Latest News

Sunday, March 26, 2017

ဟောင်ကောင်အုပ်ချုပ်ရေးမှုးအဖြစ် အမျိုးသမီး တစ်ဦးကို ပထမဆုံးရွေးချယ်



ဟောင်ကောင် အုပ်ချုပ်ရေးမှုး ရွေးချယ်ရေးကော်မတီ ဟာ တရုတ်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ ကာရီလန်ကို ဟောင်ကောင်အုပ်ချုပ်ရေးမှုအဖြစ် ရွေးချယ်လိုက်ပါတယ်။

ကာရီလန်ဟာ ဟောင်ကောင်ရဲ့ အမျိုးသမီး အုပ်ချုပ်ရေးမှုးအဖြစ် ပထမဆုံးရွေးချယ်ခံရတာဖြစ်ပါတယ်။
လန်ဟာ  ဟောင်ကောင်အုပ်ချုပ်ရေးမှုး ရွေးချယ်ရေးကော်မတီရဲ့ မဲ ၇၇၂ ရခဲ့တာဖြစ်ပြီးပြိုင်ဘက်တွေကို ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။

 ဟောင်ကောင် အုပ်ချုပ်ရေးမှုး ရာထူးအတွက် လန်အပါဝင် သုံးဦး ယှဉ်ပြိုင်တာဖြစ်ပါတယ်၊ ဟောင်ကောင်အုပ်ချုပ်ရေးမှုး ရွေးချယ်ရာမှာ ပြည်သူ ၇ ဒသမ ၃သန်းကို ကိုယ်စားပြုမဲပေးတာမရှိတာကြောင့် ဝေဖန်မှုတွေရှီနေပါတယ်။
 အခုလိုမျိုး လန် အနိုင်ရခဲ့တာကို တရုတ်နိုင်ငံက ကျေနပ်ဖွယ်ရှိနေတယ်လို့ သိရပါတယ် ။ လန်က
သူမအနေနဲ့ ခွဲခြား အုပ်ချုပ်မှု မရှီအောင် ပထမဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ပြောပါတယ်။
 ဟောင်ကောင်ဟာ တရုတ်နိုင်ငံ ရဲ့လက်အောက်ခံ ဖြစ်ပြီး တရုတ် နိုင်ငံက ဟောင်ကောင်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားပြီး လူဦးရေ ၇ သန်းကျော်ရှိပါတယ်။
လန် က သူမအနေနဲ့ အုပ်ချုပ်ရေးမှုးအဖြစ် ရွေးချယ်ခံရလိုပျော်ရွင်ကြောင်း၊ သတင်းစာလွတ်လပ်ခွင့် ၊ ဒီမိုကရေစီအရေး၊ တရားဥပဒေ စိုးမိုးရေး နဲ့ လူအခွင့်ရေး လေးစားမှုရှိရေးကို အဓိက လုပ်ဆောင်သွား
မှာဖြစ်ကြောင်းပြောပါတယ်။

ဟောင်ကောင် ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စွက်ဖက်မှုတွေကြောင့် ဒီမိုကရေစီ အရေးအတွက်ဆန္ဒပြ
မှုတွေမြင့်တက်နေချိန်မှာပဲ ဟောင်ကောင် အုပ်ချုပ်ရေးမှုးအသစ်ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ကာရီလန်ဟာအရင်က ဟောင်ကောင် ဒုတိယ အုပ်ချုပ်ရေးမှုး တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး တရုတ်
နဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသူအဖြစ် ရှူမြင့်ကြပါတယ်။
ref aljzerra
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment