလဲသတင်းများထွက်ပေါ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်း တစ်နှစ်ပြည့်လုပြည့်ခင်တွင် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲအချို့ဖြစ်ပေါ်မည် ဟု သတင်းများကျယ်ကျယ်ပြန့် ပြန့်ထွက်ပေါ်လျက်ရှိသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး
နုတ်ထွက်သွားခဲ့ခြင်းက အဆိုပါ သတင်းများကို ပိုမိုအားကောင်း စေခဲ့သည်။


အာဏာရပါတီ၏အသိုင်းအ ဝိုင်းများမှ လာသော သတင်းများ က ဝန်ကြီးအပြောင်းအလဲများ  ဆက်လက်ဖြစ်ပေါ်လာဦးမည်ဟု ဆိုသည်။

ဝန်ကြီးရာထူးအပြောင်းအ လဲကိစ္စများ ကြားမိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက လည်း အတည်ပြုသည်။

‘‘ဝန်ကြီးတချို့ကို တစ်နှစ် လောက်အချိန်ပေးစောင့်ကြည့် မယ်ဆိုတဲ့မူရှိသလားပေါ့။ ဒီမူရှိ ရင်တော့ အခု တစ်နှစ်ပြည့်တော့ မှာဆိုတော့ အပြောင်းအလဲကရှိ ကောင်းရှိလာနိုင်တယ်’’ဟု ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်
တစ်ဦးက ပြောသည်။

အစိုးရအဖွဲ့အတွင်း ဝန်ကြီး အချို့ကို အပြောင်းအလဲပြုလုပ် ရန် သင်္ကြန်အတွင်း သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တိုင် ပင်မည့်သတင်းများ ထွက်ပေါ်နေ ကြောင်း ဒီချုပ်ခေါင်းဆောင်ပိုင်း များနှင့်ရင်းနှီးသည့် လွှတ်တော် ကိုယ်စားလှယ်အချို့ထံမှ သိရ သည်။

လတ်တလောထွက်ပေါ်နေ သော သတင်းများအရ စက်မှုဝန် ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟို တယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပညာ ရေးဝန်ကြီးဌာနတို့သည် အပြောင်းအလဲဖြစ်မည်ဟု သတင်း များထွက်နေသည်။ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အပြောင်းအလဲ တွင်မူ ကယားနှင့် ဧရာဝတီက အသံထွက်သည်။

သတင်းများကျယ်ကျယ်ပြန့် ပြန့်ထွက်ပေါ်လျက်ရှိသော်လည်း တိကျသေချာသော သတင်းရင်း မြစ်ကို 7Day News ဂျာနယ်က အတည်မပြုနိုင်သေးပေ။ လက်ရှိ အစိုးရအဖွဲ့ဝင်များနေရာတွင် အ စားထိုးခန့်အပ်နိုင်ရန် လူပုဂ္ဂိုလ် အချို့၏ ကိုယ်ရေးအချက်အလက် များကိုပင် ပါတီခေါင်းဆောင်ပိုင်း က တောင်းခံထားပြီးဖြစ်ကြောင်း သတင်းထွက်သည်။ ထိုသို့သတင်း ထွက်ပေါ်မှုများအတွက် သမ္မတရုံး သို့ ဆက်သွယ်မေးမြန်းရာ သမ္မတ ရုံးကလည်း တစ်စုံတစ်ရာ မှတ်ချက်မပေးချေ။

‘‘တကယ်လုပ်ပြီဆိုရင် အစိုး ရက ထုတ်ပြန်ပေးမှာပါ။ အခုပြောနေတာကိုတော့ ဘာမှတ် ချက်မှ မပေးလိုဘူး’’ဟု သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

ထို့ပြင် အစိုးရအဖွဲ့ဝင်များ နှင့် လွှတ်တော်ကိုယ်စားလှယ်များ ၏လုပ်ငန်းစွမ်းဆောင်ရည်ကို လေ့လာနိုင်ရန် ဦးဝင်းထိန်ခေါင်း ဆောင်သည့်အဖွဲ့ဝင်ငါးဦးပါ လေ့ လာစိစစ်ရေးအဖွဲ့ကို ဒီချုပ်က ဇန် နဝါရီ ၁၉ ရက်၌  စတင်ဖွဲ့စည်း
ပေးခဲ့သည်။ စိစစ်ရာတွင် အခြေခံ ရမည့်မူများကို ဆွေးနွေးနေပြီဖြစ် ကြောင်း အဖွဲ့ဝင် ဦးတင်ထွဋ်ဦးက ပြောသည်။

သို့သော် အဖွဲ့၏တင်ပြမှု နှင့် ယခု ဝန်ကြီးအပြောင်းအလဲ သတင်းများမှာ ဆက်စပ်မှုမရှိ ကြောင်း ၎င်းက ပြောသည်။

‘‘ကျွန်တော်တို့ရဲ့စိစစ်မှုက ရေရှည်သွားမယ့်သဘော’’ဟု ဦး တင်ထွဋ်ဦးက ပြောသည်။ အဆို ပါအဖွဲ့၏လေ့လာတွေ့ရှိချက်ကို အရေးယူမှုအပိုင်းတွင် အစိုးရပိုင်း ကို နိုင်ငံတော်သမ္မတနှင့် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ဆုံးဖြတ်မည်ဖြစ်ပြီး လွှတ်တော် ပိုင်းဆိုင်ရာကို လွှတ်တော်အကြီး အကဲများက ဆုံးဖြတ်မည်ဖြစ် ကြောင်း ဦးဝင်းထိန်က ပြောထား သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အစိုးရလက်ထက်တွင် ပထမ ဆုံးတာဝန်မှ ရပ်စဲခံရသူသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း ဖြစ်သည်။ ၂၀၁၆ နိုဝင်ဘာ ၁၈ ရက်၌
တာဝန်မှ ရပ်စဲခံရခြင်းဖြစ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး မင်းမင်းဦးမှာလည်း ၂၀၁၇ ဖေ ဖော်ဝါရီ ၂၀ ရက်တွင် နုတ်ထွက် စာတင်ခဲ့ရာ သမ္မတက ချင်းပြည် နယ်မှ ပြန်ရောက်ပြီးနောက်တစ် နေ့ ဖေဖော်ဝါရီ ၂၃ ရက်၌ နုတ် ထွက်ခွင့်ပြုခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့၏လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးနှစ်ဦး အပြောင်းအလဲဖြစ်ပေါ်ခဲ့သည်။

လက်ရှိတွင် စွမ်းဆောင်ရည် နိမ့်နေသည့် ဝန်ကြီး၊ ဒုဝန်ကြီးများ နေရာ၌ စွမ်းဆောင်ရည်မြင့်သူ များနှင့် အစားထိုးရန် လိုအပ် ကြောင်း နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက ပြော ကြားသည်။

‘‘ဝန်ကြီးနေရာကို အာဏာရ ပါတီက ဒေါင်ဒေါင်မြည်နိုင်ငံရေး သမားတွေကို ထားသင့်တယ်။ သက်ဆိုင်ရာ ပညာရှင်တွေကို ဒု ဝန်ကြီးနေရာပေးသင့်တယ်’’ဟု ဒေါက်တာရန်မျိုးသိမ်းက အကြံပြု သည်။

လက်ရှိ ဒီချုပ်အစိုးရအဖွဲ့ တွင် ပြည်ထောင်စုဝန်ကြီးဌာန ၂၂ ခုရှိပြီး ဝန်ကြီး ၂၁ ဦးရှိသည်။ ဒုဝန်ကြီး ၁၁ ဦးဖြစ်သည်။ ဒီချုပ် အစိုးရ၏ပြည်ထောင်စုဝန်ကြီးများ ကို လေ့လာကြည့်ပါက ဝန်ကြီး ၂၁ ဦးအနက် အာဏာရပါတီ၏
ရွေးကောက်ခံအမတ်များက ဝန် ကြီးနေရာယူထားသည်မှာ ဒေါ် အောင်ဆန်းစုကြည်အပါအဝင် ခြောက်ဦးသာရှိသည်။ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီး ဒေါက်တာအောင် သူ၊ လူမှုရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ပို့ ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်
တို့ဖြစ်သည်။ သို့ သော် ၎င်းတို့ငါးဦးစလုံးသည်ဒီချုပ် ပါတီ၏ ဝါရင့်နိုင်ငံရေးသမားများ မဟုတ်ကြချေ။ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုကာ ရွေးကောက်ပွဲ နိုင်ပြီး ဝန်ကြီးဖြစ်နေသူနှစ်ဦးမှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုနှင့် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်း ဆွေတို့ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်က အမည်စာရင်းတင်သွင်း သော ပြည်ထဲရေး၊ ကာကွယ်ရေး နှင့်နယ်စပ်ရေးရာ ဝန်ကြီးသုံးဦး လည်း ရှိသေးသည်။ ကျန်ရှိသော ဝန်ကြီးဆယ်ဦးမှာ အမြဲတမ်းအတွင်းဝန်အချို့၊
ညွှန်ကြားရေးမှူး ချုပ်အချို့၊ အငြိမ်းစားဝန်ထမ်း အချို့နှင့် ပြင်ပပုဂ္ဂိုလ်အချို့ ဖြစ် သည်။

ဒီချုပ်အစိုးရအဖွဲ့အပြောင်း အလဲအကြောင်းပြောလျှင် သူရဦး ရွှေမန်း၏အခန်းကဏ္ဍကို ချန်ထား ၍ မဖြစ်ပေ။ ဒီချုပ်အစိုးရဖွဲ့စည်း ရာတွင် ဒေါ်အောင်ဆန်းစုကြည် သည် သူရဦးရွှေမန်းထံမှ အကြံ များရယူခဲ့သည်။ ထို့ပြင် ဝန်ကြီး၊ ဒုဝန်ကြီးနေရာများသာမက ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာ ခုံရုံးတို့ထိပင် သူရဦးရွှေမန်း၏ အထူးကော်မရှင်အဖွဲ့ဝင်ဟောင်း အချို့အား ခန့်အပ်ခဲ့သည်ကိုတွေ့ ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် တာဝန်မကျေပွန် သော ပြည်ထောင်စုဝန်ကြီး၊ ဒုဝန် ကြီးများကို ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြား သည့်အတိုင်း မလိုက်နာလျှင် တာ ဝန်မှ ရပ်စဲနိုင်သည်။ ထို့ပြင် ပြည် ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများ သည် သက်တမ်းမကုန်ဆုံးမီ ရာ ထူးမှ နုတ်ထွက်လိုလျှင် သမ္မတထံ တင်ပြပြီး နုတ်ထွက်နိုင်သည်။

ကိုယ်ကျင့် သိက္ခာကြောင့် မ ဟုတ်ဘဲ တာဝန်ထမ်းဆောင်မှုအ ပေါ် ကျေနပ်ဖွယ်ရာမရှိ၍ တာဝန် အပြောင်းအလဲလုပ်မယ်ဆိုလျှင် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီး အနေဖြင့် အစိုးရအဖွဲ့ထံမှ ဌာန နှင့် ပတ်သက်သည့် တိကျသော ရည်မှန်းချက်၊ တာဝန်များ ရထား ခြင်းရှိ၊ မရှိ၊ တိကျသည့် ရည်မှန်း ချက်သတ်မှတ်ပေးထားလျှင်ယင်း ရည်မှန်းချက်တာဝန်ကို လွတ်လပ် စွာ အကောင်အထည်ဖော်ခွင့်၊ ဆုံးဖြတ်ခွင့်ရှိ၊ မရှိတို့ဖြင့် တိုင်း တာရမည်
ဖြစ်ကြောင်း သမ္မတ ဟောင်း ဦးသိန်းစိန်၏ပြောရေးဆို ခွင့်တာဝန်ယူခဲ့သူ ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးရဲထွဋ်က သုံး သပ်သည်။

‘‘တိကျတဲ့ ရည်မှန်းချက် လည်း သတ်မှတ်မပေးဘူး။ လွတ် လပ်စွာ လုပ်ပိုင်ခွင့်လည်း မပေး ဘူး။ ပြီးတော့မှ အလုပ်မလုပ်နိုင် ဘူးလို့ ပြောရင်တော့ တရားမျှတ မှုရှိမှာမဟုတ်ဘူး’’ဟု ၎င်းက ပြောသည်။

လက်ရှိ အစိုးရအဖွဲ့တွင် ဝန် ကြီးဌာန ၂၂ ခုရှိသည်။ ဦးသိန်းစိန် အစိုးရလက်ထက်က ဝန်ကြီးဌာန ၃၆ ခုရှိခဲ့သည်။ သမ္မတဦးသိန်း စိန်အစိုးရလက်ထက်ကမူ တာဝန် ယူပြီး လပိုင်းအတွင်းမှာပင် အစိုးရအဖွဲ့အတွင်း အပြောင်း
အလဲဖြစ်ပေါ်ခဲ့သော်လည်း ဝန်ကြီး များကို ဌာနရွှေ့ပြောင်းမှုသာ အများစုဖြစ်ခဲ့သည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးသက်ထွန်းက အစိုးရ အနေဖြင့် မူဝါဒခိုင်မာအောင်လုပ် ရန် လိုအပ်သကဲ့သို့ လူရွေးလည်း မှန်ရန်လိုကြောင်း အကြံပြုသည်။

‘‘အရည်အချင်းကိုလည်း ကြည့်ရမယ်။ နိုင်ငံရေးကိုယ်ကျင့် သိက္ခာကိုလည်း ကြည့်ရမယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိ၊ မရှိကို လည်း ကြည့်ရမယ်။ အဲဒီလိုလူမျိုး ရွေးမိရင်တော့ တိုင်းပြည်ကောင်း တာပေါ့။ အဲဒီလိုမှ မဟုတ်ရင် တိုင်းပြည် ဒီထက်နာမယ်’’ဟု ၎င်း က ပြောသည်။

အစိုးရခေါင်းဆောင် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က အစိုးရအ ဖွဲ့ဝင်များ အဂတိတရားကင်းရှင်း မှုသည် အကျေနပ်ဆုံးအချက်တစ် ချက်ဖြစ်ကြောင်း Channel News Asia သတင်းဌာနနှင့် သီးသန့်အင် တာဗျူးတွင် ဖြေကြားခဲ့သည်။ သို့ သော် နိုင်ငံရေးလေ့လာသူနှင့် စီး ပွားရေးလုပ်ငန်းရှင်များက နိုင်ငံ့ စီးပွားရေးနှေးကွေးခြင်းနှင့် ပတ် သက်၍ ပြည်ထောင်စုဝန်ကြီး ရွေး ချယ်ခန့်အပ်မှုနှင့် ဝန်ကြီးများ၏ စွမ်းဆောင်ရည် အပေါ် မေးခွန်း ထုတ်သည်။

အစိုးရသစ်သက်တမ်းတစ် နှစ်အတွင်း ဆောင်ရွက်ခဲ့မှုများကို ပြည်သူများသို့ အစီရင်ခံရန် ပြည် ထောင်စုဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များက မတ် လ ၁ ရက်ကစတင်၍ နိုင်ငံပိုင်မီဒီ ယာမှတစ်ဆင့် ရှင်းလင်း
ပြောကြားမည်ဖြစ်သည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ပြည်သူများက အ စိုးရအဖြစ် ရွေးချယ်တာဝန်ပေးခဲ့ သည့် ဒီချုပ်အစိုးရသည် ၂၀၁၇ မတ်လ ၃၀ ရက်တွင် တစ်နှစ်ပြည့် မည်ဖြစ်ရာ တစ်နှစ်အတွင်းဆောင် ရွက်သည့် လုပ်ငန်းများ
အောင်မြင်မှု၊ အားသာချက်၊ အားနည်းချက် များကို အစိုးရအဖွဲ့တာဝန်ရှိသူ များက မတ်လ ၁ ရက်က စတင်၍ နေ့စဉ်ရှင်းလင်းပြောကြားမည်ဖြစ် သည်။

သို့ဖြစ်ရာ အစိုးရအဖွဲ့အ ပြောင်းအလဲကို တွေ့မြင်မည်၊ မမြင်မည်မှာ မသေချာသော်လည်း အစိုးရ၏တင်ပြချက်များမှာ တစ် နှစ်အတွင်း ပြည်သူများ သိမြင်ခံ စားခဲ့ရသည်နှင့် ညီ၊ မညီ ပြည်သူ များက အကဲဖြတ်နိုင်မည် ဖြစ် သည်။

 
7Day News Journal

No comments:

Post a Comment