Latest News

Wednesday, March 1, 2017

BPI ဆေးအတု ထုတ်လုပ်သူများကို တရားစွဲ

BPI ဆေးအတု ထုတ်လုပ်သူများကို တရားစွဲ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

BPI အမှတ်တံဆိပ်ဖြင့် ဆေးအတု ထုတ်လုပ်သူများကို ဆေးဝါးစက်ရုံ (အင်းစိန်) က တရားစွဲဆိုထားကြောင်း BPI စက်ရုံမှူး ဦးကိုကိုအောင်က ပြောကြားသည်။

“အကြမ်းအားဖြင့် ၁၄ ဦးကို တရားစွဲဆိုထားပါတယ်။ BPI ရဲ့ အမှတ်တံဆိပ် အတုလုပ်တာအတွက် ကာကွယ်ရမယ်”ဟု ၎င်းကဆိုသည်။

BPI အမှတ်တံဆိပ်ကို ကာကွယ်သည့်အနေနှင့် ဈေးကွက် ထောက်လှမ်း စစ်ဆေးခြင်းများကိုလုပ်ဆောင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ FDA အဖွဲ့သို့ တင်ပြကြောင်း၊ အတုအပ များပြားလာပါက ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တားမြစ်ခြင်း၊ ဖမ်းဆီးခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆေးဝါးစက်ရုံ (အင်းစိန်)ထံမှ သိရသည်။

“ပြည်သူတွေက BPI ဆေးကို ယုံကြည်စိတ်ချစွာနဲ့ ကျန်းမာပြီး ရောဂါပျောက်ကင်းချင်လို့ သုံးတဲ့နေရာမှာ ဆေး အတုသောက်လို့ ရောဂါအသစ်အဆန်း ထပ်ဖြစ်လာတာတွေ၊ သေဆုံးတာတွေအထိ ဖြစ်လာမယ့် အနေအထားတွေကို ကာကွယ်ဖို့အတွက် ဆောင်ရွက်တာပါ”ဟု ဦးကိုကိုအောင်က ပြောဆိုသည်။

ဆေးအတုများ ပြုလုပ်ရာတွင် နိုင်ငံခြားဆေးများကို အတုအပ လုပ်မှုသည် နည်းပါးကြောင်း၊ လက်ရှိ၌ အင်းစိန်၊ ကျောက်ဆည်နှင့် စစ်ကိုင်းစက်ရုံတို့မှ BPI ဆေးဝါးများကို ထုတ်လုပ်လျက်ရှိကြောင်း ဆေးဝါးစက်ရုံ (အင်းစိန်) ထံမှ သိရသည်။

The Voice

No comments:

Post a Comment