Latest News

Saturday, March 11, 2017

မြန်မာ့ဆန်တန်ချိန် ၅၀,ဝ၀ဝ သီရိလင်္ကာကဝယ်ဖို့ ထပ်မံဆွေးနွေး

မြန်မာ့ဆန်တန်ချိန် ၅၀,ဝ၀ဝ သီရိလင်္ကာကဝယ်ဖို့ ထပ်မံဆွေးနွေး

နေပြည်တော်၊ မတ် ၈ – မြန်မာ့ဆန်တန်ချိန် ၅၀,ဝ၀ဝ တရားဝင်ဝယ်ယူဖို့ သီရိလင်္ကာနိုင်ငံကိုကမ်းလှမ်း ထားပေမဲ့ လက်ရှိအချိန်အထိသဘောတူစာချုပ်ချုပ်ဆိုဖို့အကြောင်း မပြန်သေးပါဘူး။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ  တစ်ဦးကအကြောင်းမပြန်သေးလို့ မတ်လ ၁ ရက်နေ့က ထပ်ပြီးဆွေးနွေးထားတယ်၊ ဒါပေမဲ့လဲ ဘယ်လိုလာမယ်မသိသေးဘူး၊ လက်ရှိအချိန်ထိတော့ ဘာမှမထူးသေး ဘူး၊ ဈေးနှုန်းပဲအဆင်မပြေတာဖြစ်နိုင်ပါတယ်၊ ဘာကြောင့်ဆိုတာတော့ သေချာပေါက် မပြောနိုင်သေးဘူး၊ သူတို့ဘက်ကိုကမ်းလှမ်းထားတာတော့ကြာပြီလို့ ပြောပါတယ်။
သီရိလင်္ကာနိုင်ငံဘက်ကို ကမ်းလှမ်းထားတဲ့ ဆန်တန်ချိန်တွေကတော့ ဧည့်မထဆန် (၂၅ မှတ်)တန်ချိန် ၃၀,ဝ၀ဝ၊ ဧည့်မထဆန် (၁၅ မှတ်)တန်ချိန် ၁၀,ဝ၀ဝ၊ ဧည့်မထဆန်(ငါးမှတ်)တန်ချိန်  ၅၀ဝ၀ နဲ့ ပေါင်းဆန် တန်ချိန် ၅၀ဝ၀ တို့ဖြစ်ပါတယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က လာမယ့် ဘဏ္ဍာနှစ်မှာ မြန်မာ့ဆန်တွေကို ပြည်ပကိုပိုမိုတင်ပို့နိုင်အောင်ဆောင်ရွက်နေပါတယ်၊ ဈေးကွက်အသစ်တွေကို ရှာနေတာ ထက်  ရှိပြီးသားဈေးကွက်တွေကိုပြန်ရအောင် လုပ်နေတာပေါ့၊ လက်ရှိဘဏ္ဍာနှစ်ထက်တော့ ပိုမို တင်ပို့နိုင်မယ်လို့ထင်ရတာပေါ့  လာမယ့်နှစ်မှာ၊  သီရိလင်္ကာနိုင်ငံနဲ့ကတော့ ကမ်းလှမ်းထားတာအကြောင်း မပြန်လို့ ထပ်ပြီး ဆွေးနွေးထားတယ်လို့ ပြောပါတယ်။
လက်ရှိအချိန်ထိတော့ မြန်မာ့ဆန်စုစုပေါင်းတန်ချိန် ၅၀,ဝ၀ဝ ကို သီရိလင်္ကာနိုင်ငံကို GtoG တင်ပို့နိုင်ဖို့ ပါဝင်တင်ပို့မယ့် ပြည်တွင်းကုမ္မဏီ ၁၀ ခုနဲ့ ဈေးနှုန်းတွေကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Author – မာရီခိုင်

Kumumdra

No comments:

Post a Comment