Latest News

Saturday, March 11, 2017

အသက်၁၄နှစ်အရွယ်မိန်းကလေးကိုဖမ်းချုပ်ပြီး အဓမ္မပြုကျင့်ဖို့ကြိုးစားသူ ကားသမားကို ဒေသခံတွေနဲ့ရဲတွေက ၀ိုင်းဝန်းဖမ်းဆီး

အသက်၁၄နှစ်အရွယ်မိန်းကလေးကိုဖမ်းချုပ်ပြီး အဓမ္မပြုကျင့်ဖို့ကြိုးစားသူ ကားသမားကို ဒေသခံတွေနဲ့ရဲတွေက ၀ိုင်းဝန်းဖမ်းဆီး

ရန်ကုန်။ မတ် ၁၁ –  ဆိတ်ကျောင်းသွားတဲ့မောင်နှမနှစ်ဦးအနက် မိန်းကလေးဖြစ်သူကို အတင်းဖမ်းချုပ်ပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်တဲ့ ကားမောင်းသမားကို ဒေသခံတွေနဲ့ ရဲတွေက၀ိုင်းဝန်းဖမ်းဆီးခဲ့ရတယ်လို့သိရပါတယ်။

” မောင်နှမနှစ်ယောက်က ဆိတ်ကျောင်းနေတာ ကားမောင်းသမားကလည်း နည်းနည်းတော့မူးနေတယ်ထင်ပါတယ်။ အဲ့ဒီအချိန်မှာ ကောင်မလေးကို ပါးစပ်ပိတ်ပြီးတော့ ကာမပြုကျင့်မှုလုပ်မယ့်အချိန်မှာ ကောင်မလေးကလည်း အတင်းရုန်းပြီးထွက်တော့လွတ်လာတယ် သူမောင် ကလည်း ရွာကိုဖုန်းဆက်တော့ ရွာသူရွာသားများနဲ့ ရဲစခန်းကတာဝန်ရှိသူများနဲ့ သွားရောက်ပြီး အဲ့ဒီလူကိုဖမ်းဆီးခဲ့ပါတယ်”လို့ခင်ဦးမြို့မရဲစခန်းကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဆိုပါဖြစ်ရပ်မှာ မတ်လ ၁၀ရက်နေ့မှာ စစ်ကိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ရွှေလည် ကျေးရွာအနီးမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဓမ္မပြုကျင့်ဖို့ကြံစည်သူကတော့ မိုးညှင်းမြို့နယ်မှလာတဲ့ ကားမောင်းသမား အမျိုးသားတစ်ဦးဖြစ်တယ်လို့သိရပါတယ်။

မောင်နှမနှစ်ဦးအနက် မိန်းကလေးက အသက် ၁၄နှစ်ရှိပြီဖြစ်ပြီး ယောက်ျားလေးက ၁၃ နှစ်ရှိဖြစ်ပါတယ်။ အဓမ္မပြုကျင့်ဖို့ကြိုးစားသူ ဦးထင်လင်းအောင် က အသက် ၄၁နှစ်ဖြစ်ပြီးတော့မိုးညှင်းမြို့နယ်မှာ နေထိုင်တယ်လို့လည်းသိရပါတယ်။

ဦးထင်လင်းအောင်မောင်းနှင်လာတဲ့ ယာဉ်ကလိုင်စင်မပါရှိဘူးလို့လည်းသိရပါတယ်။

ဦးထင်လင်းအောင်ကို ခင်ဦးမြို့မရဲစခန်းက ၉ ၄/ ၂၀၁၇ နဲ့ ယာဉ်မပါရှိတဲ့အတွက် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ၈ ၊ ကာအိနြေပျက်ပြားမူ ပုဒ်မ၃၅၄ နဲ့ အမှုဖွင့်ထားတယ်လို့လည်းသိရပါတယ်။

Author နှင်းနှင်း

Kumudra

No comments:

Post a Comment