Latest News

Saturday, March 11, 2017

ပြီးခဲ့တဲ့နှစ်အတွင်း အာရှက လူဦးရေလေးပုံတစ်ပုံ လာဘ်ငွေ မဖြစ်မနေပေးခဲ့ရ

ပြီးခဲ့တဲ့နှစ်အတွင်း အာရှက လူဦးရေလေးပုံတစ်ပုံ လာဘ်ငွေ မဖြစ်မနေပေးခဲ့ရ

စစ်တမ်းရလဒ်တွေအရ လူဦးရေ ၉ ၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း တစ်ကြိမ်လောက်ဖြစ်ဖြစ် လက်ဖက်ရည်ဖိုး မဖြစ်မနေပေးခဲ့ကြရတယ်။
မတ် ၇ – အာရှဒေသမှာနေထိုင်တဲ့ လူဦးရေလေးပုံတစ်ပုံဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေကို အသုံးပြုခွင့်ရနိုင်ဖို့ လာဘ်ငွေပေးခဲ့ရတယ်လို့ စောင့်ကြည့်အဖွဲ့တစ်ခု ကအင်္ဂါနေ့မှာ ပြောကြား လိုက်ခဲ့ပါတယ်။
ဘာလင်မြို့အခြေစိုက် Tran-sparency International အဖွဲ့အ စည်းက ပါကစ္စတန်ကနေ ဩစတြေးလျားအဆုံး အာရှပစိဖိတ် တစ်ခွင်မှာရှိတဲ့ နိုင်ငံ ၁၆ ခုအတွင်းက လူဦးရေ ၂၀,ဝ၀ဝ ကျော်ကို စစ်တမ်းကောက်ယူ စာတမ်းပြုစု ခဲ့တာဖြစ်ပါတယ်။
စစ်တမ်းရလဒ်တွေအရ လူဦးရေ သန်း ၉၀ဝ ကျော်ဟာ ပြီးခဲ့တဲ့ ၁၂ လ အတွင်းမှာပဲ အနည်းဆုံးတစ်ကြိမ်လောက်ဖြစ်ဖြစ် လက်ဖက်ရည် ဖိုး မဖြစ်မနေပေးခဲ့ကြရတယ်လို့ ၄င်းတို့ကခန့်မှန်းပါတယ်။
လာဘ်စားမှုနှုန်းဟာ အိန္ဒိယနဲ့ ဗီယက်နမ်တို့မှာ အမြင့်ဆုံးဖြစ်ပြီး ဒေသခံသုံးပုံနှစ်ပုံနီးပါးဟာ အစိုးရကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးတို့လို အခြေခံဝန်ဆောင်မှုတွေကို ရရှိနိုင်ဖို့အတွက်သည် အပေးအယူနဲ့ မျက်နှာလုပ်ရတာလို့ ပြောကြပါတယ်။
ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နဲ့ဩစတြေးလျားတို့ကတော့ လာဘ်ပေးလာဘ်ယူမှု အနည်းဆုံးတွေ့ရပါတယ်။
ရဲတွေကတော့ မသမာကြေးအတောင်းဆုံးသူတွေဖြစ်တယ်လို့ စစ်တမ်းအရသိရပြီး ပြီးခဲ့တဲ့နှစ်အတွင်း ရဲအရာရှိတစ်ဦးဦးနဲ့အဆက် အသွယ်ရှိခဲ့သူတွေအနက် သုံးပုံတစ်ပုံခန့်ဟာ လာဘ်ထိုးခဲ့ရတယ် လို့ ပြောပြကြပါတယ်။
အားလုံးထဲမှာမှ အကျင့်ပျက်ခြစားမှုဒဏ်ကို ခံစားရဆုံးသူတွေက ဆင်းရဲနွမ်းပါးသူတွေ ဖြစ်ပါတယ်။ ထိုင်း၊ အိန္ဒိယနဲ့ ပါကစ္စတန်လို နိုင်ငံတွေမှာ ဆင်းရဲသားတွေက ပိုပစ်မှတ်ထားခံရပြီး ဗီယက်နမ်၊ မြန်မာနဲ့ ကမ္ဘောဒီးယားလိုနေရာတွေမှာတော့ ပြောင်းပြန်ဖြစ်နေ တာ တွေ့ရပါတယ်။
လာဘ်စားတယ်ဆိုတာ ပြစ်မှုသေးသေးလေးတော့ မဟုတ်ပါဘူး၊ စားဝတ်နေရေးကို ခက်ခဲသွားစေတယ်၊ ပညာရေးကိုအဟန့်အတား ဖြစ်စေတယ်၊ ထိုက်သင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမရနိုင် တော့ဘူး၊ နောက်ဆုံးမှာ လူကိုပါသေစေနိုင်တယ်လို့ Tran-sparency International ဥက္ကဋ္ဌ ဂျို့စ်ယူဂတ်စ်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း အာရှနိုင်ငံတွေရဲ့ အစိုးရအတော်များများမှာ အကျင့်ပျက်ခြစားမှု မကောင်းသတင်းတွေထွက်ပေါ်ခဲ့ပြီး ဆန္ဒပြမှု တွေနဲ့ သတင်းကြီးခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးကိုအာဏာအလွဲသုံးစားပြုမှု မကောင်းသတင်းကြောင့် ဒီဇင်ဘာလမှာလွှတ်တော်ကစွပ်စွဲပြစ်တင် ခဲ့ပြီး ရာထူးကနုတ်ထွက်ရေး ဆန္ဒပြတောင်းဆိုမှုတွေရှိခဲ့ပါတယ်။
မလေးရှားမှာလည်း ၂၀၁၅ ခုနှစ်ကတည်းက အဂတိလိုက်စားမှု မကောင်းသတင်းကြီးစိုးခဲ့ပြီး ဝန်ကြီးချုပ် နာဂျစ်ရာဇက်နဲ့တွဲဖက် တွေက နိုင်ငံပိုင် 1 MDB ရန်ပုံငွေကတစ်ဆင့် ဒေါ်လာဘီလျံပေါင်း များစွာအလွဲသုံးစားပြုခဲ့တယ်လို့ တစ်ကမ္ဘာလုံးက စုံစမ်းစစ်ဆေးသူ တွေက စွပ်စွဲနေကြပါတယ်။
အကျင့်ပျက်ခြစားမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့တစ်ခုရဲ့ ပြီးခဲ့တဲ့နှစ်က အစီရင်ခံစာမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆင်ရဲ့ မိသားစုနဲ့ မိတ်ဆွေတွေစုဆောင်းထားတဲ့ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေကိုအ သေးစိတ်ဖော်ပြထားပါတယ်။
တစ်ချိန်တည်းမှာပဲ တရုတ်ဟာလည်း အကျင့်ပျက်ခြစားမှုတိုက် ဖျက် ရေးလှုပ်ရှားမှုအတွင်း အရာရှိတစ်သန်းကျော်ပတ်သက် အရေးယူခံရပြီး အလားတူကွန်မြူနစ်နိုင်ငံ ဗီယက်နမ်မှာလည်း နိုင်ငံ ပိုင်ကဏ္ဍမှာ လာဘ်ပေးလာဘ်ယူမှုနဲ့ စီးပွားရေးလုပ်ငန်းရှင် ဟောင်းတွေအများအပြားထောင်ကျခဲ့ရပါတယ်။
YSD

[ref:AFP. Mar 7, 2017.]

Kumudra

No comments:

Post a Comment